Channel Myanmar

Cabrini (2024)

BiographyDrama

7.5
IMDB: 7.5/10 votes

209550

Report error

442

 

“ကြွက်တွေလောက်တောင် ကလေးတွေက သားသားနားနား ဘဝနဲ့ မနေရဘူး”

IMDb – 7.5, RT – 90%

အမေရိကန်နိုင်ငံလို့ပြောလိုက်တာနဲ့ ခေတ်ရှေ့ပြေးနေတဲ့ နိုင်ငံတစ်ခုလို့မြင်မိတဲ့အပြင် လူအချင်းချင်းတန်းတူညီမျှမှု ရနေတဲ့နိုင်ငံလို့ တခါတည်းပြေးမြင်မိကြမှာပါ။ ဒါပေမဲ့ အမေရိကန်နိုင်ငံရဲ့သမိုင်းကတော့ အခု၂၁ရာစုက အခြေနေမျိုးမဟုတ်ဘဲ မရှု့မလှပါပဲ။ ပြောရရင် အမေရိကန်သမိုင်းကြောင်းအမှန်က အခု လူတွေမြင်နေကြသလို ဒီမိုကရေစီထွန်းကားတဲ့တိုင်းပြည်မို့လို့ လူအချင်းချင်း တန်းတူညီမျှမှုတွေက နိုင်ငံဖွဲ့စည်းစဥ်ကတည်းက ရှိလာတာ မဟုတ်ဘူးပေါ့လေ။ အမေရိကန်နိုင်ငံကလည်း ကမ္ဘာပေါ်က တခြားနိုင်ငံတွေလိုပါပဲ သမိုင်းစတင်ရေးထိုးကတည်းက ဖြစ်တည်လာတဲ့ သမိုင်း အမဲစက်က ကြောက်မခမ်းလိလိပါပဲ။

ယခုရုပ်ရှင်ကတော့ ၁၈၈၉ခုနှစ်မှာ ဇာတ်အိမ်တည်ထားပြီး အမေရိကန်နိုင်ငံရဲ့သမိုင်းအမဲစက်တွေထဲက တစ်ခုဖြစ်တဲ့ ပြောင်းရွှေ့နေထိုင်သူတွေအပေါ်ကို ဖိနှိပ်ချုပ်ချယ်တဲ့အကြောင်းကို ကွက်ကွက်ကွင်းကွင်းရိုက်ကူးဖော်ပြထားတာဖြစ်ပါတယ်။ ကမ္ဘာပေါ်က အကောင်းတကာ့အကောင်းဆုံးနိုင်ငံဖြစ်တဲ့ အမေရိကန်နိုင်ငံမှာ မျှော်လင့်ချက်အသစ်တွေနဲ့ ပိုကောင်းတဲ့ဘဝကို ပိုင်ဆိုင်ခွင့်ရဖို့ အီတလီလူမျိုးတွေက အမေရိကကို လာရောက်အခြေချနေထိုင်ပါတော့တယ်။ သို့သော် မှန်းချက်နဲ့နှမ်းထွက်မကိုက်ဘဲ မျက်နှာဖြူအမေရိကန်တွေရဲ့ဖိနှိပ်ချုပ်ချယ်တာတွေ လျစ်လျူရှု့ခံရတာတွေနဲ့ ကြုံတွေနေရပါတယ်။

ကာဘရီနီဆိုတဲ့ သီလရှင်ဖြစ်သူ မာသာဟာ လုံဘာဒီမှာ မိဘမဲ့ဂေဟာဖွင့်ထားရင်း ကလေးတွေကို စောင့်ရှောက်ရင်းကနေ နယူးယောခ့်မြို့ကို ပုပ်ရဟန်းမင်းကြီးရဲ့ သာသနာပြုမစ်ရှင်အတွက် မိဘမဲ့ဂေဟာထောင်ရင်း မျှော်လင့်ချက်အင်ပါယာကို တည်ထောင်ဖို့ စေလွှတ်ခြင်းခံရပါတယ်။ အမေရိကန်ရောက်သွားတဲ့အခါမှာ အီတလီလူမျိုးတွေ ကြုံတွေ့နေရတဲ့ အခက်ခဲတွေ၊ ဆင်းရဲနွမ်းပါးနေတာတွေ၊ ဖိနှိပ်ခံနေရတာတွေကို မြင်လိုက်ရတဲ့အခါမှာတော့ … ယောကျ်ားတွေတောင် ကျရှုံးနေခဲ့တဲ့ မစ်ရှင်ကို မိန်းမသားဖြစ်သူ ကာဘရီနီက ထမ်းဆောင်နိုင်ပါ့မလား။ သူ့ပေါ်ဝင်နေကြတဲ့ သံသယတွေကို မှားကြောင်း သူသက်သေပြနိုင်ပါ့မလား၊ ကြွက်တွေလောက်တောင် ကောင်းကောင်မွန်မွန် သားသားနာနား မနေရတဲ့ ကလေးတွေရဲ့ဘဝကို သူကယ်တင်နိုင်ပါ့မလား၊ အမေရိကန်ကနေ စတင်ပြီး သူ့ရဲ့မျှော်လင့်ချက်အင်ပါယာကြီးကို တကမ္ဘာလုံးထိ တည်ထောင်နိုင်ပါ့မလားဆိုတာကို သူကြုံတွေနေရတဲ့ အခက်ခဲတွေ၊ ကြုံတွေ့လာရမယ့် အခက်ခဲတွေကို ကာဘရီနီက စွမ်းသမျှအားကုန်သုံးပြီး ကြိုးစားပေးပုံတွေကို ဒရမ်မာဆန်ဆန်ကြည့်ရှု့ရမှာဖြစ်ပါတယ်။

အညွှန်းနဲ့ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။

 

File size…(3.1 GB)/(1.6 GB)
Quality….Webrip 1080p / 720p
Format…mp4
Duration….02:22:00
Genre… Biography, Drama
Subtitle….Myanmar Subtitle (Hardsub)
Encoder….Garfield
Translated by Min Khant Kyi Win



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Cabrini (2024)
Cabrini (2024)
Cabrini (2024)
Cabrini (2024)
Cabrini (2024)
Cabrini (2024)
Cabrini (2024)
Cabrini (2024)
Cabrini (2024)
Cabrini (2024)
Cabrini (2024)
Cabrini (2024)
Cabrini (2024)
Cabrini (2024)
Cabrini (2024)
Cabrini (2024)


No downloads available

Genres



Related movies