Channel Myanmar

New releases (2025)

Content at random


Movies

Marrowbone (2017) 6.7
Marrowbone (2017) Marrowbone (2017)IMDb Rating (6.7)ပုလဲမ Mia Goth ရယ် Anya Taylor Jay ရယ် George MacKay ရယ်  Strangers Things က Charlie ရယ်စတဲ့ တက်သစ်စလူငယ်သရုပ်ဆောင်တွေနဲ့ ပွဲထွက်ခဲ့ပြီးတော့ ဒါရိုက်တာ Sergio G. Sanchez ရိုက်ကူးခဲ့တဲ့ Marrowbone အမည်ရ Drama/Horror ကားကို နာမည်ကျော်ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Universal မှ 2017 October မှာ ထုတ်လွှင့်ခဲ့ပါတယ်။အမေဖြစ်သူနဲ့ သားသမီးလေးယောက်တို့ဟာ လူတစ်ယောက်ရဲ့ရန်ကိုကြောက်ရွံ့တာကြောင့် အင်္ဂလန်မှ အမေရိကန်မှာရှိတဲ့ မဲရိုးဘုန်းလို့အမည်ရတဲ့အိမ်ကြီးတစ်အိမ်ကိုပြောင်းရွှေ့နေထိုင်ခဲ့ကာ ဘဝအသစ်ကိုစတင်ခဲ့ပါတယ်။ ရောဂါကြောင့် အမေဖြစ်သူသေဆုံးသွားတဲ့အခါမှာတော့ ညီငယ် ညီမငယ်တွေကို စောင့်ရှောက်ဖို့တာဝန်ဟာ သားအကြီးဖြစ်သူ ဂျက်ပခုံးပေါ်ကျရောက်လာပါတယ်။ ဒါ့အပြင်မဲရိုးဘုန်းအိမ်ကြီးရဲ့နံရံအတွင်းမှာ အမျိုးအမည်မသိတဲ့အန္တရာယ်တစ်ခုဟာလည်းတည်ရှိနေပါတယ်။ ဂျက်ဟာ သူ့အမေကိုကတိပေးခဲ့သလိုမျိုး သူ့မိသားစုကိုစောင့်ရှောက်နိုင်ပါ့မလား၊ သူတို့အိမ်ရဲ့နံရံအတွင်းမှာရှိနေတဲ့ အရာကဘာလဲစတဲ့ သည်းထိတ်ရင်ဖိုစိုးရွံ့စရာတွေနဲ့ ဇာတ်လမ်းဟာ Horror ထက် Mystery ဘက်ကိုပိုကဲတဲ့အတွက် ဘာမှသိပ်မသိပဲကြည့်ရတာပိုပြီးအရသာရှိပါလိမ့်မယ် File size…(3.1 GB )/(1.1 GB)/ (810 ...
movie

Marrowbone (2017)

2017
4K HEVC
Shree (2013) 6.3
Shree (2013) Shree (2013) စာရေးလေးရှရီးနှင့် သူပတ်သက်မိသောပဟေဠိယခုအခါမှာတော့ လွန်ခဲ့တဲ့ (၁၀)နှစ်ကျော်ကာလ ၂၀၁၃ ခုနှစ်က ထွက်ရှိထားပြီး IMDB 6.3/10 ရရှိထားတဲ့ “Shree”ဆိုတဲ့ Sci-Fi/Thriller ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ချစ်ရသူဆိုနူးလေးကို သိပ်သိပ်ချစ်ရ ပေမယ့် ပိုက်ဆံမရှိလို့ လက်မထပ်ရသေးတဲ့ စာရေးလေး ရှရီး… Air Calling ဆိုတဲ့ ဆက်သွယ်ရေး ကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်လုပ်ပြီး ချစ်ရသူနဲ့လက်ထပ်ရဖို့အရေး ကြိုးစားရှာဖွေ‌နေရင်း ကုမ္ပဏီပိုင်ရှင်သူဌေးကြီး ရမ်ဒါဝမ်ရဲ့ ကမ်းလှမ်းချက်တွေအောက်မှာ စီးမျောပါသွားမိရာကနေ ပဟေဠိဆန်လှတဲ့သိပ္ပံစမ်းသပ်ချက်တစ်ခုမှာ ပါဝင်ပတ်သက်ခဲ့မိပြီး အဆုံးသတ်မှာ ဘာတွေ ကြုံတွေ့လာရမှာလဲဆိုတာကို ပဟေဠိရှာရသလို ကြည့်ရှုခံစားသွားရမှာပဲဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကိုတော့ CM Bollywood Team က ခံစားပြန်ဆိုရေးသားပေးထားတာပဲဖြစ်ပါတယ်) File size…1.8GB / 895MB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….1h 49m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Shree (2013)

Someone Like You…(2001) 6.1
Someone Like You…(2001)  ဇာတ်ဆောင်ဂျိန်းက အသည်းကွဲနေတဲ့ကာလမှာ ယောကျာ်းတွေရဲ့သဘောသဘာဝကိုအဖြေရှာချင်ခဲ့ပါတယ်။ သူရှာဖွေတွေ့ရှိလာတဲ့သီအိုရီတခုကတော့ နွားအသစ်ပါတဲ့။နွားထီးတွေဟာ သူတိုမိတ်လိုက်ပြီးသားနွားမကို ၂ခါပြန်ပြီးမိတ်မလိုက်တတ်ပါဘူးတဲ့။ ယောကျာ်းတွေဟာလည်း နွားထီးတွေလို အသစ်မြင် အဟောင်းမေ့ဗီဇပါတဲ့သတ္တဝါတွေလိုမှတ်ယူလိုက်ပါတော့တယ်။ဂျိန်းကဇာတ်လမ်းအဆုံးထိ နွားသစ်သီအိုရီကိုလက်ခံသွားမလား မှားကြောင်းပြမယ့်လက်တွဲဖော်တွေ့သွားမလား???? ဇာတ်ကားအညွှန်း‌ရေးသူမိမိလည်း ဒီသီအိုရီကိုလက်ခံချင်မိပါတယ်။ လူကြီးမင်းတိုအမြင်မှာရော နွားအသစ်သီအိုရီကိုလက်ခံလား လက်မခံဘူးလား?လက်မခံတဲ့သူတွေကို အားကျလိုက်တာ အချစ်ခံရတဲ့လူသားတွေဖြစ်မယ်ထင်ပါတယ်။ မိမိလည်း နွားသစ်သီအိုရီကမှားကြောင်းပြနိုင်မယ့်သူတွေ့လာမယ်မျှော်လင့်ရင်း အညွှန်းလေးကိုအဆုံးသတ်လိုက်ပါတယ်ရှင့်။ File size…(1.8 GB)/(990 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:37:00 Genre... Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Inzali
movie

