IMDb 7.4/10
ဒီဇာတ်လမ်းလေးကတော့ Kyoto မှာရှိတဲ့ Kibune လို့ ခေါ်တဲ့
ဒေသက တည်းခိုဆောင်တစ်ခုမှာ ဇာတ်အိမ်တည်ထားတာဖြစ်ပါတယ် ။
Fujiya တည်းခိုဆောင်မှာ စားပွဲထိုးအဖြစ် အလုပ်လုပ်နေတဲ့
Mikoto ဟာ တစ်ခုသော နေ့လယ်ခင်းမှာတော့ သူတို့ဟာ
အခိုက်အတန့်တစ်ခုတည်းမှာပဲ ထပ်ခါတလဲလဲ လည်ပတ်နေတယ်
ဆိုတာကို သိလိုက်ရပါတယ် ။ သူတို့အားလုံးကြုံနေရတဲ့
ဒီအခြေအနေကြီးမှာ အချိန်က နှစ်မိနစ်တိုင်း အစကနေ
ပြန်ပြန်ရစ်နေတာ ဖြစ်ပါတယ် ။ ဒီပြဿနာရဲ့ အကြောင်းအရင်းက
ဘာများဖြစ်မလဲ ။ မီကိုတိုနဲ့အတူ Fujiya ဝန်ထမ်းတွေ ၊ ဧည့်သည်တွေ
အားလုံးပေါင်းပြီး ဘယ်လိုဖြေရှင်းကြမလဲဆိုတာကို ဟာသကလေးနှောပြီး
ပေါ့ပေါ့ပါးပါး ခံစားကြည့်ရှုရမှာဖြစ်ပါတယ် ။ အချိန်က အကန့်အသတ်
တစ်ခုအတွင်းမှာပဲ ထပ်ခါတလဲလဲ လည်ပတ်နေတဲ့အခါ လူတွေရဲ့
ပြောင်းလဲလာတဲ့ စိတ်ထားအမျိုးမျိုးကိုလည်း တွေ့ရမှာပါ ။
ဇာတ်လမ်းရဲ့ အနှစ်ချုပ်လေးကတော့ အချိန်တွေ ရပ်သွားပါစေလို့
လူတိုင်း ဆုတောင်းဖူးကြပေမယ့် တကယ်တမ်း အချိန်တွေရပ်တန့်သွားဖို့
ဘယ်သူမှ မလိုလားကြဘူးဆိုတဲ့ အကြောင်းပါပဲ ။ ဒါဆိုရင်တော့
မီကိုတို ၊ တကု ၊ Fujiya အဖွဲ့သားတွေနဲ့အတူ နှစ်မိနစ်တိုင်း
တစ်ခါလည်ပတ်နေတဲ့ အချိန်ဝင်္ကပါကြီးထဲကနေ အတူတူ
လွတ်မြောက်ကြည့်လိုက်ရအောင်နော် ။
File size…1.97 GB / 874 MB
Quality…WEB-DL 1080p / 720p
Format…mp4
Duration….1h 26m
Genre ….. Comedy , Sci-Fi
Subtitle….Myanmar Subtitle (Hard Sub)
Encoder….Min Wai
Translated by Ashley
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။