Channel Myanmar

A Good Person (2023)

Drama

7.0
IMDB: 7.0/10 2900 votes

104456

Report error

A Good Person (2023)
===============
IMDb Rating – 7.0/10

Nathan နဲ့ Allison တို့က စေ့စပ်ထားပြီး တစ်ယောက်ကို
တစ်ယောက်အရမ်းချစ်ကြတဲ့ ပျော်ရွှင်စရာ စုံတွဲတစ်တွဲပါ။
ဒါပေမဲ့ Allison မောင်းလာတဲ့ကား ယာဥ်တိုက်မှုဖြစ်သွားပြီး
မကြာခင် ယောင်းမတော်ရမယ့် Nathanရဲ့အစ်မ Mollyနဲ့
သူ့ခင်ပွန်းဟာ ဆုံးပါးသွားခဲ့တယ်။ အဲ့ကြေကွဲစရာ အဖြစ်
အပျက်ကြီးအပြီးမှာလည်း ကျန်ခဲ့သူတွေရဲ့ဘဝဟာလည်း
ပူဆွေးမှုတွေနဲ့ ပျက်ဆီးသွားခဲ့ရတယ်။

442

Danielက သူ့သမီးMolly ဆုံးသွားပြီးနောက်ပိုင်း သူ့ရဲ့မြေး
မလေး Ryanကို သူတစ်ယောက်တည်း ပြုစုပျိုးထောင်ပေး
နေခဲ့တယ်။ Allison ရဲ့ တောက်ပနေတဲ့အနာဂတ်လည်း ထို
ကားတိုက်မှုအပြီး အရာအားလုံး ပျက်ဆီးသွားပြီး သူ့အမှား
အတွက် လိပ်ပြာမလုံ ခံစားနေခဲ့ရတယ်။ Allison နဲ့ Danielတို့
ပြန်လည်တွေ့ဆုံတဲ့အခါမှာတော့ သူတို့အချင်းချင်းကြား ခွင့်
လွှတ်မှု၊ ခင်မင်မှုတွေပေါ်လာပြီး လူကောင်းတစ်ယောက်ဖြစ်
အောင် ဘယ်လိုကြိုးစားမလဲဆိုတာကို ခံစားချက်ထိထိမိမိ
ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။

IMDb rating 7.0 ထိ ရထားပြီး Traumaတွေကို ကျော်ဖြတ်
ဖို့ ကြိုးစားနေသူနှစ်ဦးရဲ့ အဓိပ္ပါယ်ရှိတဲ့ ဘဝပညာပေး ဇာတ်လမ်း
ကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ မင်းသားကြီး Morgan Freemanနဲ့
မင်းသမီး Florence Pugh (marvel – black widow ထဲက ယလီနာ)
တို့က အဓိကသရုပ်ဆောင်ထားပါတယ်။

(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့
Thwal Htoo Zin ဖြစ်ပါတယ်)

File Size……….(1.7 GB) / (665 MB) / (375 MB)
Quality…………WEB-DL 1080p / 720p / 480p
Duration………2Hrs 08Mins
Subtitle………..Myanmar Hardsub
Format…………MP4
Genre…………..Drama
Translator…….Thwal Htoo Zin
Encoder……….SWM



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။



No downloads available


Related movies