Someone Like You…(2001)

Bheema (2024) 6.7
Bheema (2024) Bheema 2024 ( ဘီးမာ )ဒီတစ်ခါ CM Bollywood ပရိသတ်ကြီးကိုတင်ဆက်ပေးချင်တာကတော့ IMDb 6.8/10 ရ Bheema ဆိုတဲ့ 2024 ထွက်ရုပ်ရှင်ပဲဖြစ်ပါတယ်.. ဘီးမာလို့အမည်ရတဲ့ မိဘမဲ့နဲ့ ဆေးခြောက်ရောင်းတဲ့ မန်ဂျူတို့ရဲ့ကြားက အငြိုးအတေးတွေအကြောင်းကို အကအလှတွေနဲ့အတူ မြိုင်မြိုင်ဆိုင်ဆိုင်ရိုက်ကူးထားတဲ့ Thriller/Action အမျိုးအစားပါဇာတ်လမ်းအကျဉ်းကတော့..ကားအပိုပစ္စည်းတွေရောင်းတဲ့ဂျေစီလမ်းမှာ နာမည်ကြီးကားပြင်ဆရာ ရန်မနဆိုသူရှိပါတယ်။ သူတို့မှာ သားလေးတစ်ယောက်အပြင် မန်ဂျူဆိုတဲ့ အကူကောင်လေးတစ်ယောက်ကိုလည်း သားတစ်ယောက်လိုပြုစုပြီး ခေါ်ထားပါသေးတယ်။ ဒါပေမဲ့ ၀မ်းမနာသားလေးကတော့ လူမိုက်တွေနဲ့ပေါင်းပြီး ကားပြင်ရုံမှာ ဆေးခြောက်ခိုးရောင်းပြီး ကျွေးကျေးဇူးတွေကိုဆပ်နေရှာပါတယ်။သားအရင်းကသိတော့ ဆေးခြောက်တောင်းသုံးရင်း အက်စီးဒန့်ဖြစ်ကာ မာလကဈာန်ကြွသွားပါတော့တယ်။ အဲဒီမှာပဲ မွေးစားသားကို နှင်ထုတ်လိုက်ကာ ရန်မနလည်း အရက်ဂျိုးကပ်ပြီး မူးရူးနေရင်း နေ့ရက်တွေကိုဖြတ်သန်းနေတော့ မကြည့်ရက်တဲ့မိတ်ဆွေက ဘီးမာနဲ့အလူလို့ခေါ်တဲ့ မိဘမဲ့ကောင်လေးနှစ်ယောက်ကို ခေါ်လာပြီး ပညာသင်ရင်းမွေးစားခိုင်းလိုက်ပါတယ်။ဒီလိုနဲ့ သားလေးသေတဲ့ တစ်နှစ်ပြည့်မှာ လူမိုက်စစ်စစ်ကြီးဖြစ်နေပြီဖြစ်တဲ့ မန်ဂျူကို ငါ့သားသေတာမင်းကြောင့်ဘာညာ သွားဖြဲရာက ဟိုကထိုးကြိတ်လွှတ်လိုက်လို့ အိပ်ရာပေါ်လဲသွားပါတယ်။ အဲဒီနောက်တော့ နာလန်မထူဘဲ တအိအိနဲ့နေမကောင်းဖြစ်ပြီး ဆုံးပါးသွားတဲ့အတွက် မွေးစားသားအသစ်လေး ဘီးမာနဲ့ မွေးစားသားဟောင်း မန်ဂျူတို့ကြားမှာ ဖျောက်ဖျက်မရနိုင်တဲ့ အငြိုးတရားတွေ ကြီးထွားလာတယ်။အဲဒီလိုနဲ့ ဘီးမာဆိုတဲ့ ခါချဉ်ကောင်လေးက ...
movie

Bheema (2024)

Six Pack (1982) 6.0
Six Pack (1982) ပြိုင်ကားသမားဟောင်း ဘရူးဘိတ်ကာဟာ တက္ကဆက်ပြည်နယ်က မြို့လေးတစ်ခုမှ ဆီထည့်ရင်း သူ၏ပြိုင်ကားအစိတ်ပိုင်းတွေ ဖြုတ်အခိုးခံလိုက်ရပါတော့တယ်။ ခိုးသွားတဲ့တရားခံကို လိုက်ရှာရင်း တရားခံတွေက ကလေးတစ်သိုက်ဖြစ်နေသောအခါ ဘရူးတစ်ယောက် လုပ်ရကိုင်ရကြပ်သွားပါတော့တယ်။ကလေးတွေမှာ သာမန်ထက်ပိုတဲ့ကားပြင်တဲ့အရည်အချင်းတွေ ရှိနေတာကို သတိထားမိသွားတဲ့အခါမှာတော့ ဘရူးဘိတ်ကာဟာ သူ့ရဲ့ပြိုင်ပွဲတွေကို ကလေးတွေကို စတင်ပြီးခေါ်သွားပါတော့တယ်။ ကလေးတွေနဲ့ ပြိုင်ကားသမားကြီး တဖြည်းဖြည်းသံယောဇဉ်ဖြစ်လာပုံ ကားပြိုင်ကွင်းထဲမှာ ပြိုင်ကားတွေ ပြိုင်ဆိုင်မှုပြင်းထန်ပုံတို့ကို မပျင်းရအောင် ကြည့်ရှုရမည့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ File size…(2 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:48:00 Genre... Motorsport, Comedy, Drama, Sport Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Eunice
movie

