Channel Myanmar

A Hipster in Rural Spain (2024)

Comedy

IMDB: /10 votes

19492

Report error

442

 

ဒီနှစ်​မှ​အသစ်ထွက်​ရှိလာတဲ့ စပိန်​စကားပြော​ရုပ်ရှင်​လေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်း​အမျိုး​အစား​က Romance​/Comedy​ အမျိုး​အစား​ဖြစ်ပြီး ပေါပေါ့ပါးပါး ကြည်ရှုလို့ရမဲ့ ဟာသ​ဇာတ်ကား​လေးဖြစ်ပါတယ်။ ဇာတ်ကား​နာမည်​ရဲ့အဓိပ္ပာယ်က စပိန် ကျေးလက်​ဒေသ​ရောက်​ Hipster​ တစ်ယောက်လို့ အဓိပ္ပာယ်​ရပါတယ်။

ဇာတ်လမ်း​အကျဥ်း​ကတော့​ လီနာနဲ့ ကီကေးက အတူနေချစ်သူတွေဖြစ်ပြီး Progressive နိုင်ငံ​ရေး​ပါတီ​တစ်ခုမှာ ပါဝင်​လှုပ်ရှား​နေကြတဲ့ Activist တွေဖြစ်ပါတယ်။ တစ်နေ့မှာ​ ကီကေးက စပိန်​ကျေးလက်​ဒေသ​ပြုပြင်​ပြောင်းလဲ​ရေးအစီအစဥ်အရ ဝေးလံခေါင်​သီတဲ့ လာကညာဒါ​လို့ခေါ်တဲ့တောမြို့လေးကိုစေလွှတ်ခံရပါတယ်။ တကယ်​တော့​ လီနာ​နဲ့သူ့အထက်လူကြီး ဂတ်စပါတို့နှစ်ယောက်တိုင်​ပင်ပြီး ကီကေး​ကိုကန်ထုတ်လိုက်တဲ့သဘောပါ။

မြို့​လေးကို​ရောက်​သွား​ချိန်​မှာတော့ လိင်​တူ​အခွင့်အရေး​​ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကျား​မတန်းတူရေး​နဲ့ တိရစ္ဆာန်​အခွင့်အရေး​တွေကို ပါးစပ်​ကမချတဲ့ မက်ဒရစ်မြို့သားကီကေး​နဲ့ ရှေး​အစဥ်အလာ​တွေကို ထိန်း​သိမ်းဖက်တွယ်ထားတဲ့
လာကညာဒါ​မြို့​သူမြို့သားတို့အကြား ပဋိပက္ခ​တွေဖြစ်ပေါ်လာပါတော့တယ်။ ရှေးရိုးစွဲ​မြို့​လေးကို ပြုပြင်​ပြောင်းလဲ​မယ်​ဆိုပြီး​ ကီကေး​တစ်ယောက်​ မြို့​တော်​ဝန်​ ဝင်အရွေးခံဖို့ကြိုးစားရာကနေ ဘာ​တွေ​ဆက်​ဖြစ်​မလဲ​ကြည့်​ရှုရမှာပါ။

ဇာတ်​အိမ်​က​ရိုး​ရှင်းပေမဲ့ ပေါ့​ပေါ့ပါး​ပါး​နဲ့ ကြည်နူး​စရာဇာတ်လမ်းလေးဖြစ်ပြီး စပိန်​နိုင်​ငံကျေးလက်မြို့လေးတစ်ခုမှာ တည်​ထားတာဖြစ်လို့ ဥရောပ​ကျေး​လက်​ရဲ့အငွေ့အသက်တွေကို တဝကြီးတွေ့မြင်ရမှာပါ။ ဥရောပ​ရုပ်ရှင်​နှစ်သက်​သူများ​ ကြည့်​ရှု​သင့်တဲ့​ဇာတ်ကား​လေး​ဖြစ်ပါတယ်။

 

File size…(1.7 GB)/(1 GB)
Quality….Webrip 1080p / 720p
Format…mp4
Duration….01:35:00
Genre…Comedy 
Subtitle….Myanmar Subtitle (Hardsub)
Encoder….Mr. Anderson
Translated by Wolfemhein



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

A Hipster in Rural Spain (2024)
A Hipster in Rural Spain (2024)
A Hipster in Rural Spain (2024)
A Hipster in Rural Spain (2024)


No downloads available

Genres



Related movies