Heart Parade (2022)
ဒီနေ့မှာတော့ Netflix movie လေးတစ်ကားဖြစ်တဲ့ Polish romance ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
အမောင်ခွေးတို့ရေးတဲ့ရွှေဖူးစာလို့ပဲပြောရမလား .. Magda က နာမည်ကြီးရုပ်မြင်သံကြားအစီအစဥ်ရဲ့
ထူးချွန်ဝန်ထမ်းတစ်ယောက်ပါ။ အနာဂတ်မှာ programming ဒါရိုက်တာရာထူးကို လက်လွှဲယူဖို့
အလားအလာအများကြီးရှိတဲ့သူဆိုရင်လည်း မမှားဘူးပေါ့။
လက်ရှိဒါရိုက်တာမှာ Tod လို့ခေါ်တဲ့
ခွေးလေးတစ်ကောင်ရှိတယ်။ ဒီကားလေးရဲ့ထူးခြားချက်က တစ်ကားလုံးမှာ ပါသမျှခွေးတွေအကုန်လုံးက
Dachshund လို့ခေါ်တဲ့ အလျားရှည်ခွေးပုလေးတွေချည်းပါပဲ။ အကုန်လုံးက Hot Dog ချောင်းလေးတွေလို
ချစ်စရာလေးတွေပါ:3 ဆက်ရရင် ဒါရိုက်တာရာထူးကို လက်လွှဲယူရတဲ့ Magda က ခွေးလုံးဝမချစ်တတ်ပေမယ့်
သခင်မဖြစ်သူကိုဖားပြီး Tod ရဲ့ဝေယျာဝေစ္စတွေ အကုန်လုပ်ရတယ်ပေါ့။ ဒီလိုနဲ့တစ်နေ့မှာတော့ Magda ရဲ့ပေါ့ဆမှု
Tod တစ်ကောင်နေမကောင်းဖြစ်သွားတာမို့ ဒါရိုက်တာကစိတ်ဆိုးပြီး Magda ကို အလုပ်ထုတ်လိုက်ပါတော့တယ်။
တစ်ဖက်မှာလည်း သားဖြစ်သူ Karol ရယ် Trombone လို့ခေါ်တဲ့ခွေးလေးရယ်နဲ့ ဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေတဲ့
Krzystof က ဇနီးဖြစ်သူဆုံးပါးပြီးတဲ့နောက် အချစ်သစ်မရှာတော့ဘဲ သားဖြစ်သူကို
တစ်ယောက်တည်းပျိုးထောင်နေတဲ့ ဖခင်တစ်ယောက်ပါ။ လက်ရှိမှာ Dachshund
ပွဲဈေးတန်းလေးကို ဦးဆောင်လုပ်နေပြီး အဲဒီပွဲမှာ Tod လည်းဝင်ပြိုင်ဖူးပေမယ့်
ပထမဆုနဲ့လွဲချော်ခဲ့ရတာကို သူ့သခင်က မကျေနပ်ခဲ့ပါဘူး။ ဒီတော့ Magda လည်း
ဒီပြိုင်ပွဲနဲ့ပတ်သက်တဲ့လျှို့ဝှက်ချက်တစ်ခုခုကိုသာရိုက်နိုင်ခဲ့ရင် ဒါရိုက်တာဖြစ်သူ
အမြင်ပြန်ကြည်မလားဆိုတဲ့မျှော်လင့်ချက်နဲ့ Karol တို့သားအဖရှိရာမြို့ကိုရောက်လာတဲ့အခါ ..။
File size…2GB / 1GB
Quality…1080p WEBRIP AAC5.1CH / 720p
Format…mp4
Duration….1h 48m
Subtitle….Myanmar Subtitle (Hard Sub)
Encoder….YK
Translated by Lai Laii
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။