Six Pack (1982)

Pavi Caretaker (2024) 5.7
Pavi Caretaker (2024) Pavi Caretaker (2024)တံခါးစောင့်ပါဗီသရန်နဲ့ ခွေးလေးဘရိုIMDb-5.9/10Kerala State Film Awards , Filmfare Awards South တို့အပါအဝင် ဆုပေးပွဲများစွာမှာ Best Actor နဲ့ တခြားဆုတွေအများကြီးဆွတ်ခူးခဲ့ဖူးတဲ့ ပရိုဂျူဆာ ၊ မင်းသားကြီး Dileep အဓိကပါဝင်ထားတဲ့ ရိုမန့်ဟာသကားလေးပဲဖြစ်ပါတယ်ပါဗီသရန်က ဇိမ်ခံတိုက်ခန်းတွေရှိတဲ့အဆောက်အဦးကြီးရဲ့ တံခါးစောင့်လူပျိုကြီး ၊ သူ့ရဲ့ အမောပြေရန်တွေ့စရာ အဖော်ကတော့ သူ့ခွေးလေး ဘရိုပါပဲ ။ပါဗီသရန်က ပင်စင်စားအဒေါ်ကြီးတစ်ယောက်ရဲ့တိုက်ခန်းမှာ နှစ်ရှည်လများငှားခမပေးဘဲ ကပ်နေတယ် ၊ ဒီလိုနဲ့ အိမ်ရှင်အဒေါ်ကြီးက သူ့တိုက်ခန်းမှာငှားခရမဲ့သူတစ်ယောက်ကို သူနဲ့တွဲထားတော့မယ်ဆိုပြီး တစ်ချက်လွှတ်ပြောလာတဲ့အချိန်...။သူနဲ့ ခွေးလေးဘရိုပဲ လွတ်လွတ်လပ်လပ်နေလာတဲ့နေရာမှာ လူသစ်ရောက်လာမယ်ဆိုတော့ လူပျိုကြီးအကြံအိုက်တော့တာပါပဲ....။ဒါပေမဲ့ရောက်လာတဲ့အိမ်ငှားအသစ်က အမျိုးသမီးဆိုတာ သိလိုက်ရတော့ လူပျိုကြီးဘယ်လိုတွေပြောင်းလဲလာမလဲ...။သတ်လတ်ပိုင်းလူပျိုကြီးတစ်‌ယောက်ရဲ့ အလွဲအချော်တွေနဲ့ ချစ်စရာခွေးလေးရဲ့ အပြုအမူတွေက တစ်ခဏတော့ပြုံးမိစေမှာမို့ CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ CM Bollywood Team မှပဲဖြစ်ပါတယ် File size…2.24GB / 1.2GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ ...
movie

Pavi Caretaker (2024)

I Heart Robots (2024) 5.8
I Heart Robots (2024)  အနာဂတ်ကာလတစ်ခုမှာ လူတွေနဲ့ စက်ရုပ်တွေ ယှဉ်တွဲနေထိုင်လာကြရင်း AIနဲ့ စက်ရုပ်တွေရဲ့ သဘာဝအတိုင်း လူသားတွေကိုသတ်ဖြတ်မယ့် စက်တွေအဖြစ်ကို ပြောင်းလဲသွားတာကြောင့်လူသားတွေနဲ့ စက်ရုပ်တွေ စစ်မက်ဖြစ်လာခဲ့ပြီး ကမ္ဘာပျက်ကပ်ကြီးစဖြစ်လာခဲ့ပါတယ်။ဒီစစ်ပွဲမှာ လူသားတွေ အရေးနိမ့်သွားခဲ့ပြီး စက်ရုပ်တွေရဲ့ လိုက်လံသတ်ဖြတ်ခြင်းကို ခံရတာကြောင့် အဖွဲ့လိုက် ပုန်းခိုနေရတဲ့ဘဝကိုရောက်သွားကြပါတယ်။ဒီထဲက တဲရာဆိုတဲ့ မိန်းကလေးတစ်‌ဦးက စိတ်မဖောက်သွားတဲ့စက်ရုပ်တစ်ရုပ်နဲ့အတူ လူသားတွေရော၊စက်ရုပ်တွေပါသေကြေပျက်စီးစေမယ့် အဏုမြူဗုံး ပေါက်ကွဲမှုကို တားဆီးဖို့ကြိုးပမ်းရပါတော့တယ်.... File size…1.46GB / 743MB Quality…WEB-Rip   1080p  / 720p Format…mp4 Duration….1h 17m Genre ….. Action , Adventure Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JimX
movie

I Heart Robots (2024)

