The Great Indian Family (or) အိန္ဒိယရဲ့ အကောင်းဆုံးမိသားစု
===================================
IMDb – 6.9/10
ဒီတစ်ခေါက်မှာတော့ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရမယ့် ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်
ဗဒ်ဗက်ရ် ထရီပတ်သီ (ခ) ဘန်ဂျန်ကူးမားဆိုတဲ့ ကောင်လေးဟာ သူတို့နေထိုင်ရာမြို့လေးရဲ့ အလေးစားခံရဆုံး
ပုရောဟိတ်ကြီး စီရာရမ် ထရီပတ်သီရဲ့ သားတစ်ယောက်ပဲဖြစ်ပါတယ်။
ဗဒ်ဗက်ရ်ဟာ ငယ်ရွယ်စဉ်က မြွေလှေကားဂိမ်းကို သဘောကျနှစ်ခြိုက်သူ တစ်ဦးလည်းဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးရဲ့ သမီးဖြစ်သူ
အီရှ်ဝါယာမယ်ပနီဟာလည်း (တစ်ကျောင်းလုံးက ကောင်လေးတွေ သဘောကျရတဲ့ သူဌေးသမီးလေး) သူနဲ့ တစ်ကျောင်းတည်းတက်နေသူဖြစ်ပြီးတော့
အီရှ်ဝါယာဟာ သူရဲ့ မွေးနေ့ကို ဗဒ်ဗက်ရ်ကို ဖိတ်ကြားလိုက်ပါတယ်။
ပုရောဟိတ်ကြီးရဲ့ သားဖြစ်တဲ့အလျောက် ဗဒ်ဗက်ရ်ဟာလည်း ပုရောဟိတ်လေးဖြစ်လာဖို့ ပွဲတော်ကျင်းပဖို့ အချိန်ရောက်လာတဲ့အခါ တိုက်တိုက်ဆိုင်ဆိုင်ပဲ
အီရှ်ဝါယာရဲ့ မွေးနေ့နဲ့ ပွဲတော်လုပ်မယ့်နေ့က တိုက်ဆိုင်လို့ နေပါတယ်။ သူငယ်ချင်းဖြစ်သူရဲ့ မွေးနေ့ကို သွားဖို့အတွက် အားခဲထားပေမယ့်
ပရောဟိတ်လေးအဖြစ် ခံယူဖို့ ကတုံးတုံးခံလိုက်ရရင်း အဖေဖြစ်သူဟာ မွေးနေ့ပွဲတစ်ခုကို ရိုးရာပွဲပြုလုပ်ပေးဖို့အတွက် သွားရာကို သားဖြစ်သူကိုပါ
ခေါ်သွားတဲ့အခါမှာ သူ့သူငယ်ချင်းဖြစ်သူရဲ့ မွေးနေ့ပွဲဖြစ်နေခဲ့ပါတော့တယ်။
ဗဒ်ဗက်ရှ်ဟာ မွေးနေ့မှာ ပူဇော်ဖို့လုပ်ရင်းရဲ့ ဓမ္မတေးဟာ သူ့အတွင်းထဲကနေ အလိုလိုပွင့်ကျလာရင်းနဲ့
အဲဒီနေ့ကစလို့ သူဟာ ဓမ္မတေးဆရာ ဘန်ဂျန်ကူမားအနေနဲ့ ဓမ္မတေးတွေ သီဆိုပါတော့တယ်။
နောက်ပိုင်း မမျှော်လင့်ဘဲ မွတ်စလင်ရပ်ကွက်ကို ရောက်သွားပြီး ကောင်မလေးတစ်ယောက်နဲ့ ဆုံတွေ့ပြီးတဲ့ နောက်မှာတော့
ဘာတွေ ဘယ်လိုတွေ ဆက်ဖြစ်လာဦးမလဲဆိုတာကို ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုရမယ့် ဇာတ်လမ်းလးတစ်ပုဒ် ဖြစ်ပါတယ်။
(အညွှန်းနဲ့ ဘာသာပြန်ကတော့ Sai~Yunni~V~Alex~ToMo တို့ပဲ ဖြစ်ပါတယ်)
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့
ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)
File size…2.3GB / 1.14GB
Quality…1080p WEB DL /720p
Format…mp4
Duration….1h 52m
Subtitle….Myanmar Subtitle (Hard Sub)
Encoder….YK
Translated by Sai~Yunni~V~Alex~ToMo
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။




















![[18+] Mastizaade (2016)](https://www.channelmyanmar.to/wp-content/uploads/2016/03/6f170de3b481719baa10256169d8a7278c6d1b1b1112dddb504eea6fee24b019._RI_V_TTW_-150x200.jpg)











