A Girl in My Room (2022)
A fantasy romantic comedy that highlights the charm of the city of Onomichi.

Synopsis:
A Girl In My Room (2022)
ဒီတစ်ခေါက်ဇာတ်ကားလေးကတော့ A girl in my room ဆိုပြီး 2022ခုနှစ်ကထွက်ရှိခဲ့တဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။
ဒီကားလေးဟာဆိုရင်တော့ လူသားကောင်လေးနဲ့ သူ့အခန်းထဲမှာပေါ်လာတဲ့သရဲမလေးတို့ရဲ့အကြောင်းကိုရိုက်ကူးထားတဲ့ဇာတ်ကားလေးပါ။
ဇာတ်လမ်းအကျဉ်းလေးကို ပြောပြပေးပါမယ်နော်။
Yohei က နှစ်နှစ်လောက်တွဲခဲ့တဲ့ သူ့ကောင်မလေးကိုထားခဲ့ခြင်းကိုခံခဲ့ရပါတယ်။
Yoheiရဲ့ကောင်မလေးထွက်သွားပြီးတဲ့ညမှာပဲ သူ့အခန်းထဲမှာ သရဲမလေးပေါ်လာခဲ့ပါတယ်။
သရဲမလေးက အသက်ရှင်နေခဲ့တဲ့အချိန်တုန်းက အချစ်ကိုတစ်ခါမှမခံစားခဲ့ဖူးတဲ့ကောင်မလေးဖြစ်နေပါတယ်။
စစချင်းမှာတော့ Yoဟာ သရဲမလေးကိုနှင်ထုတ်ဖို့အတွက်ကြိုးစားခဲ့ပေမဲ့
သူ့ကိုအန္တရာယ်မပေးတဲ့အတွက်နှင်ထုတ်ဖို့ကြိုးစားတာကိုရပ်လိုက်ပြီး တဖြည်းဖြည်းရင်းနှီးလာရာက
တစ်ခါမှမချစ်ခဲ့ဖူးတဲ့သရဲမလေးဟာ Yo ကို သံယောဇဉ်တွေတွယ်လာခဲ့ပါတော့တယ်။
တစ်ရက်မှာတော့ Yoရဲ့လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ Kana ဟာ Yo ရဲ့အိမ်မှာ သရဲရှိနေတယ်ဆိုတာကိုသိပြီး
အဒေါ်ဖြစ်သူအကြားမြင်ဆရာမဆီကိုသွားပြီးတော့ မေးကြည့်ကြဖို့ Yoကို တိုက်တွန်းခဲ့ပါတယ်။
Yoကတော့ သရဲမလေးဟာ သူ့ရဲ့နာမည်ကိုတောင်မမှတ်မိတဲ့အတွက် သူ့အကြောင်းကိုနည်းနည်းဖြစ်ဖြစ်သိနိုင်မလားဆိုပြီးတော့
Kana ရဲ့ အကြံဉာဏ်ကိုလက်ခံပြီး အကြားမြင်ဆရာမဆီကိုသွားခဲ့ပေတဲ့ အကြားမြင်ဆရာမဟာ Yo အိမ်ကသရဲမလေးကိုဘာလုပ်လိုက်မှာလဲ။
သရဲမလေးက Yo အိမ်ကနေထွက်သွားရပြီး Yoနဲ့ခွဲသွားရမှာလားဆိုတာကိုတော့
အားလုံးက ဇာတ်ကားလေးကိုပဲစောင့်ကြည့်လိုက်ကြပါတော့နော်။
အညွှန်း နဲ့ ဘာသာပြန်ကတော့ Khaing ပဲ ဖြစ်ပါတယ်။
Genre….. Fantasy, Romance
Quality…. 1080p | 720p
File size… 1GB | 472MB
Format… mp4
Duration…. 1h 38min
Subtitle…. Myanmar Subtitle (Hardsub)
Translator ….. Khaing
Encoder ….. Aaron
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။