ဒီတစ်ခါတင်ဆက်ပေးချင်တာကတော့ A Part of You ဆိုတဲ့ ဆွီဒင် Teen Drama လေးပါ ဇာတ်လမ်းအကျဥ်းလေးကတော့….. ဂျူလီယာနဲ့ အာ့ဂ်နက်စ်ဆိုတဲ့ ညီအစ်မနှစ်ယောက်မှာ အစ်မဖြစ်သူဂျူလီယာက ကျောင်းမှာပေါ်ပြူလာဖြစ်သူ, ပါတီပွဲတွေမှာသူကမပါမဖြစ်,သူငယ်ချင်းတွေကြားမှာလည်းအချစ်ခံရဆုံးသူ ပြီးတော့ အရမ်းချစ်တတ်တဲ့ နိုအဲလ်ဆိုတဲ့ချစ်သူလည်းရှိတဲ့သူပေါ့။
အဲ့ဒါကြောင့်လည်း ညီမဖြစ်သူအာ့ဂ်နက်စ်ဟာ အစ်မဖြစ်သူကို အမြဲအားကျရပြီး တစ်ခါတလေမနာလိုပါဖြစ်တတ်ပါတယ် တစ်ရက်မှာ ဂျူလီယာက သူငယ်ချင်းဖြစ်သူတစ်ယောက်ရဲ့ပါတီပွဲကို အာ့ဂ်နက်စ်ကိုပါခေါ်သွားပါတယ် ဒါပေမဲ့ အဲဒီပါတီကအပြန်မှာ ဂျူလီယာတစ်ယောက်ကားအက်ဆီးဒင့်ဖြစ်ပြီးအသက်ဆုံးရှုံးခဲ့ရပါတယ် အစ်မဖြစ်သူရဲ့ကြေကွဲဖွယ်ဖြစ်ရပ်ဆိုးကြီးဖြစ်ပြီးနောက်ပိုင်း အာ့ဂ်နက်စ်တစ်ယောက် သူမရဲ့ပူဆွေးဝမ်းနည်းမှုတွေကိုဖြေဖျောက်ရင်း အစကတည်းကအားကျခဲ့ရတဲ့အစ်မဖြစ်သူရဲ့နေပုံထိုင်ပုံတွေအတိုင်းအတုယူပြီးလိုက်လုပ်ပါတော့တယ်
ဒါပေမဲ့ အစ်မဖြစ်သူဂျူလီယာရဲ့အကြောင်းကိုအလုံးစုံသိတယ်လို့ထင်နေတဲ့ အာ့ဂ်နက်စ်တစ်ယောက် ဂျူလီယာရဲ့လျှို့ဝှက်ချက်ကိုသိလိုက်ရပြီးနောက်မှာ………. ဂျူလီယာသေဆုံးသွားရတာကရော တကယ်ပဲ မတော်တဆကြောင့်လား ကြည့်ရှုနိုင်မှာပါ
File size…(1.9 GB)/(945 MB)
Quality….Webrip 1080p / 720p
Format…mp4
Duration….01:41:00
Genre… Drama
Subtitle….Myanmar Subtitle (Hardsub)
Encoder….Mr. Anderson
Translated by Ruby Jane
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။