ယခုအခါတင်ဆက်ပေးလိုက်တာတာကတော့ ၂၀၂၃ ခုနှစ်ထွက် ဂျာမန်ဒရာမာဇာတ်ကားလေးပဲဖြစ်ပါတယ်။ဒီရုပ်ရှင်ကားလေးကအမျိုးသမီးအဓိကထားတဲ့ coming-of-age ဇာတ်လမ်းအမျိုးအစားဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်းပြောရရင်တော့ လောလောလတ်လတ်အထက်တန်းပြီးထားတဲ့ အီရာ၊ခါနဲ့မာလင်တို့သူငယ်ချင်းသုံးယောက်ကမာလင်အဖေရဲ့ကားနဲ့အီတလီကိုခရီးထွက်ခဲ့ကြပါတယ်။ ပြီးတော့သူတို့စခန်းချဖို့နေရာလိုက်ရှာလို့မရတဲ့အတွက် မိုတယ်တစ်ခုကိုကားပါကင်သုံးခွင့်ပြုဖို့အကူအညီတောင်းပြီး ကားထဲမှာပဲအိပ်ကြမယ်လို့စီစဉ်ကြပါတယ်။ ရေချိုးစရာနေရာမရှိတဲ့အတွက် မိုတယ်မှာအခန်းယူထားတဲ့ အခြားမိန်းကလေးတယောက်ကိုရေချိုးခန်းသုံးခွင့်ပြုဖို့အကူအညီတောင်းရင် အဲ့မိန်းသလေးနဲ့သူတို့သုံးယောက်နဲ့ရင်းနှီးသွားပါတယ်။ မိန်းကလေးနာမည်ကဇိုဝီပါ။ လေးယောက်သား ဇိုဝီရဲ့အခန်းထဲမှာဆေးခြောက်ခိုးသောက်တာကို မိုတယ်ကမိသွားတဲ့အခါ ဇိုဝီကပါသူတို့နဲ့လိုက်ပါထွက်ပြေးခဲ့ပါတယ်…
ဒီလိုနဲ့ကားပေါ်မှာပဲအိပ်ကြီးပြီး နောက်နေ့ကျကားဘီးလေလျော့နေကြောင်းသိရှိခဲ့ပါတယ်…ထိုအခါသူတို့လေးယောက်ကအနီးနားကရွာကိုသွားကြည့်တဲ့အခါမှာ ထိုရွာဟာ တောမီးအန္တရာယ်ကြောင့်ဘယ်သူမှမနေတော့ကြောင်းသိရှိခဲ့ရပါတယ်….
ဒီရုပ်ရှင်ကားလေးက ခရီးစဉ်အတွင်းမိန်းကလေးလေးယောက်ရဲ့ခံစားချက်ပွင့်ထွက်လာပုံတွေ၊အပြောင်းအလဲတွေအကြောင်းကိုရိုက်ပြထားပါတယ်…ခံစားကြည့်ကြပါခင်ဗျာ….
File size…(1.6 GB)/(1.2 GB)
Quality….Webrip 1080p / 720p
Format…mp4
Duration….01:38:00
Genre…Drama
Subtitle….Myanmar Subtitle (Hardsub)
Encoder….Garfield
Translated by AKM
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။