Rebel (2024) 5.5
Rebel (2024)  ဒီဇာတ်ကားလေးကတော့ ၂၀၂၄ ခုနှစ်မှာထွက်ရှိခဲ့တဲ့ မလေးရှားဂန်းစတား ဇာတ်ကားလေးပဲဖြစ်ပါတယ်။ဒီဇာတ်ကားလေးကတော့ အဖြစ်မှန်အပေါ် အခြေခံထားတာဖြစ်ပြီးမလေးရှားဂန်းစတား လုကာ ရဲ့အကြောင်းကို ပြန်လည်ရိုက်ကူးထားတာပါ။လုကာ တို့က ကျူးကျော်ရပ်ကွက်တစ်ခုထဲမှာနေထိုင်ပြီး အဲဒီရပ်ကွက်မှာ လူမိုက်တွေ၊ မူးယစ်ဆေးတွေနဲ့ ဒုစရိုက်မှုတွေနဲ့ပြည့်နေတယ်။ လုကာ အမေက ရပ်ကွက်ထဲမှာ မုန့်ရောင်းပြီးလုကာအဖေက အလုပ်အရမ်းလုပ်လို့ အိမ်ကိုနောက်ကျမှပြန်ရောက်လေ့ရှိတယ်။ လုကာတို့ ရပ်ကွက်‌မှာ သာမန်ပြည်သူတွေကလူမိုက်တွေကိုကြောက်ရပြီး လုကာ ကလည်း အနိုင်ကျင့်ခံရတဲ့ကလေးတစ်ယောက်ပါ။အဲဒီလိုနဲ့ မခံချင်စိတ်ပြင်းထန်တဲ့ လုကာ က အသက်ကြီးလာတဲ့အခါလူမိုက်တွေကိုပြန်တွန်းလှန်ခဲ့တယ်။ဒီဇာတ်လမ်းလေးမှာတော့ လုကာ နဲ့ လူမိုက်တွေကြားက အကြောင်းတွေ၊မလေးရှားမြေအောက်လောက အဖွဲ့အစည်းတွေရဲ့ပတ်သတ်မှုတွေကိုအက်ရှင်ခန်းတွေအပြည့်နဲ့ရှုစားကြရမှာဖြစ်ပါတယ်။(မလေးရှားရဲ့ လမ်းမတော်ဖိုးတုတ်ပေါ့ခင်ဗျာ) File size…1.52GB / 930MB Quality…NF WEB-DL   1080p 5.1CH / 720p Format…mp4 Duration….1h 40m Genre ….. Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil
movie

Rebel (2024)

The Daechi Scandal (2024)
The Daechi Scandal (2024) The Daechi Scandal (2024)**************************ဒီတစ်ခေါက်မှာတော့ Wonder Girls အဖွဲ့ဝင်ဟောင်း Ahn So-Hee နဲ့Military Prosecutor Doberman ထဲမှ မင်းသား Park Sang-Nam တို့အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ရုံတင်ကားသစ်လေးကို တင်ဆင်ပေးလိုက်ပါ‌တယ်။- ဇာတ်လမ်းအကျဉ်း -ဂင်ယွန်းအင် (Ahn So-Hee) ကတော့ ဒယ်ချီဒုံက ယွန်းချောဆူသင်တန်းကျောင်းမှာအလုပ်လုပ်နေတဲ့ ဘာသာဗေဒနည်းပြဆရာမလေးပါ။အလယ်တန်းနှစ်ဝက်စာမေးပွဲတွေအပြီးမှာ အလယ်တန်း ဘာသာဗေဒဆရာလေးဘဲ့ဂီဟိန်းက ယွန်းအင်ရဲ့ အိမ်ကို လာတွေ့ခဲ့ပါတယ်။ဂီဟိန်းကတော့ တခြားသူမဟုတ်ဘဲ လွန်ခဲ့တဲ့ ၁၀ နှစ်က ယွန်းအင်နဲ့တက္ကသိုလ်တစ်ကျောင်းတည်း တစ်မေဂျာတည်းမှာတက်ခဲ့တဲ့ကျောင်းနေဖက်ဖြစ်သလို ယွန်းအင်ရဲ့ရည်းစားဟောင်းတစ်ယောက်ပါ။သင်တန်းကျောင်းက ဘာသာဗေဒနည်းပြဆရာမလေးနဲ့ ကျောင်းဆရာလေးတို့တွေ့ဆုံနေကြတဲ့ပုံတွေ ပျံ့နှံ့သွားပြီး မေးခွန်းပေါက်ကြားပါတယ်ဆိုတဲ့သံသယဝင်မှုတွေ စဖြစ်လာတဲ့အခါမှာတော့...အဲဒီသံသယတွေ ပျောက်သွားအောင် ဘယ်လိုဖြေရှင်းကြမလဲယွန်းအင်နဲ့ ၁၀ နှစ်ကြာမှ ပြန်တွေ့တဲ့ ရည်းစားဟောင်း ဂီဟိန်းတို့ကြားမှာဘယ်လိုမျိုး ဇာတ်လမ်းလေးတွေ ပြန်စတင်လာမလဲဆိုတာကိုတော့ဇာတ်ကားလေးထဲမှာပဲ ဆက်လက်ကြည့်ရှုပေးကြပါဦး။ (ဇာတ်လမ်းအကျဉ်းကို Hnin Wai Oo မှ ရေးသားပေးထားပါတယ်။) File ...
movie

The Daechi Scandal (2024)

Fuchsia Libre (2024) 5.5
Fuchsia Libre (2024)  Fusha Libre ဟာ အက်ရှင်၊ ဟာသအမျိုးအစားဖိလစ်ပိုင်ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။ မိခင်ဆုံးပါးပြီးတဲ့နောက်တစ်ဦးကိုတစ်ဦးမှီခိုနေထိုင်လာကြတဲ့ဒန်နီနဲ့အိုလီဗာတို့ဟာသိပ်ချစ်ကြတဲ့သားအဖတွေဖြစ်ပါတယ်။ငယ်ငယ်ငယ်ကတည်းက ကိုယ့်ကိုယ်ကိုယ်ဂေးမှန်းသိနေခဲ့တဲ့အိုလီဗာဟာ ယောကျ်ားပီသစေချင်တဲ့ဖခင်ရဲ့ဆန္ဒကြောင့်သူ့ပုံစံမှန်ကိုမျိုသိပ်ရင်း ကြီးပြင်းလာခဲ့ရပါတယ်။လူပျိုအရွယ်ရောက်လာတဲ့အခါမှာတော့ အိုလီဗာကယောကျ်ားလေးချင်းရည်းစားထားနေတာကိုသိသွားတဲ့ဒန်နီကအိုလီဗာကိုစိတ်ဆိုးပြီး သားအဖဆက်ဆံရေးကိုလည်းဖြတ်ပစ်ခဲ့ပါတယ်။အိုလီဗာက ဘဝကိုကြိုးစားရုန်းကန်ရင်း သူတည်ထောင်ထားတဲ့အားကစားခန်းမလေးကိုကယ်တင်နိုင်ဖို့ ကြေးကြီးတဲ့ မြေအောက်လက်ဝှေ့ကြိုးဝိုင်းတစ်ခုမှာ ဝင်ထိုးဖို့ဖြစ်လာခဲ့ပါတယ်။အိုလီဗာထင်မထားခဲ့တာက သူ့အဖေဒန်နီဟာ လက်ဝှေ့ပွဲကျင်းပသူတွေထဲကတစ်ယောက်ဖြစ်နေတဲ့အပြင် သူပတ်သက်ခဲ့မိတာကသာမန်တရားမဝင်လက်ဝှေ့ကြိုးဝိုင်းလေးတစ်ခုမဟုတ်ဘဲ ရက်စက်တဲ့လူသတ်မှုတွေ၊ ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ဂိုဏ်းကြီးတစ်ခုဖြစ်နေပါတော့တယ်။ File size…2.41GB / 1.16GB Quality…WEB-DL   1080p 5.1CH / 720p Format…mp4 Duration….1h 52m Genre ….. Action , Comedy , Sport Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie

