ဒီတစ်ခါမှာတော့ ကြည့်ရှုသူပရိတ်သတ်ကြီးကို ၂၀၂၃ခုနှစ်က
ထွက်ရှိထားတဲ့ Doomsday Meteor ဆိုတဲ့ သိပ္ပံ
ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်
ဒီဇာတ်ကားက ကမ္ဘာကြီးကို ဉက္ကာပျံတစ်ခုနဲ့ ဝင်တိုက်မည့်.
အရေးကို လူသားတွေကာကွယ်တားဆီးကြပုံကို ရိုက်ကူး
တင်ဆက်ထားတာပါ..
ဒီဇာတ်ကားကို ဒါရိုက်တာ Noah Luke ကရိုက်ကူးပုံဖော်ထားပြီး
မင်းသားPatrick Labyorteaux ,Joseph Michael Harris ,
Anthony Jensen , Karan Sagoo နဲ့ မင်းသမီး Caroline
Williams ,Kennedy Porter , Eva Ceja စတဲ့ မင်းသား
မင်းသမီးတွေက ပါဝင်အားဖြည့်သရုပ်ဆောင်ထားပါတယ်
ဇာတ်လမ်းအစမှာ ဒေါက်တာရစ်ခ်နဲ့ ဒေးဗစ်တို့ သူငယ်ချင်း
နှစ်ယောက် အာကာသစူးစမ်းလေ့လာရေးဌာနမှာ အလုပ်ဆင်းပြီး
အိမ်ပြန်ဖို့ပြင်နေချိန်မှာ ကမ္ဘာ့လေထုထဲကို ထူးဆန်းတဲ့အရာတွေ
ဝင်လာတာကို တွေ့ရှိလိုက်ပါတယ် သေချာလေ့လာ
ကြည့်လိုက်တဲ့အခါမှာတော့ မြို့လောက်အရွယ်အစားရှိတဲ့
ဉက္ကာပျံကြီးတစ်စင်းက ကမ္ဘာဂြိုလ်နဲ့ ဝင်တိုက်ဖို့ လာနေတာကို
တွေ့ရှိလိုက်ရပါတယ် သေချာတွက်ချက်ကြည့်တဲ့အခါမှာ
သူတို့မှာ အချိန် ၆ရက် ၉နာရီနဲ့ ၁၉မိနစ်ပဲ အချိန်ရှိပါတော့တယ်
အဲ့ဒီနောက် ကမ္ဘာပေါ်မှာရှိသမျှ နိုင်ငံတွေအားလုံးက
အဆိုပါဉက္ကာပျံကြီးကို ကိုယ်ပိုင်နည်းလမ်းတွေနဲ့ တားဆီးဖို့
ပြင်ဆင်ကြပါတော့တယ် နောက်ဆုံး ဘယ်လိုမှမအောင်မြင်တဲ့
အဆုံး ဒေးဗစ်တို့ အဖွဲ့သားတွေ ဉက္ကာပျံပေါ်ကို လူကိုယ်တိုင်ဆင်းသက်ပြီး
လမ်းကြောင်းပြောင်းအောင် ဒုံးပျံတွေ တပ်ဆင်ဖို့ကြိုးစား
ကြပါတော့တယ် အဲ့ဒီနောက်သူတို့တွေ ဉက္ကာပျံပေါ်ကို
ဆင်းသက်ဖို့ကြိုးစားရာမှာ ဘယ်လိုအခက်အခဲတွေကို ကြုံတွေ့ရမလဲ
ဧဝရတ်တောင်ထက် သုံးဆလောက် လေးတဲ့ ဒီဉက္ကာပျံကြီးက
ကမ္ဘာနဲ့ဝင်တိုက်ဖို့အချိန်တွေနီးကပ်လာတာနဲ့အမျှ
ကမ္ဘာဂြိုလ်ဆီကို ဦးတည်နေရာကနေ လမ်းကြောင်း
ပြောင်းသွားအောင် လုပ်ဆောင်နိုင်ပါ့လား အဆုံးမှာ
အောင်မြင်အောင် လုပ်ဆောင် နိုင်ပါ့မလားဆိုတာ
ဒီဇာတ်ကားလေးထဲမှာ ပရိတ်သတ်ကြီးကိုယ်တိုင်ပဲ
လိုက်ပါစီးမျောကြည့်ရှုလိုက်ပါဦး ဒီဇာတ်ကားက Sci
&Action ဇာတ်ကားကြိုက်နှစ်သက်တဲ့ပရိတ်သတ်တွေ
အကြိုက်တွေ့စေမယ့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်..
File size…1.52GB / 730MB
Quality…Blu-Ray 1080p 5.1CH / 720p
Format…mp4
Duration….1h 26m
Genre ….. Action , Sci-Fi
Subtitle….Myanmar Subtitle (Hard Sub)
Encoder….Min Wai
Translated by Eh Phaw
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။