A Compassionate Spy (2022)
Did he betray his country to save the world?

Synopsis:
A Compassionate Spy (2022)
~ IMDb – 6.6/10, Rotten Tomatoes – 84% ~
ဒုတိယကမ္ဘာစစ်ကာလဟာ လူအသေအပျောက်အများဆုံးဖြစ်ခဲ့တဲ့ စစ်ကြီးတစ်ခုပါပဲ။ အဆိုးဆုံးကတော့ ဟီရိုရှီးမားနဲ့ နာကာဆာကီးကို ကြဲချလိုက်တဲ့ နျူကလီးယားဗုံးနှစ်လုံးဟာ စစ်ပွဲရဲ့ ချိန်ခွင်လျှာကို ပြောင်းလဲစေနိုင်ရုံမက အရပ်သူအရပ်သားသေဆုံးမှုတွေကိုပါ စစ်ရဲ့အနိဌာရုံအဖြစ် မြင်လိုက်ရတာပေါ့။
ဒါ့အပြင် ဖျက်အားပြင်း လက်နက်ဆန်းက ပေါက်ကွဲမှုမှာ မသေခဲ့တဲ့ ရှင်ကျန်သူတွေကိုပါ အကြောင်းရင်းမသိရဘဲ တဖြုတ်ဖြုတ်သေကုန်အောင် စွမ်းပါသေးသတဲ့။ ဒီလောက်အားကောင်းတဲ့ လက်နက်ဆန်းကို ပိုင်ဆိုင်ထားတဲ့ အမေရိကန်နိုင်ငံက ဖက်ဆစ်ဂျာမန်၊ အီတလီနဲ့ ဂျပန်တို့ကို အပြတ်အသက် အနိုင်ယူနိုင်ခဲ့တာပေါ့။
ဒါပေမဲ့ စဉ်းစားကြည့်တော့လည်း ဒီလိုဝရဇိန်လက်နက်ကို တစ်နိုင်ငံတည်းက ပိုင်ထားရင် Power Play မဖြစ်တော့ဘူးပေါ့။ အနိုင်ကျင့်မယ်။ ထစ်ခနဲရှိရင် ဗုံးကြဲချမယ်။ တစ်ကမ္ဘာလုံးက သူ့ကို တုန်နေအောင် ကြောက်ရမယ်။ ဒီလိုနဲ့ ကမ္ဘာကြီးမှာ အသေအပျောက်တွေများလာပြီး ဒုက္ခကပ်ဆိုးကြီးအဖြစ် ပြောင်းလဲသွားမှာပါပဲ။
မိသားစုတစ်ခုရှိတယ်ဗျ။ သိပ်တော်တဲ့ သိပ္ပံပညာရှင်တွေ စုဝေးရာပေါ့။ သူတို့ထဲက ညီအစ်ကိုနှစ်ယောက်အကြောင်း ပြောရအောင်…
အစ်ကိုလုပ်တဲ့သူက နျူကလီးယားထိပ်ဖူးကိုတင်ဆောင်ပြီး ကမ္ဘာ့တိုက်ကြီးတစ်ခုအတွင်း ကြိုက်တဲ့နေရာကို တိုက်ရိုက်ရောက်အောင်ပစ်နိုင်တဲ့ ပဲ့ထိန်းဒုံးကျည်ကို တီထွင်တဲ့သူတွေထဲကတစ်ယောက်။
သူ့ရဲ့ညီက ဟီရိုရှိးမားနဲ့ နာကာဆာကီးကို ကြဲချခဲ့တဲ့ နျူကလီးယား ပထမမျိုးဆက်ဗုံးကို တည်ဆောက်တဲ့နေရာက ပညာရှင်တစ်ဦး။ အနုမြူဗုံးတစ်လုံးမှာ အရေးကြီးတဲ့ ပေါက်ကွဲအားလောင်စာ ယူရေနီယံသတ္ထုသန့်စင်ရေးဖြစ်စဉ်၊ ပိုအားကောင်းတဲ့ ပေါက်ကွဲမှုဖြစ်ရအောင် အတွင်းဖက်စုပ်ယူပေါက်ကွဲမှုဖြစ်အောင် ဒီဇိုင်းဆွဲရတဲ့ဖြစ်စဉ်တွေရှိတယ်။
