A Chinese Odyssey Part 1 & 2 [Pandora Box & Cindrella] (1995)
![A Chinese Odyssey Part 1 & 2 [Pandora Box & Cindrella] (1995)](https://image.tmdb.org/t/p/w780/p7g3rhRIE8SsxuYVpPcjHqTDGRz.jpg)
![A Chinese Odyssey Part 1 & 2 [Pandora Box & Cindrella] (1995)](https://www.channelmyanmar.to/wp-content/uploads/2016/07/chinese-odyssey-12-poster.jpg)
Synopsis:
A Chinese Odyssey: Part 1 – Pandora’s Box (1995)_____IMDb – 7.9/10
A Chinese Odyssey: Part 2 – Cinderella (1995)_____IMDb – 8.0/10
ဟုတ်ပါတယ် ဒီဇာတ်ကားလေးဟာ ကျွန်တော်တို့ရုပ်ရှင်ချစ်သူတွေအားလုံးနှစ်သက်ကြရတဲ့
နာမည်ကျော်မင်းသားကြီး Stephen Chow က Journey to the west ဆိုတဲ့ တရုတ်ရိုးရာဇာတ်တော်ကြီးကို
ပြန်လည်ဆန်းသစ်ရိုက်ကူးတင်ပြထားတာဖြစ်ပါတယ်။
မတူတာကတော့ ဇာတ်လမ်းကျောရိုးက အနောက်အရပ်သို့ ကျမ်းဂန်တွေသွားရောက်ပင့်ဆောင်ခြင်းမပြုမှီ
စွန်းဝူခုန်းရဲ့ အရိုင်းစိုင်းမျောက်ဘ၀ ထိုမှတစ်ဖန် လူဘဝပြန်ဝင်စားပြီး လူဘဝနဲ့ကျင်လည်ကျက်စားပုံတွေ
မိစ္ဆာမလေးတစ်ယောက် နဲ့ ဘုံကြိုးပြတ်နတ်သမီးတစ်ယောက်ရဲ့ကြားမှာယောက်ယတ်ခပ်အောင် ဗျာများနေရပြီး
ရသစုံအချစ်ဇာတ်လမ်းလေးတွေပေါက်ဖွားလာပုံတွေကို တွေ့ရမှာပါ
ထို့အပြင်ပဲ ဆရာတော်ဟာလည်း ပါရမီမရင့်သန်မီမှာ
စကားအလွန်များပစိပစပ်အလွန်နိုင်တဲ့ ဘုန်းကြီးတစ်ပါးအဖြစ်ကျင်လည်ခဲ့ရပုံ တွေကို
မင်းသားကြီး Stephen Chow ရဲ့ထုံးစံအတိုင်း ခပ်တည်တည်နဲ့
ဟာသလေးတွေနှောကာရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်။
စွန်းဝူခုန်း တစ်ဖြစ်လဲ ကျင်းရှောင်လင် တစ်ယောက်
သူရဲ့အချစ်ရဆုံးမိန်းကလေးဟာဘယ်သူဆိုတာနဲ့
လောကကြီးရဲ့အကျိုးသယ်ပိုးဖို့အတွက် စွန်းဝူခုန်း ဘဝကိုပြန်လည် ရွေးချယ်ရင်
သူနဲ့ပတ်သက်တဲ့မိန်းကလေးနဲ့လည်းကွဲရမှာဖြစ်တာကြောင့်
သူဘာကိုရွေးချယ်မှာလဲ ဆိုတာကိုလည်း ရင်တမမနဲ့ကြည့်ရမယ့်အပြင်
စိတ်ကိုလည်း အားမလိုအားမရဖြစ်ကာမရိုးမရွဖြစ်စေတဲ့ရသကိုလည်း ပေးနိုင်စွမ်းရှိတဲ့ ဇာတ်ကားကောင်းတစ်ကားပါ။
ဇာတ်လမ်းအကျဉ်းကိုတော့မပြောတော့ပါဘူး။
Stephen Chow ကိုကျွန်တော် ယုံကြည်သလို
ဒီဇာတ်ကားဟာလည်း အားလုံးငြင်းစရာမလိုအောင်ကြိုက်ကြမယ့်
ဇာတ်ကားကောင်းတစ်ကားဖြစ်တာကြောင့်
အထွေထူးညွှန်းမနေတော့ပါဘူး။
Chinese Odyssey Part 1: Pandora Box က Imdb Rating 7 .9 ထိရရှိထားပြီးတော့
ဒုတိယပိုင်းဖြစ်တဲ့ Chinese Odyssey Part 2 : Cindrella ကတော့ Imdb Rating 8.0 ထိတောင်ရရှိထားတာပါ။
ဒီဇာတ်ကားလေးကို အရင်က အပြင်က အခွေဆိုင်တွေမှာ၊youtubeပေါ်တွေမှာ ကြည့်ဖူးကြပေမဲ့
ရုပ်ထွက် သိပ်မကောင်းတာကြောင့်
ကျွန် တော် တို့ Channel Myanmar မှ Quality is our Priority ဆိုတဲ့အတိုင် း
အားလုံးကို အ ကောင် းမွန် ဆုံးအရည် သွေး တွေ ပေးချင် တာ ကြောင့်
Bluray Quality နဲ့ ရှာဖွေပြီး တင် ဆက် ပေးလိုက်ပါတယ် ။
အားလုံးအဆင် ပြေကြပါ စေခင် ဗျာ
ကျေးဇူးတင် ပါတယ် ခင် ဗျာ။
(ဘာသာပြန် နဲ့ အညွှန် း ရေးသူ Moe Oo Mann ဖြစ် ပြီး
ဒီ နေ့မှာ ကျ ရောက် တဲ့ သူချစ် ရတဲ့ ကောင် မ လေးရဲ့ မွေး နေ့ အတွက်
မွေး နေ့လက် ဆောင် အဖြစ် ဘာသာပြန် ပေးထားတာပဲ ဖြစ် ပါတယ် )
File Size : 695 MB & 785 MB
Quality : Blu ray Rip 720P
Running Time : 1hr 27 minute, 1hr 28 Minute
Format : Mp4
Genre : Action, adventure,Comdey
Encoder : Joker.phs
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။