Channel Myanmar

CJ 7 (2008)

CJ7    

PG 86 min ComedyFamilySci-FiStephen Chow

6.5
IMDB: 6.5/10 11,663 votes

, , ,

4 wins & 10 nominations.

Hong Kong

777315

Report error

442

 

Cj7 (2008) 🤖
Imdb_6.5အထိရရှိထားပြီး ချောင် ကိုယ်တိုင်ဒါရိုက်တာလုပ်ကာ၊သရုပ်ဆောင်ခဲ့တဲ့ နောက်ဆုံးကားတစ်ကားပဲဖြစ်ပါတယ်။
2008 ခုနှစ် Janauary 31 ရက်နေ့ မှာ ဟောင်ကောင်၌ ထွက်ရှိခဲ့ပြီး စိတ်ကူးယဉ်ဆန်တဲ့ ပညာပေး၊ရသပေး ဇာတ်ကားလေးပါ။

ဇာတ်ညွှန်းရေးသူက ချောင် အပါအဝင် ၆ ယောက်နီးပါးရှိပါတယ်။
အမေရိကန် အခြေစိုက် Columbia Pictures မှ ထုတ်လုပ်ဖြန့်ဝေခဲ့ ပြီး ဇာတ်ကားဘက်ဂျက် USD $20 မီလံယံ ခန့် ကုန်ကျသော်လည်း Box Office မှာ USD $47 မီလံယံ (၂ဆကျော်) နီးပါး ပြန်ရခဲ့ပါတယ်။
×××××××××
Plot,,
Single Father ဖြစ်တဲ့ Chow ဟာ တစ်ဦးတည်းသော သူ့ရဲ့သားလေး (ရှောင် တီ) ကို ပညာ တတ် ဖြစ်စေချင်လို့ သူဌေးသားတွေတက်တဲ့ International Private School မှာ ထားပါတယ်။
ချောင် ရဲ့ အိမ် ဟာ လဲ တိုက်ပျက်လေးမှာ အမိုးအကာလေးဆောက်နေပြီး Construction အလုပ်ကြမ်း လုပ်ကာ ပင်ပန်းဆင်းရဲပေမယ့် သူ့သားကိုတော့ ပညာတတ်ဖြစ်စေချင်တဲ့ သူပါ။
ကျောင်းလစာအတွက် တနင့်တပိုးပေးနေရတော့ ရှောင်တီလေးဟာ သူများတန်းတူ မဝတ်ရ ၊မစားရ ၊လိုချင်တဲ့ပစ္စည်းလေးတွေမသုံးရပဲ ကလေးသဘာ၀ ကျောင်းတက်ရတာ feel မလာတော့ဘူးပေါ့။
အဲ့လို အခက်ခဲ တွေနဲ့ သားအဖ နှစ်ဦးမပြေလည် ဖြစ်နေတဲ့အခိုက် CJ7 ဆိုတဲ့ ဂြိုလ်သားလေး ဘယ်လိုရောက်လာပြီး
ဘာတွေပြောင်းလဲ အောင် လုပ်သွားမလဲဆိုတာကတော့?ခံစားချက်အစုံ နဲ့ ဟာသဖက်ကို ဦးတည်မသွားပဲ ပညာပေးကားလေးအဖြစ် တင်ဆက်သွားမယ့် ဇာတ်ကားကောင်းတစ်ခုပါ။
×××××××××
ဒီကားကိုကြည့်ပြီးသူတိုင်းကော မကြည့်ရတဲ့သူကောသတိထားမိရမယ့် Twist (၂)ချက်ရှိပါတယ်။
ဇာတ်ကားထဲမှာပါတဲ့
– စွမ်းအင်ဖိနပ်လေးနဲ့ ရှောင်တီတစ်ယောက် ဂိုးတိုင်ကို ပါဝါနဲ့ကန်လိုက်တဲ့ အခန်းက Shaolin Soccer☯ ထဲက Chow ကန် လိုက် တဲ့ အခန်း ကို တဖန်ပြန်လည်ဂုဏ်ပြု တဲ့အနေနဲ့ ကိုးကားထားတာဖြစ်ပြီး
– ပါဝါဖိနပ်နဲ့မိုးပေါ်တက် ပြီး ပြန်ဆင်းလာတဲ့အခန်းဟာလည်း KungFu Hustle☯ ထဲက Chow သုံးတဲ့ ဗုဒ္ဓ လက်ဝါးသိုင်း အခန်းကို ပြန်လည် ဖော်ကျူးထားတာ ပါ။သတိထားမိမယ့် ဇာတ်မြုပ် လေးတွေပါပဲ။
ကဲ ငယ်ငယ်က မျက်ခွက်ပြောင်ခဲ့သမျှ 20ရာစုနောက်ပိုင်းမှာ ချောင် ဟာ အခုလို ရုပ်တည်၊ရုပ်တန့်နဲ့ သရုပ်ဆောင်ထားတာဟာ အခြားလူတစ်ယောက်များလား လို့တောင် ထင်မိစေပါတယ်။ လူပျိုကြီး ဖြစ်တဲ့ စတီဗင်ချောင်ဟာ သားတစ်ယောက် အဖေ အနေနဲ့ ဘယ်လို ကောင်းကောင်းကြီး သရုပ်ဆောင်သွား မလဲ ဆိုတာ ကြည့်ရူလိုက်ကြရအောင်ဗျာ!
××××××××××
¶ ထိုဇာတ်ကား၌ ရှောင်တီ သည် မိန်းကလေးဖြစ်ပေမယ့် ယောင်္ကျား လေးအဖြစ်သာ တစ်ကားလုံးသရုပ်ဆောင်ထားပါတယ်။ဒါ့အပြင် ရှောင်တီရဲ့ ကျောင်းနေဖက် သူငယ်ချင်းများဟာလဲ မိန်းကလေးများသာဖြစ်ကြပါတယ်။ ¶

××××××

(ရုပ်ရှင်အညွှန်းကို Stephen Chow Movies & Knowledge (Myanmar) FB Page မှ ကူးယူဖော်ပြပါသည်…)

+++++++++++++++++

ကျွန်တော့် Idol ကြီး စတီဖင်ချောင်ရဲ့ ဇာတ်ကားအကုန်လုံးကို 1080p BluRay Quality နဲ့

တတ်နိုင်သမျှ ပြန်လည်စုစည်းတင်ဆက်မှာ ဖြစ်ပါတယ်။

တင်ပြီးသမျှကို https://channelmyanmar.to/category/stephen-chow/ မှာကြည့်လို့ရပါတယ်။

 

File size…1.04 GB/760MB
Quality….BluRay 1080p 5.1CH and 720p
Format…mkv
Duration….01:28:00
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung

Translated by Alias



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။



No downloads available

Genres



Related movies