Channel Myanmar

 

442

Twilight Over Burma (2015)

~ IMDb rating – 6.7/10 ~

ကိုလိုနီနှောင်းပိုင်း မြန်မာနိုင်ငံရဲ့ မငြိမ်သက်မှုတွေကနေ ဒီဇာတ်လမ်းက မြစ်ဖျားခံခဲ့တယ်ပြောရမလား။ အမေရိကက ပါတီတစ်ခုမှာ အာရှသားကောင်လေးတစ်ယောက်နဲ့ ဩစတေးလျသူကောင်မလေးတစ်ယောက် တွေ့ကြတဲ့အချိန်မှာပဲ ဒီဇာတ်လမ်းစတယ်လို့ ပြောရမလား။ ဒီဇာတ်လမ်းရဲ့ မူရင်းရေးသားသူ အင်ဂျီဆာဂျန့်အတွက်တော့ ပါတီတစ်ခုဟာ ဒီဇာတ်လမ်းရဲ့ အစဖြစ်ခဲ့တယ်။ အာရှသားကောင်လေးတစ်ယောက်က ဩစတေးလျသူလေးကို “ကျွန်တော်က စဝ်ကြာဆိုင်ပါ။ ဗမာပြည်အရှေ့မြောက်ဘက်က ရှမ်းပြည်က လာတာပါ။ တိတိကျကျဆို သီပေါဆိုတဲ့ သာယာတဲ့မြို့လေးကပေါ့။ အဲဒီနယ်က ကွန်နက်တီကတ်လောက်ကျယ်တယ်ဗျ။” လို့ သူ့ကိုယ်သူ စမိတ်ဆက်ခဲ့တယ်။ အဲဒီသူ့ကို လာမိတ်ဆက်တဲ့ အာရှသားကောင်လေးက ဗမာပြည်က စော်ဘွားမှန်းလည်း သူမသိခဲ့ဘူး။ ကောင်လေးကလည်း သူ့အကြောင်းသူ လုံးဝထုတ်မပြောခဲ့ဘူး။ ဒီလိုနဲ့ ကောင်လေးပြောသလို အတိတ်က ရေစက်ပါလာခဲ့လို့ သူတို့ချစ်ကျွမ်းဝင်သွားတယ်။ သူတို့လက်ထပ်ပြီး မြန်မာပြည်ကိုလာလို့ ရန်ကုန်မြစ်ထဲ သီပေါကလူတွေ လှေအစင်းစင်းနဲ့ လာကြိုမှပဲ စဝ်ကြာဆိုင်ဟာ အင်ဂျီ့ကို သူဟာ စော်ဘွားမှန်း ဖွင့်ပြောခဲ့တယ်။ စဝ်ကြာဆိုင်ဟာ စော်ဘွားမှန်း သူသိလိုက်တဲ့အချိန်မှာပဲ အင်ဂျီ မဟာဒေဝီ စဝ်သုစန္ဒီအဖြစ်ကို ရောက်မှန်းမသိရောက်သွားခဲ့ပြီ။

