ဒီတစ်ခါကြည့်ရှုရမှာကတော့ Tremors Franchise ရဲ့ ၂၀၂၀မှာ အောက်တိုဘာမှာ ထွက်ရှိထားတဲ့ ၇ကားမြောက် Shrieker Island ဖြစ်ပါတယ်
ဇာတ်လမ်းအကျဥ်းကတော့
အမဲလိုက်ဝါသနာထုံတဲ့ ဇီဝပညာရှင် တစ်ဖြစ်လဲ အေဗက်စ်ဇီဝရဲ့ သူဌေး ဘေလ်က သူ့ရဲ့ ကိုယ်ပိုင်ကျွန်းပေါ်မှာ မြုံနေတဲ့ ဂရာဘွိုက်ဥတွေကို တစ်ကိုယ်ကောင်းဆန်စွာ သားဖောက်ခဲ့တဲ့ အပြင် အမဲလိုက်စွမ်းရည်မြင့်စေတဲ့ ဗီဇကိုပါ ပြောင်းလဲလိုက်ပါသေးတယ်
ချမ်းသာတဲ့ လူတချို့နဲ့ သားဖောက်ထားတဲ့ ဂရာဘွိုက်တွေကို အမှောင်ကျွန်းပေါ်လွှတ်ပေးပြီး အမဲလိုက်ပါတီကို ပျော်ပျော်ကြီး ဆင်နွှဲနေခဲ့ကြပါတယ်
ဘေလ် မသိလိုက်တာကတော့ ဗီဇပြောင်းဂရာဘွိုက်တွေဟာ ရှရစ်ကာ လို့ခေါ်တဲ့ သားရဲကောင်တွေကို ပေါက်ဖွားပေးနိုင်တယ် ဆိုတာပါပဲ
ဒီအဖြစ်တွေကို ရိပ်မိသွားတဲ့ တစ်ဖက်ကျွန်းပေါ်က သုတေသီ ဒေါက်တာဝယ်လ်ကာ က ဂရာဘွိုက် လောကကနေ အနားယူ တစ်ကိုယ်ထဲ နေနေတဲ့ ဘာ့တ်ဂန်မာကို ခေါ်ဆောင်ပေးဖို့ လုပ်ဖော်ကိုင်ဘက် ဂျင်မီကို အကူအညီတောင်းရပါတော့တယ်
ဒဏ္ဍာရီလာ ဘာ့တ်ဂန်မာ ကတော့ ယခုတစ်ခါမှာလည်း ဂရာဘွိုက်လို့ ခေါ်တဲ့ လူသားစား မြေအောက်တီကောင်တွေအပြင် ရှရစ်ကာတွေကိုပါ ဘယ်လိုနှိမ်နင်းမလဲ ဆိုတာကို သည်းထိပ်ရင်ဖို ကြည့်ရမယ့် Horror, Action အမျိုးအစား ဖြစ်ပါတယ်
CM မှာ တင်ထားတဲ့ Tremors ၆ကားမြောက်ကို ပြန်လည် ကြည့်ရှုချင်တယ်ဆိုရင်တော့ အောက်ပါလင့်က်ု ဝင်ရောက်နိုင်ပါတယ်..
https://channelmyanmar.to/tremors-a-cold-day-in-hell2018/
File size…(1.7 GB) and (999 MB)
Quality….BluRay 1080p and 720p
Format…mp4
Duration….01:43:00
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung
Translated by Mugiwara Ya
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။