Channel Myanmar

The Rental

N/A    

PG-13 1h 28min HorrorThriller

7.3
IMDB: 7.3/10 321,741 votes

, , , , ,

N/A

USA

566016

Report error

ဒီတစ်​​ခေါက်မိတ်ဆက်​ပေးချင်တာက​တော့

ညဘက်မှာ ​ကျောခြမ်းစရာ Thriller ​လေး​တွေမှ

442

ကြည့်ချင်တယ်ဆိုတဲ့ ​လူ​တွေအတွက်

အကြိုက်ဖြစ်ပါလိမ့်မယ် ။

ခရီး​တွေသွားတဲ့အခါ ငှားလို့ရတဲ့ လုံးချင်းအိမ်​လေး​တွေကို

သိကြမယ်မလား ။

အခုဇာတ်အိမ်ကလည်း အဲ့လိုအိမ်​လေးအ​ပေါ် အ​ခြေခံထားခဲ့တာပါ ။

ချာလီနဲ့ ​ဂျော့ရှ်က ညီအစ်ကို နှစ်ဦးဖြစ်ပြီး

သူတို့ရဲ့ ချစ်သူ​တွေဖြစ်တဲ့ မီရှယ် ၊ မီနာ တို့နဲ့အတူ ပိတ်ရက်မှာ

ကမ်း​ခြေကို ခရီးထွက်ဖို့အတွက် ပြင်ဆင်ခဲ့ကြပါတယ် ။

ငှားထားတဲ့ အိမ်ကို ​ရောက်လာတဲ့အခါမှာ​တော့

အိမ်ပိုင်ရှင်က နည်းနည်း ထူးဆန်းပြီး ​လူမျိုး​ရေးခွဲခြားတတ်တဲ့

သူတစ်​ယောက်လည်း ဖြစ်​နေပြန်တာမလို့

မီနာက သ​ဘောမကျခဲ့ပါဘူး ။

ဒီလိုနဲ့ပဲ ညဘက်​​ရောက်တဲ့အခါမှ ​သောက်စားမူးယစ်ရင်း

မီနာက သူ့ရည်းစားရဲ့ ညီဖြစ်သူ ချာလီနဲ့ မှားယွင်းမိပြီး

နောက်တစ်​နေ့မှာ​တော့ သူတို့ရဲ့ ​ရေချိုးခန်း​တွေထဲမှာ

ကင်မရာ ဆင်ခံထားရတာကို သိလိုက်ရပါ​တော့တယ် ။

ဒါတင်မက တခြားရှုပ်​ထွေးတဲ့ကိစ္စကပါ

ထပ်ပြီး ထွက်​ပေါ်လာတဲ့အချိန်မှာ​တော့

သူတို့​လေး​ယောက်က ဒါ​တွေက ဘယ်လိုမျိုး

​ဖြေရှင်းကြမလဲ ဆိုတာကို ဇာတ်ကွက်အလှည့်အ​ပြောင်းကြမ်းကြမ်း ၊

အသည်းတယားယားနဲ့ ကြည့်ရမှာ ဖြစ်သလို

ချစ်သူ​တွေကြားက က​တောက်ကဆကိုပါ

မြင်သာ​အောင် ရိုက်ကူးပြထားတဲ့

ရုပ်ရှင်ကား​ကောင်း တစ်ခုလည်း ဖြစ်ပါတယ် ။

 

 

File Size – 954 mb

Quality – web-dl 1080p

Subtitle –  burmese

Translator – Floria

Encoder – Thit San Khant



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။



No downloads available


Related movies