Channel Myanmar

Ratsasan (2018)

Ratsasan    

N/A 170 min ActionDramaRomance

9.1
IMDB: 9.1/10 4,791 votes

, , , , , , , , ,

N/A

India

1852961

Report error

Vishnu Vishal in Ratsasan (2018)

 

442

ကြည့်​ဖူးတဲ့ တမီလ် ကား ​တွေထဲမှာ​တော့ဒီကားကလုံးဝကိုကွဲပြားပါတယ်

ကား​တော်​​တော်​များများကအိုဗာ​တွေလုပ်​ပြ​လွန်း​ပေမယ့်

ဒီကားက​တော့တစ်​ကယ့်​လက်​ရာ​ကောင်းပါ

ဇာတ်​လမ်းကရုပ်​ရှင်​ဒါရိုက်​တာရူးရူး​နေတဲ့လူငယ်​တစ်​​ယောက်​ဟာ

ဒါရိုက်​တာဖြစ်​ဖို့ကြိုးစားသမျှ​တွေဘာမှဖြစ်​မလာတဲ့အခါမှာ

သူ့အ​ဖေရဲ့ဂုဏ်​ကိုထိန်းတဲ့အ​နေနဲ့ ရဲတစ်​​ယောက်​ဖြစ်​ လာခဲ့ပါတယ်

တစ်​ချိန်​တည်းမှာပဲ စိတ္တဇ လူသတ်​သမားတစ်​​ယောက်​ရဲ့

မိန်းက​လေး​တွေကို တစ်​​ယောက်​ပြီးတစ်​​ယောက်

ရက်​ရက်​စက်​စက်​သတ်​တဲ့အမှု​တွေ​ပေါ်လာပါတယ်

လူသတ်​သမားဟာ​ကျောင်းသူ​လေး​တွေကိုဖမ်း​ခေါ်သွားပြီး

အတိုင်းအမှတ်​အသားအ​နေနဲ့လက်​​ဆောင်​ဘူး​လေးတစ်​ဘူးအမြဲထားခဲ့ပါတယ်

အဖမ်းခံရပြီးနှစ်​ရက်​​မြောက်​တဲ့​နေ့​ရောက်​တိုင်းမှာက​လေး​တွေရဲ့

အ​လောင်းကိုအများပိုင်​​နေရာ​တွေမှာကြွပ်​ကြွပ်​အိတ်​နဲ့ပတ်​ပြီးပစ်​ထားတာ​​တွေ့ရပါတယ်

ပုံမှန်​လူသတ်​မှု​တွေဆိုတာ အသတ်​ခံရသူနဲ့နီးစပ်​ရာအသိုင်းအဝိုင်း​တွေထဲက

သံသယရှိသူကိုရှာပြီးစစ်​လိုက်​ရင်​အမှု​ပေါ်နိုင်​​ပေမယ့်

စိတ္တဇလူသတ်​သမားဆိုတာက​တော့ အသတ်​ခံရသူ​တွေနဲ့ဘာပတ်​သတ်​မှုမှမရှိပဲ

သူ့စိတ်​ဒဏ်​ရာ​ကြောင့်​ သတ်​ရတာကိုအရသာ​တွေ့လို့

ဘယ်​သူ့ကိုမဆိုလိုက်​သတ်​တာမျိုးပါ

ဒီလိုလူသတ်​သမားမျိုးနဲ့ကြုံလာတဲ့အခါမှာ

အရင်​အမှုလိုက်​​နေကြပုံစံ​တွေတစ်​ခုမှုအလုပ်​မဖြစ်​​တော့ပဲ

ရဲ​တွေ​ခေါင်းခဲလို့လာရပါတယ်​ ဒီအချိန်​မှာ

စိတ်​ကူးစိတ်​သန်း​ကောင်းတဲ့ဒါရိုက်​တာရူး ရဲ​ပေါက်​စဟာ

အမှုအ​ပေါ်ရှု​ထောင့်​တစ်​မျိုးက​နေကြည့်​ပြီး တရားခံကို

တဖြည်းဖြည်းရုပ်​လုံး​ပေါ်လာ​အောင်​ကြိုးစားခဲ့ပါတယ်

လူသတ်​သမားနဲ့အန္တရာယ်​များတဲ့

ကစားပွဲတစ်​ခုကိုဖန်​တီးပြီးဖမ်းဆီးဖို့်​ကြိုးစားရာမှာ

အဆုံးအရှုံး​တွေကလည်းအရမ်းများခဲ့ပါတယ်

ဇာတ်​လမ်းက​အစအဆုံးစိတ်​ဝင်​စရား​ကောင်းလွန်းလို့

နှစ်​နာရီခွဲဘယ်​လိုကုန်​သွားမှန်း​တောင်​​သိလိုက်​မှာမဟုတ်​ဘူး

………………………………………………..

သီချင်း​တွေဆိုတာ

မကြိုက်​တဲ့သူ​တွေအတွက်​သီချင်းတိုတို​လေးနှစ်​ခုပဲပါတယ်​နော်

 

ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားတာကတော့ Chanyein Soe ဖြစ်ပြီး

အညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Ratsasan (2018)


No downloads available

Genres



Related movies