Channel Myanmar

Rurouni Kenshin: The Legend Ends (2014)

Rurôni Kenshin: Densetsu no saigo-hen     

TV-MA 2h 14min ActionAdventureDramaHistory

7.6
IMDB: 7.6/10 8,335 votes

,

, , , , , , , , , , , ,

1 nomination.

Japan

1521740

Report error

Rurouni Kenshin: The Legend Ends (2014)_____IMDb – 7.6/10

 

442

 

2014 ခုနှစ်ထဲမှာပဲ ဒုတိယကား Kyoto Inferno နဲ့ ဆက်တိုက်

ထွက်ရှိခဲ့တဲ့ တတိယာကားဖြစ်တဲ့ The Legend End ကိုဆက်လက်

တင်ဆက်ပေးလိုက်ပါတယ် ဗျ

Kenshin ဆိုတာတော့ ထွေထွေထူးထူးမိတ်ဆက်ဖို့လိုမယ်မထင်ပါဘူး။

ခရီးသွားဆာမူရိုင်းဆိုတဲ့ Animeရုပ်သံဇာတ်လမ်းနဲ့ စတင်ရင်းနှီးပြီးသားဖြစ်မယ့်

ဒီဇာတ်လမ်းတွဲဟာ Watsuki Nobuhiro ရဲ့ ကမ္ဘာကျော် မန်ဂရုပ်ပြ လက်ရာတစ်ခုလည်း ဖြစ်ပါတယ်။

၂၀၁၂ ခုနှစ်မှာတော့ ဒါရိုက်တာOutomo Keishi ရိုက်ကူးပြီး၊

မင်းသား Satoh Takeru က Himura Kenshin အဖြစ်

ပါဝင်သရုပ်ဆောင်တဲ့ Live-action ဇာတ်ကားကို ရုံတင်ခဲ့ပြီး၊

အဆင့်မြင့်တဲ့ထုတ်လုပ်ရေးကွာလတီ၊ မြန်ဆန်လှပတဲ့ အက်ရှင်ရိုက်ချက်တွေကြောင့်

ပရိသတ်အားပေးမှုအထူးရခဲ့ကာ အက်ရှင်-မန်ဂ ကနေ ရုပ်ရှင်ပြောင်းရိုက်တဲ့

ဇာတ်ကားတွေအကြား စံပြ ဖြစ်လာခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ မန်ဂဇာတ်လမ်းရဲ့

Kyoto Arc ကို Kyoto Inferno နဲ့ The Legend Ends ဆိုပြီး၊

ရုပ်ရှင်ဇာတ်ကား၂ကား ခွဲ ရုံတင်ပြသခဲ့ပါတယ်။အားလုံးသိပြီးသားဖြစ်မှာဖြစ်ပေမယ့်

ဇာတ်ကားကို ပိုမိုခံစားနိုင်ဖို့အတွက် ဇာတ်လမ်းကျောရိုးလေးနဲ့ တစ်ချက်မိတ်ဆက်ပေးပါမယ်။

 

 

Himura Kenshin ဟာ

ဂျပန်မေဂျီခေတ်အကူးအပြောင်းကာလ ဘခုမဆု(Bakumatsu)ပြည်တွင်းစစ်ခေတ်မှာ

ပဒေသရာရှိုးဂွန်းအစိုးရ ကိုဆန့်ကျင်တိုက်ခိုက်တဲ့ Ishin Shishi တော်လှန်ရေးအုပ်စုရဲ့

လက်စွဲလူသတ်သမားတစ်ယောက်ဖြစ်ပြီး၊ ဟိတိုကိရိဘတ်တိုးဆိုင်

(Hitokiri Battousai) ဆိုတဲ့အမည်နဲ့ ဖိမ့်ဖိမ့်တုန်အောင်ကြောက်ရွံ့ခံရတဲ့

ဆာမူရိုင်းတစ်ယောက်… ။ ပြည်တွင်းစစ်ကြီးအပြီးမှာတော့

သူနှုတ်ယူခဲ့တဲ့အသက်ပေါင်းများစွာအတွက် အပြစ်ကြီးမားစွာခံစားနေရတဲ့

Kenshin က ဘယ်တော့မသက်မသတ်တော့ဖို့ သစ္စာဆိုပြီး၊

အသွားပြောင်းပြန်ဓားတစ်လက်စွဲကိုင်ကာ ခရီးသွားဆာမူရိုင်း(Rurouni) ဘဝနဲ့

အကူအညီလိုအပ်နေသူတွေကို ကယ်ဆယ်ဖို့ ဘဝသစ်ကို စတင်ခဲ့ပါတယ်။

ဒီနောက်မှာတော့ Kenshinဟာ သူငယ်ချင်းမိတ်ဆွေသစ်၊ ရန်သူသစ်တွေနဲ့အတူ

သူ့ဘဝရဲ့အချစ်သစ်ကိုလည်း ဆုံတွေ့ရရင်း ခါးသီးတဲ့အတိတ်ကို

ပြည်ဖုံးကားချနိုင်ဖို့ ကြိုးစားပါတော့တယ်။

 

ဘာသာပြန်သူကတော့ ခန့်ဇော်ဟိန်းဖြစ်ပြီး
ဇာတ်လမ်း အညွှန်းကိုတော့ မြန်မာစာတန်းထိုး
 ဂျပန်ဇာတ်ကားနှင့်စီးရီးများ ပေ့ချ်ကနေကူးယူထားတာဖြစ်ပါတယ်ဗျ

 

 

File Size – 2.7 GB / 1080 P
File Type – Mp4
Quality – Blu-Ray Rip 720p
Duration – 02:14:00
Translator – Khant Zaw Hein
Encoder – kyaw Ye Aung



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Rurouni Kenshin: The Legend Ends (2014)


No downloads available

Genres



Related movies