True Beauty (2024)
Original Title- Yeosin Gangnim
Genre – Romance, Comedy, Drama, Anime
နာမည်ကျော် Webtoon စီးရီးဖြစ်တဲ့ True Beauty လေးကို
2020 ခုနှစ်တုန်းက Kdrama အနေနဲ့ ထွက်ရှိခဲ့ကာ အောင်မြင်ထားပြီး
ယခုတစ်ခါမှာတော့ ဆန်းသစ်စွာနဲ့ Anime အဖြစ် ပြန်ထွက်ရှိလာခဲ့လို့
အမြန်ဆုံး တင်ဆက်ပေးလိုက်ရပါတယ်။
Art Style တွေကတော့ ဂျပန် Anime ပုံစံသွားထားပေမဲ့
စကားပြောသံကိုတော့ Korea မူရင်းပဲ ပြန်သုံးထားပါတယ်။
သူများတွေပြောစကားအရတော့ မူလ Webtoon နဲ့ Kdrama က
နည်းနည်းကွာခြားမှုတွေ ရှိတယ်လို့တော့ ဆိုကြပါတယ်
ဒါကြောင့် ဒီ Anime လေးကလည်း မူရင်းဇာတ်ကြောင်းအတိုင်း
လိုက်မလား ကွန့်မြူးမှုတွေ ရှိဦးမလားဆိုတာတော့
တစ်ပတ် တစ်ပတ် စောင့်ကြည့်သွားရမှာပဲ ဖြစ်ပါတယ်။
ဒီတော့ Kdrama ဖန်တွေလည်း တစ်မူထူးခြားတဲ့
Anime လေးအနေနဲ့ ပြန်ကြည့်လို့ရမယ်၊ Webtoon ဖန်တွေလည်း
ရုပ်ပြဆန်ဆန် ကြည့်လို့ရမယ်၊ ဘာမှ မဖတ်ဖူး မကြည့်ဖူးတဲ့ Anime ဖန်တွေလည်း
ဒီတိုင်း အချစ်ဟာသစီးရီးလေး အဖြစ် ခံစားနိုင်မှာဆိုတော့ ဘာလိုသေးလဲပေါ့။
ဇာတ်လမ်းအကျဉ်းလေးကတော့ ရုပ်ဆိုးပန်းဆိုးဖြစ်တဲ့အပြင်
စာပါညံ့သေးတဲ့ ကောင်မလေး Jugyeong ဟာ ကျောင်းမှာ အမြဲတမ်း
အနိုင်ကျင့်ခံနေတာ ဖြစ်ပါတယ်။
ဝါသနာကလည်း သရဲဝတ္ထုကာတွန်းတွေနဲ့ Metal သီချင်း နားထောင်တာဆိုတော့
ဘာပြောကောင်းမလဲပေါ့လေ။
ဒီလိုနဲ့ အဆင်မပြေမှုတွေများစွာကြောင့် ကျောင်းပြောင်းရဖို့ ဖြစ်လာပါတော့တယ်။
ကျောင်းသစ်ကိုမပြောင်းခင် ပိတ်ရက်တွေမှာ Jugyeong တစ်ယောက်
မိတ်ကပ် Tutorial တွေ ရှယ်ကျင့်ရင်း ဆရာမကြီးဖြစ်သွားပြီး
ကျောင်းအသစ်ကို တက်တဲ့အခါမှာတော့ တစ်ကျောင်းလုံးက
ယောက်ျားမိန်းမမကျန် ဝိုင်းငေးရတဲ့ မိန်းမချောလေးအဖြစ် ပြောင်းလဲသွားခဲ့တာပေါ့။
ဒါပေမဲ့ ဒီရုပ်နဲ့ သဘာဝရုပ်က လုံးလုံးမှ မတူညီတာမို့ စိတ်မလုံခြုံသူလေးတစ်ယောက်ပါ။
ဒီလိုနဲ့ တစ်ရက်ကျ သဘာဝရုပ်အတိုင်း သူဖတ်နေကြ စာအုပ်ဆိုင်ကို သွားတဲ့အခါ
ရုပ်ချောချောအဆင်လေးတစ်ယောက်နဲ့ ရန်သတ်လာခဲ့ပါတယ်။
ဒီထက်ပိုကံဆိုးချင်တော့ သူတက်နေတဲ့ကျောင်းကိုမှ
ပြောင်းလာတဲ့ကျောင်းသားသစ်လည်း ဖြစ်နေပြန်ပါတယ်။
အဲဒါအပြင် ဒီကျောင်းသားသစ်က သူ့ကို သဘာဝရုပ်ရော
မိတ်ကပ်ရုပ်ရော မှတ်မိနေတဲ့အခါမှာတော့….။
သူတို့နှစ်ဦး ဇာတ်လမ်းလေးက ဘာဆက်ဖြစ်လာမလဲ၊ သဘာဝရုပ်လေး
မပေါ်သွားအောင် ဘယ်လိုတွေ ဖုံးကွယ်ကြမလဲ၊ နောက်ထပ်
ကောင်လေးတစ်ယောက်အသစ်ကရော သူတို့နှစ်ဦးကြား
ဘယ်လိုဝင်ပါလာပြီး Love Trio ဘယ်လိုဆက်ဖြစ်မလဲဆိုတာ
တစ်ပတ်တစ်ပိုင်း ရင်ခုန်သွားရမှာပဲ ဖြစ်ပါတယ်။
(အညွန်းနဲ့ ဘာသာပြန်ကတော့ Thura Aung ဖြစ်ပါတယ်)
File size… 300 MB
Quality… Web-DL 1080p
Format… mp4
Duration…. 20m
Genre ….. Comedy/Romance
Subtitle…. Myanmar Subtitle (Hard Sub)
Encoder…. Thit San Khant
Translated by Thura Aung
1080p
EP 01 – Usersdrive / Yoteshin / Megaup / Telegram
EP 02 – Usersdrive / Yoteshin / Megaup / Telegram
EP 03 – Usersdrive / Yoteshin / Megaup / Telegram
EP 04 – Usersdrive / Yoteshin / Megaup / Telegram
EP 04 – Usersdrive / Yoteshin / Megaup / Telegram
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။