

သင်အိုမင်းလာပြီး ဇရာထောင်းလာတဲ့အချိန်မှာ သင့်ကိုယ်သင် ဘယ်လိုဖြစ်နေမယ်လို့ထင်ပါသလဲ။
ဒီဇာတ်ကားကတော့ အမေရိကန်မြောက်ပိုင်းဒေသမှာ အသက်အရွယ်ရလာပြီး စိတ်သွားတိုင်းကိုယ်မပါတော့တဲ့ တစ်ယောက်တည်းအထီးကျန် မေတ္တာမပေးတတ်တဲ့ ဘောက်ဆတ်ဆတ်အဖိုးကြီးတစ်ယောက်နေရာကနေ စီးမြောခံစားရမှာပါ။
ဝူဒီဂရန့်ဆိုတဲ့ အဖိုးကြီးဟာ နေထိုင်လာတဲ့တစ်လျှောက်မှာ သားနှစ်ယောက်နဲ့ ဇနီးအပေါ် လင်ဝတ္တရား ဖခင်ဝတ္တရား မကျေပွန်တဲ့ အရက်ဂျိုး ယစ်ထုပ်တစ်ယောက်ပါ။ တစ်နေ့မှာတော့ သူဟာ မဂ္ဂဇင်းစာအုပ်တစ်အုပ်ကနေ သင်ဟာ ဆုကြေးငွေကို ကံထူးပါတယ် ဆိုတဲ့လက်မှတ်တစ်စောင်ကို တွေ့ရှိခဲ့ပြီး အသက်ကြီးပြီး အတိတ်မေ့ချင်ချင်ဖြစ်နေတဲ့ ဝူဒီဟာ သူ့ကိုယ်သူ ဒေါ်လာတစ်သန်းပေါက်တယ်ဆိုပြီး ခံယူလိုက်ပါတော့တယ်။ သူဟာ မိသားစုက ဒေါ်လာတစ်သန်းပေါက်တာ မဟုတ်ကြောင်း ဘယ်လိုပဲရှင်းပြရှင်းပြ ဒီစာရွက်ကိုယူပြီး မွန်တားနားပြည်နယ်ကနေ နဲဗရာစကာပြည်နယ်အထိ ခြေကျင်သွားပြီး ဆုကြေးငွေသွားထုတ်ဖို့ တာဆူနေပါတော့တယ်။ တားမရတဲ့နောက်ဆုံး သားငယ်ဖြစ်သူ ဒေးဗစ်ဟာ အဖေစိတ်ချမ်းသာပါစေဆိုပြီး ကားနဲ့လိုက်ပို့ပါတော့တယ်။
ဒီလိုနဲ့ နဲဗရာစကာသွားတဲ့လမ်းမှာ ဝူဒီငယ်မြို့လေးကို လမ်းကြုံနေတာနဲ့ ဝင်လည်ပါတော့တယ်။ ဒီအချိန်မှာ ဝူဒီတစ်ယောက် ငယ်တုန်းက ဘော်ဒါတစ်ယောက်ဖြစ်တဲ့ ပီဂရင်းကို ဒေါ်လာတစ်သန်း ပေါက်ကြောင်းပြောပြလိုက်တဲ့အချိန်မှာ ဒီသတင်းက တစ်မြို့လုံးကို ပျံ့သွားပါတော့တယ်။ ဒီအချိန်မှာ အသိခေါက်ခက်အဝင်နက်တဲ့ ဝူဒီတစ်ယောက် ဒေါ်လာတစ်သန်း တစ်ကယ်ပေါက်တာမဟုတ်ဘဲ နာမည်ကြီးထမင်းငတ်ဖြစ်နေတဲ့အမှန်တရားကို ဘယ်လိုလက်သင့်ခံရမလဲ၊ သူ့ရဲ့ဆွေမျိုးသားချင်းတွေက ဒေါ်လာတစ်သန်းပေါက်တယ်မှတ်ပြီး သူ့ဆီက ငွေဘယ်လိုတောင်းကြမလဲ၊ သားဖြစ်သူဒေးဗစ်တစ်ယောက် ဒီအချိန်မှာ ယစ်ထုပ်အရှုံးသမားဖြစ်နေတဲ့ ဘယ်တော့မှ မေတ္တာမပေးတဲ့ သူ့အဖေရဲ့ငယ်ရွယ်စဉ်ဘဝကို တဖြည်းဖြည်းနဲ့ သိရှိလာပြီး သားအဖနှစ်ယောက်ကြား ဘယ်လိုနားလည်လာမလဲဆိုတာကို ဆွတ်ပျံ့လွမ်းမောဖွယ်ရာ ကြည့်ရှုရမှာဖြစ်ပါတယ်။
File size…(1.6 GB)/(740 Mb)
Quality….Webrip 1080p / 720p
Format…mp4
Duration….01:55:00
Genre…Drama
Subtitle….Myanmar Subtitle (Hardsub)
Encoder….Garfield
Translated by Matteo
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။







![[18+] Madrid, 1987 (2011)](https://www.channelmyanmar.to/wp-content/uploads/2023/05/p9219113_p_v8_aa-133x200.jpg)


![[18+] Hirugao (2017)](https://image.tmdb.org/t/p/w185/2P8RRz5wA3hCEaKcTL4pdDZAt2E.jpg)












![[18+]Under Your Bed (2019)](https://www.channelmyanmar.to/wp-content/uploads/2022/02/MV5BMWM3ZTBjMjctZWZlYy00ODdlLWI1NjItMTdjODE0NGY5YTg3XkEyXkFqcGdeQXVyMTIzMjUxMg@@._V1_-142x200.jpg)











