A Christmas Gift from Bob
A true tail of Christmas spirit

Synopsis:
A Christmas Gift From BOB 2020
==============================
A street cat name BoBထဲက BoB ဆိုတဲ့ကြောင်လေးကိုအကုန်လုံးသိကြမှာပါ
ဒီကားက 2020ခရစ်စမတ်အတွက်ထွက်ထားတဲ့ BoBလေးရဲ့ ဒုတိယမြောက်ကားလေးပါ
ဘော့ပ်နဲ့သူ့သခင်တို့ဟာအမြဲတမ်းအတူသွားအတူစားအတူနေကြတဲ့အချစ်ဆုံးသူငယ်ချင်းကြီးတွေလိုပါပဲ
ဒါပေမယ့်ဘော့ပ်သခင်ဘိုဝမ်ကလမ်းဘေးမှာသီချင်းဆိုပြီးငွေတောင်းရတော့ ပိုက်ဆံလည်းများများစားစားမရရှာပါဘူး
ခရစ်စမတ်ရောက်ခါနီး ဆောင်းတွင်းအအေးလှိုင်းဖြတ်တော့ ရေပူဝယ်ဖို့တောင်ပိုက်ဆံမရှိရှာပါဘူး
စားဖို့တောင်အနိုင်နိုင်ဖြစ်နေတဲ့သူနဲ့သူ့ကြောင်လေးကြားဂြိုလ်ဆိုးကဝင်လာပါတော့တယ်
သူနဲ့ဘော့ပ်လမ်းဘေးမှာသီချင်းဆိုနေတုန်းတိရစ္ဆာန်စောင့်ရှောက်ရေးအဖွဲ့ကတွေ့ပြီး ဘော့ပ်ကိုသူတို့ဆီပို့ဖို့အကြံလာပေးပါတော့တယ်
ဘိုဝမ်ခမျာသူ့ကြောင်လေးကိုတအားချစ်တော့ဘယ်သူ့ကိုမှမပေးနိုင်ဘူးလို့ငြင်းလိုက်ပေမယ့်
ဘော့ပ်အတွက်စားစရာတောင်သူမဝယ်ပေးနိုင်တော့တဲ့အချိန်မှာ ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာ ကြည့်ကြပါဦးလို့
BoBလေး မရှိတော့ပေမယ့် BoBလေးကိုသတိရတဲ့အမှတ်တရအနေနဲ့ ဒီကားလေးကိုကြည့်ကြည့်ပါလို့…
We Miss You BoB
Review and Translated by : Dolly
Encoded by : YK
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။