ဒီတခါတော့ ကိုဗစ်ကာလမှာ စိတ်ပင်ပန်းနေကြတဲ့
CMချစ်ပရိတ်သတ်ကြီးအတွက်
အင်ဒိုးနီရှားအချစ်ဟာသကားလေးတင်ဆက်ပေးလိုက်ပါတယ်.
ဇာတ်လမ်းလေးက တကယ်ကို ချစ်ဖို့ကောင်းပြီး
မိဘမေတ္တာနဲ့အချစ်ရဲ့လျှို့ဝှက်ဆန်းကြယ်ပုံကို
ဟာသနှောပြီးရိုက်ထားတဲ့ ဇာတ်ကားလေးပါ.
ဇာတ်လမ်းအကျဉ်းကတော့ တဉီးတည်းသော
သားဖြစ်တဲ့ Aryaဟာ ကိုယ်စွမ်းကိုယ်စနဲ့
ဓာတ်ပုံဆရာတစ်ဉီးဖြစ်ချင်နေတာပါ.
သူ့ရဲ့ပင်တိုင်မော်ဒယ်ကတော့ သူ့ချစ်သူကောင်မလေးပေါ့.
ဒါပေမယ့်လဲ သူ့မိဘအကူအညီက Aryaဟာ မလွတ်နိုင်ခဲ့ပါဘူး.
တဘက်မှာလဲ သူ့ချစ်သူမော်ဒယ်မလေးဟာ
နောက်မီးလင်းချင်နေပြီး လက်ထပ်ခွင့်တောင်းတော့လဲ
လက်မခံတာကြောင့် စိတ်ညစ်နေရပါတယ်.
ဒါပေမယ့် သူ့ဘဝကို ပြောင်းလဲပေးနိုင်မယ့်
ကောင်မလေးတ်ယောက်နဲ့ ဆုံခဲ့ပါတယ်.
Liaဆိုတဲ့ ပန်းချီဆရာမလေးပေါ. Liaနဲ့တွေ့ပြီးနောက်မှာ
Aryaပြုံးပျော်နိုင်လာတာကြောင့်
မသေခင်အိမ်ထောင်ကျစေချင်တဲ့ Aryaအမေဟာ
အကွက်ချပြီး သူတို့နှစ်ဉီးကို လက်ထပ်စေခဲ့ပါတယ်.
လက်ထပ်ပြီးနောက်မှ တစ်ခုပြီးတစ်ခုလွဲပြီး
ရယ်စရာတွေ ဖြစ်လာတဲ့ အချစ်ဟာသဇာတ်မြူးလေးပေါ့ဗျာ.
ဒီဇာတ်လမ်းလေးကြည့်ရင်း ဘဝအမောတွေ ဖြေဖျောက်လိုက်ကြပါဦး….
File Size – 1 gb
Quality – web-dl 1080p
Subtitle – burmese
Translator – YK
Encoder – XCode
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။











![[18+] Princess Sakura: Forbidden Pleasures (2013)](https://www.channelmyanmar.to/wp-content/uploads/2018/02/MV5BMjM0MDM3NjQyN15BMl5BanBnXkFtZTgwMzQ4NTg2MjE@._V1_-139x200.jpg)




















