Adeline(2022)
IMDb rating ~ 7.8/10
အမေရိကန်ပြည်ထောင်စုက နာဗာဂျိုလို့ခေါ်တဲ့ လူမျိုးစုတွေမှာ အဆိုတစ်ခု ရှိပါတယ်
“ကမ္ဘာကြီးကို ကုစားပေးဖို့အတွက်
ဘုရားသခင်က မြင်းတွေကို ဖန်ဆင်းပေးခဲ့တာ”ပါတဲ့
အက်ဒီလိုင်းဟာ သာမန်မြင်းတွေထက် ပိုမို ထူးကဲပြီး
ကုစားပေးနိုင်စွမ်း မြင့်မားတဲ့ မြင်းမလေးပါ
တစ်နေ့မှာ နယူးမက္ကဆီကိုပြည်နယ်ရဲ့ နယ်မြို့လေး တစ်မြို့ဆီ
အက်ဒီလိုင်းနဲ့ သူ့သခင်မစ္စကေတို့ ရောက်ရှိလာကြပါတယ်
အဲဒီမြို့က သင်းအုပ်ဆရာ ရက်ဗရန့်နဲ့ ဇနီးဖြစ်သူ တယ်ရီတို့မှာ
မွေးကတည်းက တစ်ခါမှ စကားမပြောတဲ့
၈ နှစ်အရွယ် အော်တစ်ဇင်ရောဂါသည် သားလေးတစ်ယောက် ရှိပါတယ်
သင်းအုပ်ဆရာကတော့ သူတို့သားလေး စကားမပြောနိုင်တာဟာ
ဘုရားသခင်ချမှတ်ပေးထားတဲ့ လမ်းဖြစ်ပြီး
ဒီလမ်းအတိုင်း လျှောက်လှမ်းကြရုံပဲရှိတယ်လို့ ခံယူထားသူဖြစ်ပြီးတော့
ဇနီးဖြစ်သူ ကတော့ သူတို့သားလေး စကားပြောနိုင်ဖို့
ဘာမဆို ကြိုးစားကြည့်ချင်တဲ့သူ တစ်ယောက်ပါ
မစ္စကေနဲ့ အက်ဒီလိုင်းတို့ ရောက်ရှိလာပြီး
အက်ဒီလိုင်းရဲ့ ကုစားပေးနိုင်တဲ့စွမ်းအားတွေအကြောင်း ကြားသိရပြီးတဲ့နောက်
သင်းအုပ်ဆရာတို့ ဇနီးမောင်နှံအကြား ပေါ်ပေါက်လာတဲ့
မတူညီတဲ့ တုံ့ပြန်မှုတွေ၊ အထင်အမြင် လွဲမှားမှုတွေအကြောင်း
ဒီဇာတ်ကားထဲမှာ ကြည့်ရှူကြရမှာပါ
တွေးစရာတွေ၊ သင်ခန်းစာယူစရာတွေ ပေးနိုင်တဲ့ ဇာတ်လမ်းမျိုးကို
လိုက်ရှာနေတယ်ဆိုရင်တော့ ဒီဇာတ်လမ််းက ကွက်တိပါပဲ
အညွှန်း နဲ့ ဘာသာပြန်ကတော့ Roman NoX ပဲ ဖြစ်ပါတယ်။
Genre….. Drama
Quality…. 1080p | 720p | 480p
File size…1.6GB |872MB | 382MB
Format… mp4
Duration…. 1h 37min
Subtitle…. Myanmar Subtitle (Hardsub)
Translator ….. Roman NoX
Encoder ….. August
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။



![Oopiri [Thozha ] (2016)](https://www.channelmyanmar.to/wp-content/uploads/2024/04/Oopiri-131x200.jpg)




![[18+]Dogtooth(2009)](https://www.channelmyanmar.to/wp-content/uploads/2022/12/MV5BYWQ3OWEyZjctOTE1Yi00MGQ2LWIyMTYtMzM1NWYwMGI4MjNmXkEyXkFqcGdeQXVyODc0OTEyNDU@._V1_-140x200.jpg)










![[18+] #DoYouThinkIAmSexy? (2022)](https://image.tmdb.org/t/p/w185/4169FrDord1ELavOgCp7UcNLxcg.jpg)


![[18+] Lan Kwai Fong 3 (2014)](https://www.channelmyanmar.to/wp-content/uploads/2017/01/7yuftk2mp6lw-143x200.jpg)









