A Boy and Sungreen(2018)
•••••••••••••••••••••••••••••••••••••••••••
“ဒီနေ့တစ်ရက်ပဲ အသက်ရှင်ခွင့်ရပြီး
မနက်ဖြန်သေဆုံးရတော့မယ်ဆိုရင် ဘာလုပ်ချင်လဲ”
“မနက်ဖြန်ပဲ သေဆုံးရတော့မယ်ဆိုရင်တော့
ချစ်ရတဲ့သူနဲ့ တူတူရှိချင်တာပေါ့”
ချစ်ခြင်းမေတ္တာဟာ ဆန်းကြယ်တဲ့အရာပါ
မိဘနဲ့ သားသမီးတွေဆီက ချစ်ခြင်းတရားပဲဖြစ်ဖြစ်
ချစ်သူတွေကြားက ချစ်ခြင်းပဲဖြစ်ဖြစ်
ဘယ်လို အယူဝါဒတွေပဲကွဲပြားနေပါစေ
လူနှစ်ဦးကြားက ချစ်ခြင်းမေတ္တာဆိုတာ
သိပ်ကိုနွေးထွေးတဲ့ အသိုက်အမြုံလေးပဲမလား
အရာရာကိုကြောက်တတ်တဲ့ ဘိုဟီးဆိုတဲ့ကောင်လေးက
ကလေးဘဝတုန်းက သူ့ဆီမလာတော့တဲ့
အဖေဖြစ်သူကို နေ့တိုင်းစောင့်မျှော်နေခဲ့တဲ့သူပါ
ဒါကို မကြည့်ရက်တဲ့ အမေက
သားအဖေဆုံးသွားပြီလို့ ပြောခဲ့ပါတယ်
အရွယ်ရောက်လာတော့ သူငယ်ချင်းမလေး နိုယန်းနဲ့
အဖေဖြစ်သူရှာပုံတော်ဖွင့်တာကို ရိုးရိုးလေး ရိုက်ကူးထားတာပါ
ဒီဇာတ်ကားက Drama/Comedy ဆိုပေမယ့်
Drama ဘက်ကို ပိုသွားတယ်လို့ ထင်ပါတယ်
တစ်ကားလုံး ခပ်အေးအေးလေးနဲ့
မတူညီတဲ့ ချစ်ခြင်းမေတ္တာတွေကို
ဖြေးဖြေးချင်း ပုံဖော်ရိုက်ကူးထားတာ တစ်မျိုးလေး ကြည့်ကောင်းတယ်
၂၃ ကြိမ်မြောက် ဘူဆန်နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ ပြသခဲ့ပြီးတော့
KTH ဆုကို ရယူနိုင်ခဲ့တဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်
နူးညံ့တဲ့ ချစ်ခြင်းမေတ္တာတွေ ခံစားကြည့်ရှုလိုက်ကြပါဦးနော်
Translated by : Amelia
Encoded by : YK
Quality : 1080p WEBDL and 720p
File Size : 1.4 GB and 1.1 GB
Duraton : 1h 39 mins
Subtitles : Myanmar (Hardsub)
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

























![[18+] Salawahan (2024)](https://www.channelmyanmar.to/wp-content/uploads/2024/03/MV5BMGI2NGQ1MjYtNTgyZC00ODQzLThkZWEtOWMzYWE5YTY0Y2NlXkEyXkFqcGdeQXVyNTI5NjIyMw@@._V1_FMjpg_UX1000_-133x200.jpg)








