Channel Myanmar

My Father is a Hero/ Benim Babam Bir 2023

DramaFamily

IMDB: /10 votes

23892

Report error

442

 

Prime Videoကနေ ထုတ်လွှင့်ခဲ့တဲ့ တူရကီမိသားစုဒရာမာရုပ်ရှင်လေးကို တင်ဆက်ပေးပါရစေ။ နိုင်ငံအသီးသီးကပြန်ရိုက်ထားကြတဲ့ သမီးလေးကိုထောင်ထဲခေါ်ထည့်ထားပြီး ကျပ်မပြည့်တဲ့အဖေဖြစ်သူနဲ့အပေါင်းအပါတစ်စုတို့ ဖွက်ထားကြတဲ့ရုပ်ရှင်လိုမျိုးကို မတူညီတဲ့ဇာတ်လမ်းမှာ တူညီတဲ့ရသခံစားစေရမယ်ထင်ပါတယ်။

မိတဆိုးလေးမို့ သားဖြစ်သူကို တုန်နေအောင်ချစ်ရှာတဲ့ စည်ပင်သာယာဝန်ထမ်း ဆင်းရဲသားတစ်ယောက်။ ဆင်းရဲပေမဲ့ သားဖြစ်သူကိုဖူးဖူးမှုတ်ထားပြီး လိုလေသေးမရှိ ပြုစုစောင့်ရှောက်ရင်း မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင်ပဲနေခဲ့ကြတယ်။

တရက် အဖေဖြစ်သူတို့သူငယ်ချင်းအုပ်စု ဘောလုံးကန်နေတုန်း သားဖြစ်သူဝင်ပါရင်း အမောဖောက်လဲကျသွားရာကစ နှလုံးအစားထုကုရမယ်ဆိုတာ သိလိုက်ရပါတယ်။ ကလေးက ငယ်သေးတဲ့အတွက် ကိုက်ညီတဲ့နှလုံးရှာတွေ့ပြီး ပိုက်ဆံတတ်နိုင်တယ်ဆိုရင်တောင်မှ
အသက်ရှင်ဖို့ရာခက်ခဲတဲ့အခြေအနေ။ နှလုံးအစားထိုးကုသဖို့ ကိုက်ညီတဲ့နှလုံးမရခင်အချိန်မှာ စူပါဟီးရိုးတွေကိုကြိုက်နှစ်သက်တဲ့ သားဖြစ်သူရဲ့ စိတ်ကလေးလန်းဆန်းနေစေဖို့ သူငယ်ချင်းတွေနဲ့တိုင်ပင်ပြီး စူပါဟီးရိုးဝတ်စုံတွေချုပ် ကမ္ဘာကြီးကိုကယ်တင်မယ်ဆိုပြီး ဇာတ်လမ်းတွေဖန်တီးပါတော့တယ်။

အဖေတစ်ယောက်ရဲ့မေတ္တာတရားနဲ့ သူငယ်ချင်းတွေကြားကသံယောဇဉ်ကို အချိုးညီဖန်တီးရိုက်ကူးတင်ဆက်ထားတာမို့
ခံစားကြည့်ရှုကြပါဦး။

(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်)

 

File size…(1.7 GB)/(953 MB)
Quality….Webrip 1080p / 720p
Format…mp4
Duration….01:22:00
Genre… Family, Drama 
Subtitle….Myanmar Subtitle (Hardsub)
Encoder….Mr. Anderson
Translated by Pyae Phyo



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။



No downloads available

Genres



Related movies