Fuchsia Libre (2024)

[18+] Uhaw (2024) 5.0
[18+] Uhaw (2024) ရီဂျွိုက်စ်နဲ့မားကပ်စ်ဟာ သိပ်ချစ်ကြတဲ့စုံတွဲတွေဖြစ်ပြီး လတ်တလောမှာတော့ မားကပ်စ်တစ်ယောက် ရောဂါကြောင့်ကိုမာဝင်သွားတဲ့အတွက် ရီဂျွိုက်စ်ကပဲ စီးပွားရေးလူမှုရေးတင်မက မားကပ်စ်ရဲ့ကျန်းမာရေးကိစ္စကိုပါ အသေးစိတ်ပြုစုတာဝန်ယူထားရပါတယ်။ တစ်နေ့မှာတော့ မားကပ်စ်ရဲ့ဖုန်းကို အမျိုးသမီးတစ်ယောက်ဆီက မက်ဆေ့ချ်ဝင်လာခဲ့ပြီး အဲ့ဒီအမျိုးသမီးဟာ သူ့ကိုသိပ်ချစ်ပါတယ်ဆိုတဲ့ မားကပ်စ်ရဲ့တိတ်တိတ်ပုန်းလျှို့ဝှက်ဇာတ်လမ်းတစ်ခုဖြစ်တယ်ဆိုတာ သိလိုက်ရတဲ့နောက် ရီဂျွိုက်စ်တစ်ယောက် အဲ့ဒီအမျိုးသမီးနဲ့ရင်ဆိုင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒါပေမယ့် တကယ်တမ်းတွေ့လိုက်ရတဲ့အချိန်မှာ သူထင်ထားသလိုမဟုတ်ပဲ အကြောင်းရင်းအမှန်တွေကိုပိုသိလာရတဲ့နောက် အဲ့ဒီအမျိုးသမီးကို သတိလစ်နေတဲ့ သူ့ခင်ပွန်းထက်ပိုပြီးငြိတွယ်သွားမိပါတော့တယ်။ Mainstream လိုင်းဘက်ကိုပြောင်းသွားပြီးနောက် ဒီဘက်ပိုင်းမှာကားရိုက်ကြဲသွားတဲ့ မမလေး Angeli Khang ရဲ့ကားသစ်ဖြစ်ပါတယ်။ ရီဂျွိုက်စ်အဖြစ်ပါဝင်ထားသူကတော့ The Voice Kids မှာဒိုင်သုံးယောက်ကိုခုံလှည့်အောင်စွမ်းဆောင်နိုင်ခဲ့တဲ့ Ataska Mercado ဖြစ်ပြီး ဒီဇာတ်ကားရဲ့ဇာတ်ဝင်သီချင်းတွေကို ကိုယ်တိုင်သီဆိုထားပါတယ်။အားရကျေနပ်ကြမှာပါ။( အညွှန်းရေးသားထားသူက‌တော့ alias ပါ )File size_(950MB)/(450MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:55:00 Genre_Adult, Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias
movie

[18+] Uhaw (2024)

Ganymede (2024) 5.5
Ganymede (2024)  ဘာသာရေးအစွန်းရောက်မှုတွေ LGBT လူ့အဖွဲ့အစည်းနဲ့ပတ်သတ်လို့လွဲမှားနေတဲ့အယူအဆတွေကိုမီးမောင်းထိုးပြပေးသွားမဲ့ BL ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားလေးရဲ့နာမည်ကတော့ Ganymede ဖြစ်ပြီးသည်းထိပ်ရင်ဖိုဒရာမာပုံစံရိုက်ကူးပြသထားပါတယ်။မိဘမှန်ရင်ကိုယ့်သားသမီးကိုသဘာ၀အတိုင်းပဲဖြစ်စေချင်ကြပေမဲ့သဘာ၀နဲ့ဆန့်ကျင်တဲ့လိင်စိတ်တွေဖြစ်လာတဲ့အခါမှာလက်ခံပေးကြတဲ့မိဘတွေရှိသလို ခါးခါးသီးသီးမုန်းတီးကြတဲ့မိဘတွေလည်းရှိပါတယ်။အပြင်လောကမှာလည်းတကယ်ဖြစ်နေတဲ့ဒီလိုအရှုပ်အထွေးတွေကိုကျောင်းသားကောင်လေး ၂ ယောက်ရဲ့အချစ်ဇာတ်လမ်းလေးနဲ့တင်ဆက်ပေးထားပါတယ်။လီဖလက်ချာဆိုတဲ့ ကောင်လေးက မျိုးရိုးမြင့်တဲ့ ဖလက်ချာမိသားစုကဆင်းသက်လာတဲ့သူဖြစ်ပြီး သူ့ဘ၀မှာလွတ်လပ်မှုအရသာကိုမခံစားဖူးသလို မိဘတွေပြောတဲ့အတိုင်းတသဝေမတိမ်းနေခဲ့ရပါတယ်။ဒါပေမယ့်သူ့မှာ လိင်တူချစ်ကြိုက်တဲ့စိတ်လေးအနည်းငယ်ရှိနေတာကိုတော့ ကိုင်လ်ဆိုတဲ့ကောင်လေးနဲ့တွေ့မှ သူကိုယ်တိုင်သိလာခဲ့ရတာဖြစ်ပါတယ်။အဲ့ဒီမှာတင်လီရဲ့မိသားစုမှာ ပြဿနာအကြီးအကျယ်စဖြစ်ကြပြီးလီကိုလမ်းမှန်ရောက်အောင်ပြန်တည့်ပေးဖို့အတွက်မိဘတွေကဘာသာရေးနဲ့အစွမ်းကုန်ကြိုးစားကြပါတော့တယ်။ဒါပေမယ့်သူတို့ရဲ့ဘာသာရေးက တော်ရုံတန်ရုံမဟုတ်ပဲအစွန်းရောက်နေတဲ့အဆင့်ဖြစ်နေတဲ့အခါမှာ လီနဲ့ကိုင်လ်တို့ရဲ့အချစ်အတွက် ဘယ်လိုအခက်အခဲတွေကိုကြုံတွေ့ရင်ဆိုင်သွားရမယ်ဆိုတာကြည့်ရှုရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.23GB / 638MB Quality…WEB-Rip 1080p  / 720p Format…mp4 Duration….1h 37m Genre ….. Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Ganymede (2024)

