

အချိန်တွေသာ နောက်ပြန်လည်သွားခဲ့ရင် အဲဒီဖြစ်စဉ်ရဲ့နောက်ဆက်တွဲတွေက လူတွေရဲ့ဘဝကို ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိစေမလဲ။ နာရီလက်တံတွေ ဆန့်ကျင်ဘက်လည်ပတ်ကုန်မလား။ အနောက်အရပ်က နေထွက်ပြီး အရှေ့အရပ်မှာ နေဝင်သွားမလား။ ကမ္ဘာကြီး ပြောင်းပြန်လည်သွားမလား။ လူသားတွေရဲ့ဘဝတွေ ကမောက်ကမဖြစ်ကုန်မလား။ အသက်တွေကြီးရာကနေ တဖြည်းဖြည်းငယ်ကုန်မလား။ အချိန်ရဲ့ရက်စက်မှုတွေကို ဘယ်လိုလူမျိုးကမှ အနိုင်မယူနိုင်၊ မကျော်လွှားနိုင်။
ဇာတ်လမ်းအကျဉ်း- ဘန်ဂျမင်ဘက်တွန်ဆိုတဲ့ကောင်လေးဟာ အသက် ၈၀ အရွယ်အဘိုးကြီးတစ်ယောက်ရဲ့ခန္ဓာကိုယ် ရုပ်ပိုင်းဆိုင်ရာ အခြေအနေတွေနဲ့အတူ မွေးဖွားလာတယ်။ သူ့အမေကလည်း သူ့ကိုမီးဖွားပြီးချိန်မှာပဲ ဆုံးပါးသွားခဲ့တယ်။ ဒါနဲ့ သူ့အဖေ သောမတ်ဘက်တွန်က ဒီလို အဘိုးကြီးခန္ဓာကိုယ်နဲ့ကောင်လေးကို မကောင်းဆိုးဝါးအထင်နဲ့ ဘိုးဘွားဂေဟာမှာ သွားပစ်ထားခဲ့တယ်။ အဲဒီဂေဟာက အမျိုးသမီးက ကလေးကိုတွေ့သွားပြီး မွေးစားဖို့ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ ဒီကောင်လေးကို ဘယ်သူကမှ ကြာကြာခံမယ်လို့မထင်ကြဘူး။ ဒါပေမဲ့ ဘန်ဂျမင်ဟာ အချိန်တွေတရွေ့ရွေ့ကုန်ဆုံးလာတာနဲ့အမျှ အသက်ကြီးရာကနေ တဖြည်းဖြည်းချင်း နုပျိုလာခဲ့တယ်။
ဒီဇာတ်ကားဟာ ဟောင်းပေမဲ့ ရွှေလို့ပြောလို့ရတဲ့ဇာတ်ကားတစ်ကားဖြစ်တယ်။ ဇာတ်လမ်းဟာ အချိန်အားဖြင့် ၃ နာရီနီးပါးကြာမြင့်ပြီး ဝတ္ထုရှည်တစ်ပုဒ်ကို အေးအေးဆေးဆေးထိုင်ဖတ်နေရသလို ခံစားချက်မျိုးပေးမယ့် Masterpiece ရုပ်ရှင်တစ်ပုဒ်ဖြစ်ပါတယ်။ တချို့ဇာတ်ကားတွေလို တစ်ခါကြည့်ပြီးတာနဲ့မေ့မေ့ပျောက်ပျောက်ဖြစ်သွားမယ့်ဇာတ်လမ်းမျိုးမဟုတ်ဘဲ ဇာတ်လမ်းထဲကို စီးမြောဝင်သွားပြီး ရုပ်ရှင်ပြီးတဲ့အခါ အတွေးပေါင်းများစွာနဲ့ ရင်ထဲမှာတသသကျန်ခဲ့မယ့် ရုပ်ရှင်လို့ပြောလို့ရတယ်။ လူတိုင်း ဘဝမှာ တစ်ခါတော့ကြည့်ဖူးသင့်တဲ့ရုပ်ရှင်ဖြစ်တာကြောင့် ခံစားကြည့်ရှုလိုက်ကြပါဦး။
File size…(2.3 GB)/(1.2 GB)
Quality….Webrip 1080p / 720p
Format…mp4
Duration….02:46:00
Genre…Drama, Fantasy, Romance
Subtitle….Myanmar Subtitle (Hardsub)
Encoder….Mr. Anderson
Translated by Vader
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။










































![[18+] Eros (2004)](https://www.channelmyanmar.to/wp-content/uploads/2022/04/MV5BMTk2MjQ2NTAzOV5BMl5BanBnXkFtZTcwMTg5NzgyMQ@@._V1_FMjpg_UX1000_-135x200.jpg)




![[21+] Monamour (2006)](https://www.channelmyanmar.to/wp-content/uploads/2016/12/MV5BMzQzNjg1MjA0OV5BMl5BanBnXkFtZTcwMTUwNzI2Mw@@._V1_-232x300.jpg)














