Ace Bodyguard ( 2023 )

Synopsis:
ကိုယ်တိုင်က အရည်အချင်းသိပ်မရှိပေမဲ့ မတော်တဆ တိုက်ဆိုင်မှုများကြောင့်
“လုံခြုံရေး”ရာထူးနေရာမှာ အောင်မြင်မှုတွေ ဆက်တိုက် ရရှိခဲ့သူ – ယောင်အာ့ကာ
သူ့ရဲ့ အောင်မြင်မှုတွေကြောင့် လုံခြုံရေးနယ်ပယ်မှာ နာမည်ရလာခဲ့ပြီး
သူဌေးကြီး ကျန်းရှစ်ဟောင်ရဲ့ ကိုယ်ရံတော် တစ်ဦးဖြစ်လာခဲ့ပါတော့တယ် ။
တစ်နေ့မှာတော့ သူဌေးကြီး ကျန်းရှစ်ဟောက်ရဲ့ သမီးလိဆာနဲ့
အတူတူ အရေးကြီးစာချုပ်တွေ ၊ ငွေကြေးတွေကို လုံခြုံစွာနဲ့
ပို့ဆောင်ပေးဖို့ တာဝန်ပေးအပ်ခြင်းခံခဲ့ရပါတယ် ။
ဒါပေမဲ့လမ်းမှာမျက်နှာဖုံးတပ်ဆင်ထားတဲ့
လူတစ်စုနဲ့ထိပ်တိုက်တွေ့ဆုံပြီး လိဆာဟာ
ပြန်ပေးဆွဲခံလိုက်ရကာအရေးကြီးစာရွက်စာတမ်းတွေဟာလဲ
ပျောက်ဆုံးလို့သွားခဲ့ပါတော့တယ် ။ သက်တော်စောင့်တစ်ယောက်ကနေပြီး
နေ့ခြင်းညခြင်းဆိုသလို အမှုရဲ့ သံသယအရှိဆုံး သူအဖြစ်ပြောင်းလဲသွားတဲ့ အခါမှာတော့ ….?
❏ ယောင်အာ့ကာ တစ်ယောက် ဘယ်လိုတွေဖြေရှင်းသွားမလဲ?
❏ ကြားထဲမှာ ဘယ်လိုအရာတွေနဲ့ရင်ဆိုင်ကြုံတွေ့ပြီး
အမှန်တရားကိုရော သူရှာဖွေနိုင်ပါ့မလား?
ဆိုတာ ဒီဇာတ်ကားလေးကို ကြည့်ရှူလိုက်ရအောင်ပါနော် ။
ဟာသနှောကာ ရိုက်ကူးထားတဲ့ကားလေးဖြစ်တာမို့ ဘဝအမောတွေပြေစေမှာအမှန်ပါပဲ။
(Reviewed By Chit Mya Mya Hmwe)
Quality : WEB-DL 1080p , 480p
Format : mp4
Genres : Family , Drama
Runtime : 1h 20 min
Subtitle : Myanmar Subtitle ( Hardsub )
Translated by CM Team
Encoded by LK
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။