ဒီလိုနဲ့မဟာဒေဝီဟာ ရှမ်းလူမျိုးတွေရဲ့ ဓလေ့တွေ ရိုးရာတွေ ဘာသာစကားတွေကို ကျွမ်းဝင်လာအောင်လုပ်ရင်း သူ့ယောက်ျားကိုချစ်တော့ သူ့ယောက်ျားချစ်တဲ့ ရှမ်းပြည်ကိုပါ ချစ်ရင်း ရှမ်းပြည်နဲ့သူဟာ ပိုင်းခြားမရတော့တဲ့အထိဖြစ်လာတယ်။ ရှမ်းပြည်သာယာဝပြောရေးအတွက် သူတို့လင်မယားနှစ်ယောက်အတူတူ အားစိုက်ထုတ်ခဲ့ကြတယ်။ စဝ်ကြာဆိုင်ဟာ သူ့မြေက မြေရှင်ပဒေသရာဇ်စနစ်ရဲ့ ထိပ်ဆုံးက အကျိုးခံစားခွင့်ရှိသူဖြစ်ခဲ့ပေမဲ့ စဝ်ကြာဆိုင်ဟာ ဗမာနိုင်ငံကို ဒီမိုကရက်တစ်နိုင်ငံ ဖြစ်စေချင်ခဲ့တယ်။ ပေါ်ပေါ်ထင်ထင်လည်းပြောခဲ့သလို လုပ်လည်းလုပ်ခဲ့တယ်။ မဟာဒေဝီကလည်း အားပေးခဲ့တယ်။ တစ်ချိန်တည်းမှာပဲ တစ်ဘက်က ဗိုလ်ချုပ်နေဝင်းကလည်း အာဏာသိမ်းဖို့ အစပျိုးနေခဲ့တယ်။ စဝ်ကြာဆိုင်ဟာ အာဏာမသိမ်းခင်တစ်ရက်အလိုမှာ အမျိုးသားညီလာခံကို သွားတက်ပြီး အာဏာသိမ်းမယ့်နေ့မှာ နေမကောင်းတဲ့အမဆီ သွားဖို့‌ တောင်ကြီးလေဆိပ်ကိုသွားခဲ့တယ်။ အဲဒီနောက်မှာပဲ အဖမ်းခံခဲ့ရတယ်။ သူဘာဆက်ဖြစ်သွားလဲတော့ ဘယ်သူမှမသိရတော့ဘူး။ ရဲဘော်သုံးကျိပ်ထဲက ဗိုလ်စကြာကတော့ မဟာဒေဝီကို ဗထူးမှာ စဝ်ကြာဆိုင်ကို သတ်လိုက်ပြီလို့ပြောခဲ့ပေမဲ့ မဟာဒေဝီကတော့ သူမသေမချင်း စဝ်ကြာဆိုင်ကို ဆက်ရှာနေဦးမယ်လို့ ဆိုခဲ့တယ်။

