Exit print mode Print Data A+ A- Undo all

A Very Vermont Christmas (2024)

A Very Vermont Christmas (2024)A Very Vermont Christmas (2024)

Synopsis:

442

 

ကြည်နူး​စရာ​ကောင်း​တဲ့ ခရစ္စမတ်​ရုပ်ရှင်​လေး​တစ်ခုနဲ့ မိတ်​ဆက်​ပေးပါရစေ။ ဇာတ်​ကား​နာမည်​က A very Vermont Christmas ဖြစ်​ပြီး ၂၀၂၄ ခုနှစ်​ကမှ ထွက်​ရှိထားတဲ့ Romance​/ Familiy ဇာတ်​ကား​လေး​တစ်ခုပါ။ ဘီယာ​နှစ်​သက်​သူများ ဒီဇာတ်ကားကို သဘောကျ​မှာ သေချာပါတယ်။ ဗားမွန့်ဒေသက မိသားစု​ဘီယာ​လုပ်ငန်း​တွေကို​ အခြေတည်ပြီး ခရစ္စမတ်​ အငွေ့အသက်​တွေ​ ထုံ​မွှန်းထားတဲ့ မိသားစုနဲ့ အချစ်​ဇာတ်လမ်း​လေးဖြစ်ပါတယ်။

ဇာတ်လမ်း​အကျဥ်း​ကတော့ ဗားမွန့်က နှင်း​လျှော​စီး​စခန်း​မြို့​လေး​ဖြစ်​တဲ့ Maple​ Glen မှာ Mongul Joe’s ဆိုတဲ့​ ဘီယာ​ဆိုင်​နဲ့ ဘီယာ​ချက်​ရုံလေးတစ်ခုရှိပါတယ်။ ကွယ်လွန်​သွား​ပြီဖြစ်တဲ့ ဖခင်​ဖြစ်သူ​ Joe တည်​ထောင်​ခဲ့တဲ့ ဒီ Craft Beer လုပ်ငန်းလေးကို သမီး​ဖြစ်သူ​ Joy က အမေဖြစ်သူနဲ့အတူ ဆက်​လက်​လည်​ပတ်​နေတာ ဖြစ်​ပါတယ်။ အဲဒီ​အချိန်​မှာ အင်​အား​ကြီး​ ဘီယာ​ကုမ္ပဏီတွေ​ရဲ့ စျေး​ကွက်​လက်ဝါးကြီး အုပ်မှုကြောင့်​ တစ်ပိုင်တစ်နိုင် Craft Beer လုပ်ငန်း​လေးတွေ အကြပ်​ရိုက်​ပြီး သူတို့​ပိုင်လုပ်ငန်းလေးတွေကို ကုမ္ပဏီ​ကြီး​တွေထံ ထိုးအပ်ရမလိုဖြစ်နေပါတယ်။

အဲဒီ​အချိန်​မှာပဲ Zac ဆိုတဲ့ မျက်​နှာ​စိမ်း​ဧည့်သည်​တစ်ယောက်​နဲ့ Joy တို့ ခင်​မင်​ရင်းနှီး​သွားကြပြီး Zac က တကယ်​တမ်း​မှာ Joy​ တို့​နဲ့ ပြိုင်​ဘက် ဘီယာကုမ္ပဏီမှာ လုပ်ကိုင်​နေသူမှန်း သိလိုက်ရ​ပါတယ်။ တစ်​ချိန်​တည်း​မှာ နှင်း​လျှော​စီး​ဘီယာ​ပြိုင်ပွဲ​ ကျင်းပ​ဖို့​ရှိနေပြီး ဒီပြိုင်ပွဲမှာ အနိုင်​လိုက်​ရင် Joy​ တို့​ မိသားစု​လုပ်​ငန်း ဆက်​လက်​ရပ်တည်​နိုင်မှာဖြစ်လို့ Zac ရဲ့ အကူအညီ​ယူပြီး ဘီယာ​အသစ်​တစ်​ခု​မျိုး​ကို ဖန်တီး​ဖို့ကြိုးစားပါတော့တယ်။

ခရစ္စမတ်၊ ဘီယာ​နဲ့ နှင်း​လျှော​စီး​အားကစား​ theme သုံး​ခု​ ပေါင်း​စပ်​ထား​တဲ့ ကြည်​နူး​စရာ အချစ်​ရုပ်ရှင်​လေးဖြစ်ပြီး ပေါ့​ပေါ့ပါး​ပါး​ ကြည့်​ရှု​နိုင်​မဲ့ ဇာတ်လမ်း​လေး​တစ်ပုဒ် ဖြစ်ပါတယ်။ ကြာချိန်​ကလည်း တစ်နာရီ​ခွဲတောင် မပြည့်တာမို့ စိတ်​ပင်​ပန်းနွမ်းနယ်နေသူတွေ ကြည့်ပျော်မဲ့ အမေရိကန်​ Family​/ Romance​ ဇာတ်​ကားလေးဖြစ်ပါတယ်။

 

File size…(1.4 GB)/(814 MB)
Quality….Webrip 1080p / 720p
Format…mp4
Duration….01:33:00
Genre… Romance, Tv Movie 
Subtitle….Myanmar Subtitle (Hardsub)
Encoder….Mr. Anderson
Translated by Wolfenheim 



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Popularity
8.098
Status
Released
ID IMDb.com
1298474
ID Themoviedb.org
1298474
TMDb Rating
7
TMDb votes
2