Antikalpa (2023) 6.3
Antikalpa (2023) Taiwan ကားတွေက အခုနောက်ပိုင်း တရုတ်ပြည်မကြီးက ကားတွေထက် ပိုကောင်းလာကြတယ်...သူတို့ရဲ့ ဇာတ်လမ်း ဇာတ်အိမ်အထားအသိုတွေက Special Effect တွေအများကြီးသုံးထားတဲ့ တရုတ်ပေါကားတွေထက်တော့ အပုံကြီးသာတာအမှန်ပဲဒီကားထဲမှာကတော့ အရင် ၂၀၂၁ တုန်းက ရှယ်ပေါက်ထားတဲ့ Limited Movieဖြစ်တဲ့ The Sadness ဆိုတဲ့ Zombie ကားထဲက မင်းသမီးချော Regina Leiကပဲ ထပ်မံပါ၀င်ထားပါတယ်ဇာတ်လမ်းကတော့ Dai ဆိုတဲ့ကောင်လေးက ဂုဏ်သိက္ခာကြီးမားတဲ့ ရှေးရိုးစွဲဘုရားကျောင်း ဖွင့်လှစ်ထားတဲ့ မိသားစုမှ ဆင်းသက်လာတာပါ...သူ့မှာ ငယ်ငယ်တည်းက ချစ်ရတဲ့ Yu Fan ဆိုတဲ့ကောင်မလေးတစ်ယောက်ရှိတယ်အဲ့ကောင်မလေးရဲ့ ပျောက်ဆုံးနေတဲ့အဒေါ်ကို ကူရှာပေးဖို့ ကြိုးစားကြရင်း နတ်ဘုရားတွေဆီ အကူအညီတောင်းကြတဲ့အခါ...[ အညွှန်းရေးသားထားသူက‌တော့ အားဟောက် (a hao) ပါ ]File size_(1.6GB)/(780MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:37:00 Genre_Horror Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Mark
movie

Antikalpa (2023)

A House in Jerusalem (2023) 6.9
A House in Jerusalem (2023)  ဒီတစ်ခါ cm ပရိသတ်ကြီးကို ဆယ်ကျော်သက် ဒရာမာကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားလေးက IMDB မှာRating 6.9 အထိ ရရှိထားပြီး၂၀၂၃ ရွှေကြက်ဖရုပ်ရှင်ပွဲတော်မှာ ဆန်ကာတင်အဖြစ် ရွေးချယ်ခံခဲ့ရပါသေးတယ်။ ဒီဇာတ်ကားမှာဆိုရင် ၁၉၄၈ ခုနှစ် ဝန်းကျင် အစ္စရေး-ပါလက်စတိုင်းသမိုင်းကြောင်းဆိုင်ရာ စစ်ပွဲ မငြိမ်းချမ်းမှုတွေရဲ့ စိတ်ဒဏ်ရာတွေနဲ့ချစ်ခင်သူတွေကို ဆုံးရှုံးရတဲ့ ပူဆွေးဝမ်းနည်းမှုတွေကို တစ်စိတ်တပိုင်းဖော်ကြူးရိုက်ကူးထားတာပါ။အဓိကသရုပ်ဆောင်ဖြစ်တဲ့ ဆယ်ကျော်သက်အရွယ် မိုင်လေလော့ခ် ဟာStranger Things ထဲက နာမည်ကြီးမင်းသမီး မီလီဘရောင်းရဲ့ ဇာတ်ကောင်စရိုက်နဲ့ အတော်လေးဆင်တူတာကိုလည်း တွေ့ရပါတယ်။ဇာတ်ကားအဆုံးသတ်ဟာဆိုလည်း ထင်မထားတဲ့ အံ့ဩစရာ လှည့်ကွက်နဲ့အတူ ကြည့်ရှုသူတွေ မေးခွန်းထုတ်စရာ ပဟေဠိ အတွေးပွားစေမယ့်ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ဇာတ်ကြောင်းကတော့....ရီဘက်ကာဆိုတဲ့ ဆယ်ကျော်သက်ကောင်မလေး တစ်ယောက်ဟာမိခင်ဖြစ်သူကို ကားမတော်တဆမှုမှာ အသက်ဆုံးရှုံးခဲ့ရပြီး အဖိုးအမွေထားခဲ့တဲ့ ဂျေရုဆလင်မြို့က အိမ်လေးကို ဖခင်နဲ့အတူ ပြောင်းရွှေ့လာခဲ့ပါတယ်။ အဲဒီအိမ်မှာ ရီဘက်ကာ တစ်ယောက်ပဲ မြင်နိုင်တွေ့နိုင်တဲ့ သူမနဲ့ရွယ်တူ ရာရှာဆိုတဲ့ ပါလက်စတိုင်းလူမျိုး ...
movie

