A.I. Artificial Intelligence(2001)
David is 11 years old. He weighs 60 pounds. He is 4 feet, 6 inches tall. He has brown hair. His love is real. But he is not.

Synopsis:
A.I. Artificial Intelligence(2001)အညွှန်း
***********************************
(နင်းကန်ကောင်းတဲ့ကားမို့ HEVC 1080p 5.1, 720pတို့ဖြင့်ပြန်လည်တင်ဆက်ပေးထားပါသည်…)
IMDb….7.1,,,,Rotten….73
ဒါရိုက်တာ Steven Spielberg ဆိုတာနဲ့ ခင်ဗျားတို့ ဒီကားကိုနည်းနည်းတော့စိတ်ဝင်စားသွားမယ်ထင်တယ်..
..ဒီကားရိုက်တော့ သူကိုယ်တိုင်လည်း အော်စကာ ဆန်ကာတင်အဆင့်ပါခဲ့တယ်..
.ကျွန်တော်တို့တွေဟာ ရုပ်ရှင်ကြည့်သက်ရင့်လာတာနဲ့အမျှ ဇာတ်ကားကြည့်တဲ့နေရာမှာ အစပိုင်းနည်းနည်းကြည့်ပြီးတာနဲ့
တစ်ကားလုံးမဟုတ်တောင် ရှေ့ဆက်ဖြစ်နိုင်ခြေရှိတဲ့ဟာတစ်ချို့ကိုမှန်းဆနိုင်ပါတယ်…
ဒါပေမယ့် ဒီကားကိုကြည့်မိရင် ခင်ဗျားတို့ ထင်ထားတာတခြားစီဖြစ်သွားနိုင်တယ်.
.ဘာလို့ဆို ၁၀မိနစ်လောက်စထားတဲ့ plotတစ်ခုဟာ
နောက်တစ်နေရာရောက်တော့ ခင်ဗျားတို့လုံးဝထင်မထားတဲ့ရှုထောင့်တစ်ခုကိုချိုးကွေ့လိုက်တယ်…
..အချိုးအကွေ့ပေါင်းများစွာနဲ့ဒီကားကိုတည်ဆောက်ထားတယ်…ဒါကြောင့်လည်း Steven Spielberg ဟေ့ဆိုပြီးနာမည်ကြီးတာနေမယ်…ပြီးတော့ကျွန်တော်ပဲ စဉ်းစားဉာဏ်နဲ့ရေးသားမှုပိုင်းညံလေသလားမသိ ဒီကားကိုအညွှန်းဘယ်လိုရေးရမှန်းမသိဘူး.
..ကောင်းလားလို့မေးရင်တော့ ပြန်ဖြေလို့ရတယ်….ကျွန်တော်တို့တွေလေထဲကအောက်ဆီဂျင်ကိုရှူကြတယ်…
တစ်ယောက်ယောက်က လေဘယ်မှာလဲပြဆိုရင် လက်ဆုပ်လက်ကိုင်ပြလို့မရဘူး…
ဒီတော့လေမရှိဘူးလားဆိုတော့မဟုတ်ပြန်ဘူး လေဟာနေရာတိုင်းမှာရှိတယ်…
ဒီလိုပဲ ဒီကားရဲ့ကောင်းကွက်ကဘာလဲ ဘယ်နေရာဘယ်အပိုင်းကကောင်းတာလဲ music ပိုင်းလား plotပိုင်းလား ..
သရုပ်ဆောင်ပိုင်းလား နည်းပညာပိုင်းလား..ဆိုတော့ လေရှိလားဆိုတဲ့မေးခွန်းကိုဖြေသလိုပြန်တုန့်ပြန်ရမယ်ထင်တယ်…
.အယ် ဒေါင်းမဲ့သူတွေအတွက် ဆင်ခြင်လို့ရအောင်ပြောလို့ရတာတော့တော့ရှိတယ် .
.အမိုက်စားအက်ရှင်ခန်းတွေ …ဘီကီနီဝတ်အလှအပတွေ….၁၅၀၀ဖွဲ့ romantic ဆန်အကွက်တွေ မပါဘူး…
File Size…(2.9GB) and (1.4GB)
Quality…HEVC 1080p 5.1, Blu-Ray 720p
Format…mkv
Duration…02:26:00
Subtitle…Myanmar Subtitle(Hardsub)
Encoder…..Phyo Pyae
Translated by Honest Abe
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။