Those About to Die (2024) Season 01 Complete
ဇာတ်လမ်းရဲ့ အဓိကကျောရိုးကတော့ တန်းနက်စ်လို့ ခေါ်တဲ့ ရောမခေတ်က လောင်းကစားဒိုင်လေးတစ်ယောက်အကြောင်းပါပဲ။
ခေတ်ကတော့ ကောင်လေးတစ်ယောက်ကို ဟိုဟာဖြတ်ပြီး ယူထားတဲ့၊ ရောမမြို့ကြီးမီးလောင်နေချိန်မှာ စောင်းတီးနေလို့ နာမည်ကြီးတဲ့ ဘုရင်နီရိုး နတ်ရွာစံပြီးတဲ့နောက်မှာ ရောမအင်ပါယာကြီးကို သူတစ်လူငါတစ်မင်း အုပ်ချုပ်ကြတဲ့ ဧကရာဇ်လေးပါးခေတ်ရဲ့အလွန် ရောမကို ပြန်လည်ပေါင်းစည်းနိုင်ခဲ့တဲ့ ဗက်စပါးရှန်းရဲ့နေဝင်ချိန်ကနေ စပါတယ်။ ဗက်စပါးရှန်းက မျိုးရိုးမြင့်ကနေ ဆင်းသက်လာတာမဟုတ်ဘဲ သာမန် မြင်းထိန်းမိသားစုက ပေါက်ဖွားလာတာဆိုတော့ ရောမမြို့ရဲ့ အထက်တန်းစားအလွှာကလည်း သိပ်မကြည်ကြဘူးပေါ့။
ဗက်စပါးရှန်းမှာ စစ်သား တိုက်တပ်နဲ့ နိုင်ငံရေးသမား ဒိုမေရှန် ဆိုတဲ့ သားနှစ်ယောက်ရှိတယ်။ (တကယ့်သမိုင်းမှာကတော့ သမီးတစ်ယောက်လည်း ရှိပါသေးတယ်။ ဒီဇာတ်လမ်းထဲမှာတော့ မပါပါဘူး) ဗက်စပါးရှန်းဧကရာဇ်ကြီး နတ်ရွာစံတော့ စစ်သားဖြစ်တဲ့ တိုက်တပ်ကို ထီးနန်းပေးခဲ့တယ်။ သူတို့ရဲ့ပုလ္လင်ပေါ်ကကစားပွဲလေးက လောင်းကစားဒိုင် တန်းနက်စ်အတွက် လှေကားထစ်တွေ ပေါ်လာတယ်လို့ ပြောလို့ရတာပေါ့။
လောင်းကစားဒိုင် တန်းနက်စ်ကတော့ မြင်းထက် လူ့အသက်ကတန်ဖိုးမဲ့တဲ့ အောက်တန်းစားပတ်ဝန်းကျင် မြောင်းထဲကနေ ကိုယ်ထူကိုယ်ထ ကြိုးစားပြီး လောင်းကစားဝိုင်းဒိုင် သူ့ပတ်ဝန်းကျင်မှာ ဩဇာရှိတဲ့သူဖြစ်လာတာပါ။
သူက အမြင့်ကိုမှန်းတယ်။ အထက်တန်းစားမျိုးရိုးမဟုတ်ပေမဲ့ လူရည်လည်ပြီး လုပ်ရည်ကိုင်ရည်ရှိလို့ တဖြည်းဖြည်း တစ်ဆင့်ချင်း တက်သွားတာကို စီးရီးထဲမှာတွေ့ရမှာပါ။ သူက ရက်စက်တယ်၊ လူမဆန်ဘူးလို့ နာမည်ကျော်ပေမဲ့ သူ့ရဲ့လူသားဆန်တဲ့အပိုင်းတွေကိုလည်း တွေ့ကြရမှာပါ။ သမိုင်းမှာ နာမည်ကြီးတဲ့ မြင်းရထားမောင်းသမား စကောပတ်ရဲ့ အကြောင်းကိုလည်း တန်းနက်စ်နဲ့ ဆက်နွယ်ပြီး တွေ့ရပါလိမ့်မယ်။
ရောမခေတ်ရဲ့ Peaky Blinder စီးရီးလို့ ခေါ်လို့ရအောင် ခပ်ဆင်ဆင်ဖြစ်တယ်လို့ ထင်ပါတယ်။ မြင်းလောင်းကစားဒိုင် လူမိုက်လေးဘဝကနေ တဖြည်းဖြည်း အဆင့်တွေ တက်လာတာချင်းတူလို့ပါပဲ။
(ဒီစီးရီးအတွက် အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ 666 ပဲဖြစ်ပါတယ်)
Size ~ 900MB+
Total – 10 Episodes
Quality – 1080p
Duration ~ 1h (@Episode)
Subtitle – Myanmar Hardsub
Format – Mp4
Genre : Sword & Sandal, Action, Comedy, Drama
Source : PCOK.WEBRip.1080p
Translator – 666
Encoder – Y
Season Complete Zip (Yoteshin)
Ep 01 to 04 / Ep 05 to 07 / Ep 08 to 10
Episode 1 –> Yoteshin / GDToT / MegaUp / UsersDrive / StreamWish
Episode 2 –> Yoteshin / GDToT / MegaUp / UsersDrive / StreamWish
Episode 3 –> Yoteshin / GDToT / MegaUp / UsersDrive / StreamWish
Episode 4 –> Yoteshin / GDToT / MegaUp / UsersDrive / StreamWish
Episode 5 –> Yoteshin / GDToT / MegaUp / UsersDrive / StreamWish
Episode 6 –> Yoteshin / GDToT / MegaUp / UsersDrive / StreamWish
Episode 7 –> Yoteshin / GDToT / MegaUp / UsersDrive / StreamWish
Episode 8 –> Yoteshin / GDToT / MegaUp / UsersDrive / StreamWish
Episode 9 –> Yoteshin / GDToT / MegaUp / UsersDrive / StreamWish
Episode 10 –> Yoteshin / GDToT / MegaUp / UsersDrive / StreamWish
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။