A House in Jerusalem (2023)

Chain of Fools (2000) 6.0
Chain of Fools (2000) Chain of Fools (2000) IMDB: 6 Rotten Tomatoes: 40% Genre: Comedy/Crime Chain of Fools (2000) ကတော့ ဘယ်လိုပြောရမလဲအတော်လေးသဘောကျဖို့ကောင်းတဲ့ ဟာသကားတစ်ကားလို့ပဲပြောချင်ပါတယ်။မင်းသား၊ မင်းသမီးတွေကလည်းပရိသတ်နဲ့မစိမ်းတဲ့လူတွေဖြစ်တာကြောင့်ကြည့်ရတာ တန်တဲ့ ရုပ်ရှင်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်။ ဇာတ်ညွှန်း၊Kresk ဆိုတာကတော့ ဘဝကို အောင်မြင်မှုဆိုတာဘာမှန်းမသိပဲဖြတ်သန်းနေတဲ့လူတစ်ယောက်ဖြစ်ပါတယ်။ဆံသဆရာဆိုပေမယ့် မိန်းမကလည်းကွာရှင်းတော့မယ်ဝင်ငွေကလည်းမကောင်း ဘဝကြီးကို ယက်ကန်၊ ယက်ကန်ပတ်လက်လေး ဖြတ်သန်းနေတဲ့ လူတစ်ယောက်ဖြစ်ပါတယ်။တစ်ရက်မှာတော့ Avnet ဆိုတဲ့လူတစ်ယောက် Kresk ရဲ့ဆိုင်ထဲကိုတည့်တည့်မတ်မတ်ဝင်လာပြီး ဆံပင်ညှပ်ခဲ့ပါတယ်။Kresk မသိခဲ့တာက Avnetဟာ လက်ရှိနာမည်ကြီးနေတဲ့တန်ကြေးမြင့် တရုတ်ဒင်္ဂါးပြားတွေကို ဓားပြတိုက်သွားတဲ့လူတစ်ယောက်ဖြစ်လာပါတော့တယ်။ ဖြစ်ချင်တော့ ကတ်ကြေးနဲ့ Avent ရဲ့လည်မြိုကိုစိုက်မိပြီးAvent တစ်ယောက် ခန့်ခန့်ကြီးနဲ့ ဆန့်ဆန့်ကြီးလျှောသွားပါတော့တယ်။ဒင်္ဂါးတွေဟာလည်း Kresk ရဲ့လက်ထဲကိုရောက်လာခဲ့ပါတယ်။ဒါပေမယ့် ထင်သလောက်မရိုးရှင်းပဲ လုပ်ကြံရေးသမား Mikey နဲ့ရဲတပ်ကြပ်ကြီး Kolko တို့ပါပါလာခဲ့ပါတယ်။ကဲဘယ်လိုများ အရှုပ်ထုပ်တွေဖြစ်လာမှာလဲဆိုတာကိုတော့ကြည့်လိုက်ကြပါ။Kolko အဖြစ်မင်းသမီး Salma Hayek Avnet အဖြစ်မင်းသား Jeff Goldblum Mikey အဖြစ်မင်းသား Elijah WoodKresk ...
movie

Chain of Fools (2000)

Camp Cool Kids (2007)
Camp Cool Kids (2007) ဒီတစ်ခါ တင်ဆက် ပေးသွားမှာကတော့ ပေါ့ပေါ့ပါးပါးနဲ့ကြည့်လို့ကောင်းမယ့် လူငယ် ဇာတ်လမ်းလေးပါ။ဇာတ်လမ်း အကျဉ်းလေးကတော့ ဖခင် သေဆုံးသွားပြီးအဆင်မပြေဖြစ်နေကြတဲ့ ညီအစ်ကို ၂ ယောက်အီစထရိုမာ နွေရာသီကမ့်ပ်ကို သွားဖို့ ဖြစ်လာပါတယ်။လူကောင်ကြီးပြီး နေရာစုံမှာ တော်တဲ့ အစ်ကို ဖြစ်သူက အနိုင်ကျင့်တဲ့ ဒင်းန်တို့ အဖွဲ့နဲ့ ပေါင်းမိသွားတဲ့အခါ ညီအစ်ကို ၂ ယောက်ကြား ဆက်ဆံရေး တင်းမာလာပါတော့တယ်။ လူကောင်သေးပြီး ကြောက်တတ်တဲ့ စပန့်စ်တစ်ယောက် ဒီ အီစထရိုမာ ကမ့်ပ်မှာ ဘယ်လိုတွေ ဆက်ဖြစ်သွားမလဲဆိုတာ ပေါ့ပေါ့ပါးပါး ကြည့်ရှုရမှာပါ။  File size…    1.8 GB /  1.1 GB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 44m Genre ..... Comedy/Family Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Zin Sann Oo
movie

Camp Cool Kids (2007)

