Channel Myanmar

A Whisker Away မူဂယ်ဆိုတဲ့ ကောင်မလေးသာ ဟီနိုဒယ်ဆိုတဲ့ သူ့ရဲ့အတန်းဖော်ကောင်လေးကို တစ်ဖက်သတ်ကြိုက်နေတယ် ဒါပေမယ့် ဟီနိုဒယ်ကတော့ သူ့ကို အဖတ်တောင်မလုပ်ရှာဘူး ဒါပေမယ့် မူဂယ်ဟာ အခွင့်အရေးတစ်ခုရခဲ့တယ် အဲ့ဒါကတော့ သူဟာ မှော်ဆန်တဲ့ မျက်နှာဖုံးတစ်ခုကို ရခဲ့တယ် အဲ့ဒီမျက်နှာဖုံးစွပ်လိုက်ရင် မူဂယ်ဟာ တာရိုဆိုတဲ့ကြောင်ကလေးအဖြစ်အသွင်ပြောင်းသွားပါတော့တယ် ပိုပြီးကံကောင်းတာက မူဂယ်ချစ်ရတဲ့ ဟီနိုဒယ်ဟာ မူဂယ်ဆိုတဲ့ လူသားအသွင်နဲ့ ကောင်မလေးကိုအဖက်မလုပ်ပေမယ့် တာရိုဆိုတဲ့ကြောင်မလေးအဖြစ်နဲ့ဆိုရင်တော့ သိပ်ကိုချစ်ပါတယ် ဒီလိုနဲ့ မူဂယ်ဟာ ကြောင်မလေးအသွင်နဲ့ နေ့တိုင်းအချိန်မှန် ဟီနိုဒယ်ဆီကို သွားပါတော့တယ် ဒါပေမယ့် မိသားစုနဲ့ပတ်သတ်ပြီး စိတ်ဒဏ်ရာရှိတဲ့ မူဂယ်ဟာ ကြောင်ဘ၀နဲ့ပဲနေချင်တယ်လို့ ဆန္ဒတစ်ခုပြုလိုက်ရာကနေ လူအသွင်ကို ပြန်ပြောင်းမရဘဲ ဖြစ်သွားပါတော့တယ် လူပြန်ဖြစ်ဖို့ဆိုရင် သတ်မှတ်ထားတဲ့အချိန်အတွင်းမှာ သူ့ရဲ့ လူသားမျက်နှာဖုံးကို ပြန်ရှာဖို့ကြိုးစားရပါတော့မယ် …… ဟီနိုဒယ်ကို သူ့ရဲ့ခံစားချက်တွေဖွင့်ပြောဖို့ရ သူလူပြန်ဖြစ်မှရမှာပါ …. တစ်ဖက်မှာလဲ မျက်ဖုံးရောင်းသွားတဲ့သူက မူဂယ်ရဲ့အသက်ကို လူဖြစ်ချင်တဲ့ကြောင်တစ်ကောင်နဲ့ မျှပြီး အလဲအလှယ်လုပ်လိုက်ပါတော့တယ် … မူဂယ်တစ်ယောက် သူ့ရဲ့ လူ့ဘ၀ကို ပြန်ရဖို့ ကြိုးစားနိုင်ပါ့မလား ….. ဟီနိုဒယ်ကရော ကြောင်မလေး တာရိုက မူဂယ်ပဲဆိုတာ သိသွားပါ့မလား……

 

442

Quality – 720p  WebRip

Duration – 1 hr 44min

Subtitle – Myanmar Hardsub

Format – Mp4

Genre : Animation, Fantasy, Romance

Translator – EL Moh

Encoder – Littleneo



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။



No downloads available


Related movies