About Time (2013)
What if every moment in life came with a second chance?

Synopsis:
About Time (2013)
IMDb – 7.8/10_____Rotten – 68%
ဒီကားလေးထဲမှာတော့ တင်မ် ဆိုတဲ့ကောင်လေးတစ်ယောက် သူအချိန်ခရီးသွားနိုင်တယ်ဆိုတာကို သူ့အဖေဆီကထူးဆန်းစွာသိခဲ့ရပါတယ်။
မကြာခင်မှာပဲ သူတို့အိမ်ကို ခဏလာလည်တဲ့ သူ့ညီမရဲ့သူငယ်ချင်း ရှားလော့ကို ချစ်ကြိုက်မိရာက အချိန်တွေနောက်ပြန်လှည့်ပြီးအမျိုးမျိုးကြိုးစားရုံနဲ့ အချစ်စစ်ကိုမရနိုင်ဘူးဆိုတာ တင်မ်သိသွားခဲ့ပါတယ်။
ဒီလိုနဲ့ တင်မ်တစ်ယောက် ချစ်သူရှာဖို့ လန်ဒန်ကို ရောက်လာခဲ့ပြီး တစ်နေ့မှာ မေရီဆိုတဲ့ ကောင်မလေးနဲ့ တွေ့ပြီးချစ်မိခဲ့ပါတယ်။
သူ့ရဲ့နေ့စဉ်ဘဝအလွဲတွေကို အချိန်တွေနောက်ပြန်လှည့်ပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားရင်း မေရီနဲ့ ရည်းစားတွေဖြစ်ခဲ့ပါတယ်။
တစ်နေ့မှာ သူတဖက်သတ်ချစ်ခဲ့ရတဲ့ ရှားလော့နဲ့ လန်ဒန်မှာပြန်တွေ့တော့ ရှားလော့ကသူ့ကို လက်ခံဖို့ အရိပ်အယောင်တွေပြနေတဲ့အချိန်မှာ သူ မေရီ့ကို တကယ်ချစ်နေပြီဆိုတာသိခဲ့ပြီး မေရီ့ကို ရိုမက်တစ်ဆန်ဆန်လက်ထပ်ခွင့်တောင်းခဲ့တဲ့ အပိုင်းလေးကိုတော့ အပျိုဖျန်းလေးတွေ တကယ်အားကျသဘောကျကြမှာပါ။
ဒီလိုနဲ့ သူတို့နှစ်ယောက် ဘဝခရီးလမ်းလေးဖြောင့်ဖြူးဖို့ အချိန်တွေနောက်ပြန်လှည့် အမျိုးမျိုးကြိုးစားရင်း တင်မ်တစ်ယောက် ဘဝရဲ့ အဓိပ္ပာယ်ကို နားလည်သွားခဲ့ပြီး အချစ်အရှုံးသမားလေးတင်မ်က နောက်ဆုံးမှာ ပျော်ရွှင်စရာမိသားစုလေးတစ်ခုကို ဖန်တီးနိုင်ခဲ့ပါတယ်။
ဇာတ်လမ်းတစ်လျှောက်လုံးမှာ တင်မ်နဲ့ သူ့သူငယ်ချင်းတွေရဲ့အလွဲတွေကို ဟာသနှောပြီးရိုက်ထားတဲ့ ဘဝပညာပေးကားလေးဖြစ်လို့ အားလုံးအကြိုက်တွေ့မယ့် ကားကောင်းလေးပါ။
File Size : (902 MB)
Quality : Blu-Ray 720p
Running Time : 2hr 3min
Format : Mp4
Genre :Comedy, Drama, Fantasy
Subtitle : Myanmar Subtitle (Hard Sub)
Source : 1080p BluRay x264-SPARKS
Translated by May Thura Lwin
Encoded by Thanhtike Zaw
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။