Rebel Ridge (2024)
Rebel Ridge (2024)  နက်ဖလစ်က ထွက်တဲ့ အက်ရှင်ကားအသစ်ပါ။ ဂျက်ရိချာလိုပဲ စစ်ပြန်တစ်ယောက်နဲ့ မြို့ငယ်လေးတစ်ခုက အကျင့်ပျက်နေတဲ့ ရဲစခန်းတစ်ခုလုံး ရင်ဆိုင်ရတဲ့အမျိုးအစားပါပဲ။ ဒါရိုက်တာကလည်း True Detective အပိုင်းတွေ ရိုက်ဖူးတဲ့ Jeremy Saulnier မို့ ဥပဒေပိုင်း ရဲအပိုင်းတွေ‌တော့ ပိုင်ပါတယ်။ RT 98 အထိ ရထားတာဆိုတော့ ဇာတ်လမ်းရောအက်ရှင်ရော ကောင်းတဲ့အထဲမှာပါပါတယ်။ အရမ်းကြီး ကြမ်းထော်နေတာလဲမဟုတ်ဘဲ True Detective လိုပဲ လူသားဆန်ဆန်ဇာတ်လမ်းမျိုးပါပဲ။ဇာတ်လမ်းအကျဉ်းတယ်ရီဆိုတဲ့ စစ်ပြန်ဟာ သူ့ရဲ့ညီဝမ်းကွဲ ဆေးမှုနဲ့ အဖမ်းခံထားရတာကို အာမခံထုတ်ပေးဖို့ ငွေထုပ်ပိုက်ပြီး စက်ဘီးနဲ့ လာတဲ့လမ်းမှာ ရဲကားတစ်စီးက သူ့ကို တိုက်လိုက်တယ်။ ပြီးတော့ သူယူလာတဲ့ငွေတွေကို မသင်္ကာမှုနဲ့ပါ သိမ်းလိုက်တယ်။ သူက အဲဒီငွေတွေကို ပြန်ရဖို့နဲ့ သူ့ညီလွတ်ဖို့လောက်ပဲ ပြန်လိုက်ကြိုးစားပေမဲ့ ပြဿနာတွေက ရှုပ်လာပြီး ရစခန်းတစ်ခုလုံးရဲ့ ခြစားမှုတွေနဲ့ အရှုပ်တော်ပုံတွေထဲကို ကြားညပ်သွားပါတယ်။ သူနဲ့ သူ့ကိုကူညီနေတဲ့ ...
movie

Rebel Ridge (2024)

Adios Amigo (2024) 6.1
Adios Amigo (2024) Adios Amigo(2024) နှုတ်ဆက်ပါတယ် သူငယ်ချင်းသြဂုတ်လအတွင်း လောလောလတ်လတ်ထွက်ထားတဲ့ ဘောလီးဝုဒ်ဟာသ ဒရမ်မာကားလေးကို တင်ဆက်သွားမှာပဲဖြစ်ပါတယ်။မိခင်ဖြစ်သူ ဆေးရုံတင်ထားရလို့ သောကဗျာများနေရပြီး ဆေးရုံစရိတ်အတွက်ပူပန်နေရတဲ့သူနဲ့ ဥစ္စာကြွယ်ဝလှပြီး ဘဝကိုပေါ့ပေါ့ဖြတ်သန်းနေတဲ့သူ..ဘဝအခြေအနေမတူလှတဲ့လူနှစ်ယောက် ဥဒဟိုသွားလာနေကြတဲ့ ဘတ်စ်ကားမှတ်တိုင်လေးတစ်ခုမှာ ဆုံစည်းခဲ့ကြပြီး ခရီးတစ်ခုတည်းသွားဖြစ်ခဲ့ရာမှာတော့ ဘာတွေဖြစ်လာမှာလဲ...IMDB 6.1/10 ရရှိထားပြီး အခြေအနေမတူတဲ့ လူနှစ်ယောက်ရဲ့ဘဝကို ခံစားကြည့်ရှူရမယ့် ကားလေးဖြစ်လို့ ကြည့်ရှုလိုက်ပါဦးနော်။(ဘာသာပြန်နဲ့ အညွှန်းကိုတော့ CM Bollywood Team က ခံစားရေးသားထားပါတယ်) File size… 2.69GB / 1.25GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 36m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team 
movie

Adios Amigo (2024)

The Shape of Things (2003) 6.6
The Shape of Things (2003)  ဒီရုပ်ရှင်က နားလည်ရခက်တဲ့ မိန်းမတွေထက် ပိုနားလည်ရခက်တဲ့ Artist တွေအကြောင်းပါ။တချို့လူတွေဟာ အချစ်မှာနစ်မြောသွားတဲ့အခါ ထိုလူပြုသမျှနုပြီး ထိုလူအကြိုက်လိုက်ကာ မိမိမဟုတ်တဲ့လူတစ်ယောက်အသွင်ကို ပြောင်းလဲနေထိုင်ရင်း ကိုယ့်ရဲ့ပင်ကိုယ်ဇာတိကိုပါပျောက်ရှရတတ်ပါတယ်။ လူတစ်ယောက်ကို အဲ့လိုလုပ်နိုင်ဖို့က အချစ်၊ ဂရုစိုက်မှုတွေနဲ့ အဲ့လူရဲ့အားနည်းချက်ကို ကောင်းကောင်းနားလည်ပြီးအသုံးချနိုင်ဖို့လိုအပ်ပါတယ်။ဒီလူဟာ ဖယောင်းလိုအပူပေးရုံနဲ့ ပြောင်းလဲလို့ရသူလား၊ ဒါမှမဟုတ် ရွံ့စေးလို ဖဲ့ထုတ်ဖြုတ်ဆက်ဖို့လိုအပ်သေးလား ဆိုတာကို ကြည့်တတ်မြငါတတ်ရပါမယ်။ ဒီဇာတ်လမ်းလေးကတော့ ချစ်သူအတွက်ဆို ဘာမဆိုပြောင်းလဲပေးနိုင်တဲ့ ကောင်လေးနဲ့ သူ့ကို အသုံးချပြီး "သက်ရှိလူသားရုပ်တု"တစ်ရုပ်လို ပြုပြင်ပြောင်းလဲဖို့ ချဉ္းကပ်လာခဲ့တဲ့ နားလည်ရခက်တဲ့ artist ကောင်မလေး တို့ရဲ့ အချစ်ဇာတ်လမ်းလေးပါ။တချို့ စကားအသုံးအနှုန်းတွေက ကြမ်းတမ်းတဲ့အတွက် ရုပ်ရှင်ကိုတော့ ၁၈+ Rating ပေးထားပါတယ်။T Hmue မှ ဘာသာပြန်အညွှန်းရေးသည်။ File size…(1.9 GB)/(960 Mb) Quality….Web-DL 1080p / 720p Format… mp4 Duration…. 01:66:00 Genre... Comedy, Drama, Romance Subtitle….Myanmar Subtitle ...
movie

The Shape of Things (2003)

Genres

Archives