ဒါကတော့ ဒီရုပ်ရှင်ရဲ့ သမိုင်းနောက်ခံပါပဲ။ မူရင်းစာအုပ်ကိုတော့ မဟာဒေဝီအင်ဂျီဆာဂျန့်ကပဲ ရေးသားခဲ့ပြီး ဝင်းဖေကတော့ “မှုန်ရီဆိုင်း တိုင်းမြန်မာ” ဆိုပြီး ဘာသာပြန်ခဲ့ဖူးတယ်။ ၂၀၁၆မှာ ပထမအကြိမ်ထုတ်ခဲ့တယ်။ ဒီရုပ်ရှင်က မြန်မာမှာတင်ပိတ်ထားတာမဟုတ်ဘဲ ထိုင်းလူမျိုးသရုပ်ဆောင်တွေသုံးထားပေမဲ့ နှစ်နိုင်ငံဆက်ဆံရေးအရ ထိုင်းမှာပါ ပြခွင့်မပြုခဲ့ဘူး။ ပြခွင့်မပြုရလောက်အောင်လည်း အကြောင်းအရာကလည်း အထိမခံသလို တချို့အပြတွေကလည်း တော်တော်ကြမ်းတယ်။ အင်ဂျီကတော့ သူကိုယ်တိုင်ကြုံရတာတွေကို အဓိကထားရေးထားတာဖြစ်ဖို့ ဒီရုပ်ရှင်ထဲက အဲဒီအထိမခံတဲ့အရာတွေတော့ အကုန်မပါလောက်ဘူး။ ဝင်ဖေးပြန်တဲ့မူထဲမှာတော့ စဝ်ကြာဆိုင်ကို ဖမ်းသွားပြီး မသိပါဘူးငြင်းတယ်ဆိုတာကလွဲ ကျန်တာ သိပ်တောင်မပါသလောက်ပဲ။ ၂၀၁၆ဆိုတော့ လွတ်လွတ်ကျွတ်ကျွတ်တော့ရေးလို့ရခဲ့မယ်ထင်ရတာပါပဲ။ စာအုပ်ထဲမှာတော့ ရှမ်းဓလေ့တွေ ဗမာဓလေ့တွေကို အင်ဂျီက သူစကြုံခဲ့ရတဲ့အကြောင်းတွေကို သေချာလေးရေးထားပေမဲ့ ရုပ်ရှင်မှာတော့ မစုံပါဘူး။ ဒါပေမဲ့ ရုပ်ရှင်မှာ ပိုစုံသွားတာတွေလည်း တော်တော်များပါတယ်။ ရုပ်ရှင်ရဲ့သမိုင်းတိကျမှုကိုတော့ လုံးစေ့ပတ်စေ့မသိနိုင်ပေမဲ့ စာအုပ်နဲ့တော်တော်ကွဲနေတာတွေတောင် ပါနေတယ်။ ဘာပဲဖြစ်ဖြစ်ပါ။ အဓိကဆိုလိုရင်းကတော့ မကွဲခဲ့ပါဘူး။ တကယ်တမ်း ဒီရုပ်ရှင်မှာ ကျွန်တော်ပိုသဘောကျတာက စဝ်ကြာဆိုင်နဲ့ စဝ်နန်းသုစန္ဒီတို့ရဲ့ အချစ်ဇာတ်လမ်းပါပဲ။ အားကျရလောက်အောင် ရိုမန့်တစ်ဆန်ကြတဲ့ အတွဲလို့ပြောရမယ်။ အဆုံးထိပါပဲ။ နောက် ဒီရုပ်ရှင်ထဲက စဝ်ကြာဆိုင်ကို ပုံဖော်ထားတာကလည်း သဘောကျစရာကောင်းပါတယ်။ ကျွန်တော်တို့စိတ်ကူးထဲက ခေါင်းဆောင်ပုံစံမျိုး ဖြစ်ကောင်းဖြစ်နေနိုင်တယ်။ သူ့အကြောင်း များများစားစားတွေ့နိုင်တာဆိုလို့ Twilight Over Burma ပဲ ကျွန်တော်တော့ ရှာတွေ့ပါတယ်။ သမိုင်းဘယ်လောက်ထိမှန်လဲမသိပေမဲ့ ဗမာဘက်က အခြေအနေတွေ ယဉ်ကျေးမှုတွေကို ရိုက်ပြထားတာကတော့ တော်တော်ကြည့်ကောင်းတယ်ပဲ ပြောရပါမယ်။

ရှမ်းတွေဟာ နေကြတ်မယ့်နေ့တွေမှာ အိုးစည်ဗုံမောင်းတွေ ထောင်ချီတီးပြီး နေမင်းကို ဝါးမျိုမယ့် နဂါးကြီးကို ခြောက်ထုတ်ကြတယ်တဲ့။ Twilight Over Burma ဟာ ဘာအကြောင်းလဲဆိုရင်တော့ နဂါးကြီးကို ခြောက်မထုတ်နိုင်ခဲ့လို့ မှုန်ရီမှိုင်းသွားတဲ့ နေ့တွေအကြောင်းပါပဲ။

(ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်)

Size – 1.6GB
Quality – 720p
IMDb Rating – 6.7/10
Format – mp4
Duration – 1H 39Min
Genre – Biography, Drama, Romance
Subtitle – Myanmar Subtitle (Hardsub)
Translated by WiRa Aung
Encoded by Y



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Twilight Over Burma (2015)
Twilight Over Burma (2015)
Twilight Over Burma (2015)
Twilight Over Burma (2015)
Twilight Over Burma (2015)
Twilight Over Burma (2015)
Twilight Over Burma (2015)
Twilight Over Burma (2015)


No downloads available

Genres



Related movies