ဒီဇာတ်ကားလေးကလည်း အက်ရှင်ဇာတ်ကားကြိုက်တတ်တဲ့
ပရိသတ်ကြီးအတွက် အကြိုက်တွေ့စေမဲ့
ဟာသအက်ရှင်ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်
ဇာတ်လမ်းလေးကတော့ပန်းချီဆရာလင်းရှောင်းရဲ့ပန်းချီတွေကို
လေလံတင်ရောင်းချရာကနေစပါတယ် ။
ပန်းချီဆရာလင်းရှောင်းဟာနာမည်ကြီးပန်းချီဆရာမဟုတ်ပေမဲ့
အကြောင်းအမျိုးမျိုးကြောင့် သူ့ပန်းချီတွေဟာ
လေလံတင်တိုင်း ဒေါ်လာသန်းချီပြီးဝင်ပါတယ် ။
အဲဒါကြောင့် သူ့ရဲ့အေးဂျင့်က ဒီလိုနာမည်မကြီးတာတောင်
ဒီလောက်ထိငွေဝင်နေရင် တကယ်သာနာမည်ကြီးသွားရင်
ပိုပြီးဝင်ငွေရမှာမလို့ ပြန်ပေးဆွဲခံရတဲ့
ဇာတ်လမ်းတုလုပ်မယ်ဆိုပြီး လင်းရှောင်းကိုအကြံပေးခဲ့ပါတယ် ။
အဲဒီအကြံကို လင်းရှောင်းကလက်မခံခဲ့ပေမဲ့
သူအပြင်မှာအလည်ထွက်နေတုန်း
သူ့ကိုတကယ်လူဆိုးအစစ်တွေက ပြန်ပေးဆွဲသွားချိန်မှာတော့..
လင်းရှောင်းတစ်ယောက် လူဆိုးတွေလက်က ဘယ်လိုလွတ်အောင်ပြေးမလဲ ?
လူဆိုးတွေကရော တကယ့်လူဆိုးတွေဖြစ်မလား ?
သူ့ဘေးနားမှာရှိနေတဲ့သူတွေကမှ
သူ့ကိုအသုံးချနေတဲ့လူဆိုးတွေဖြစ်လားဆိုတာကို
စိတ်ဝင်စားဖွယ်ကြည့်ရှုရမဲ့ ဟာသအက်ရှင်ဇာတ်ကားကောင်းလေးဖြစ်တာမို့
အပြီးတိုင် စောင့်ကြည့်ကြဖို့မမေ့ပါနဲ့နော် ။
Quality : WEB-DL 1080p , 720p
Format : mp4
Genres : Mystery , Comedy
Runtime : 1h 36 min
Subtitle : Myanmar Subtitle ( Hardsub )
Translated by CM Team
Reviewed By Kay Thwe Phyoe
Encoded by LK
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။