အဲဒီအထဲကမှ အတွင်းဖက်စုပ်ယူပေါက်ကွဲမှုဖြစ်အောင် ဒီဇိုင်းဆွဲခဲ့တဲ့ ပညာရှင်လေး။ သူတို့အဖွဲ့ ဗုံးစမ်းသပ်မှုလုပ်ပြီး အောင်မြင်ခဲ့ချိန်မှာ လူအများပျော်နေချိန် အခန်းပြန်ပြီး တိတ်တဆိတ်ထိုင်နေတဲ့သူ။ ဒီလိုလက်နက်ဟာ တစ်ဦးတည်းပိုင်ထားရင် ကမ္ဘာအတွက် ကပ်ဆိုးတွေယူလာမယ်ဆိုတာ သူသိခဲ့တယ်။
သူထင်တဲ့အတိုင်းပဲ ဟီရိုရှီးမားနဲ့ နာကာဆာကီကို ဗုံးနှစ်လုံးကြဲချလိုက်တဲ့ အမေရိကန်ဟာ သူ့ရဲ့စစ်ဦးကို ဖက်ဆစ်တွေကနေ ဆိုဗီယက်ပြည်ထောင်စုကို လှည့်သွားခဲ့တယ်။ ဆိုဗီယက်ပြည်ထောင်စုတစ်ခုလုံး ပျက်သုဉ်းအောင် ဗုံးပေါင်းများစွာ ကြဲချတော့မယ့် အစီအစဉ်က သူ့ရဲ့ဆုံးဖြတ်ချက်ကို ခိုင်မာသွားစေတယ်။
နျူကလီးယားဗုံးတစ်လုံး ဘယ်လိုတည်ဆောက်မလဲဆိုတဲ့ စာရွက်စာတန်းနဲ့ နည်းပညာတွေကို ဆိုဗီယက်ပြည်ထောင်စုဆီ လျှို့ဝှက် ပေးပို့လိုက်ပါသတဲ့။ ဒီလိုနဲ့ အမေရိကန်စစ်သားလေးဟာ နျူကလီးယား အက်တမ်နည်းပညာတွေ ကဲ့ထုတ်လိုက်တဲ့ ဆိုဗီယက်သူလျှိုလေး ဖြစ်သွားပါလေရော။
ဒီရုပ်သံမှတ်တမ်းက လူတော်တော်များများ မသိရသေးတဲ့အချက်ကြီးကို ဖွင့်ချထားတာပါ။ ရုပဗေဒပညာရှင်လေး သီအိုဒေါ အယ်လ်ဗင် ဟော ရဲ့ သူလျှိုမှတ်တမ်းတစ်ခုဖြစ်ပါတယ်။ အဖျားဆွတ်ခေါ်တော့ တက် သို့မဟုတ် တက်ဒီ လေးပေါ့ဗျာ။ နျူကလီးယားဗုံးနည်းပညာကို ရုရှားတွေ ရှာဖွေတွေ့ရှိတီထွင်ခဲ့တာမဟုတ်ဘဲ အမေရိကန်တွေဆီက စိမ့်ထွက်လာတယ်ဆိုတာကို အထိတ်တလန့်သိလိုက်ရမယ့် ရုပ်သံမှတ်တမ်းပါ။
ဘယ်လိုပဲပြောပြော တက်ရဲ့ဆုံးဖြတ်ချက် မှန်လို့ ဒီအချိန်အထိ တတိယကမ္ဘာစစ်မဖြစ်သေးတာလား။ သူ့ဆုံးဖြတ်ချက်မှားခဲ့လို့ နျူကလီးယားနည်းပညာကို ပိုင်ဆိုင်တဲ့ နိုင်ငံ ၉ နိုင်ငံအထိရှိသွားပြီး မီးပွားတစ်ခုကျလိုက်တာနဲ့ နျူကလီးယားစစ်ပွဲဖြစ်လို့ ကမ္ဘာကြီး တစ်ရက်တည်းပျက်သွားမယ်လို့ အပြစ်တင်မလားဆိုတာကတော့ လူကြီးမင်းရဲ့ ပုဂ္ဂိုလ်ရေးအတွေးအမြင်သာ ဖြစ်ကြောင်းပါခင်ဗျာ။
(ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်)
Size – 1.95GB, 800MB
Quality – 1080p, 720p
IMDb Rating – 6.6/10
Format – mp4
Duration – 1H 41Min
Genre – Documentary
Subtitle – Myanmar Subtitle (Hardsub)
Translated by Arr Khun Winchester
Encoded by Y
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။