Channel Myanmar

Brotherhood (2022)

ActionCrime

5.0
IMDB: 5.0/10 votes

179245

Report error

442

ငယ်ငယ်က ကြားဖူးတဲ့ ကျေးညီနောင်ပုံပြင်လေးကို မှတ်မိကြသေးရဲ့လား..
မုန်တိုင်းကြောင့် အသိုက်ကနေလွင့်ပြီး တစ်နေရာစီ ရောက်သွားကြတဲ့
ကျေးညီနောင်လေးဟာ တစ်ကောင်ကအဖြူဘက် တစ်ကောင်က အမည်းဘက်
ဒုစရိုက်ခြမ်းနဲ့ သုစရိုက်ခြမ်း တစ်ကွဲတစ်ပြားစီ ရောက်သွားခဲ့ကြရတာလေ…

ဒီ IMDB 8.1/10 ရရှိထားတဲ့ နိုင်ဂျီးရီးယား
crime-action thrillerကားလေး
Brotherhood (2022)ကလည်း
အလားတူ အခြေအနေမျိုးကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်..

“ဇာတ်လမ်းအကျဉ်း”
ငယ်စဉ်က နှစ်သစ်ကူးညမှာ ဓားပြတိုက်ခံခဲ့ပြီး
မိဘနှစ်ပါးလုံး ဆုံးပါးသွားခဲ့တာကြောင့်
ဝါလေ နဲ့ အာကင်းတို့ အမြွှာညီအစ်ကိုနှစ်ယောက်ဟာ
နေ့ချင်းညချင်း မိဘမဲ့အဖြစ်ကိုရောက်ရှိသွားခဲ့ရပါတယ်..
မိဘမဲ့ဂေဟာရောက်သွားတဲ့ အမြွှာညီအစ်ကိုနှစ်ယောက်မှာတော့
လီဂိုပြည်နယ်ရဲ့ လမ်းမများပေါ်မှာ အသက်ရှင်ရပ်တည်ဖို့ကြိုးစားရင်း
အရွယ်ကြီးရင့်လာတဲ့အခါမှာတော့ တစ်ယောက်တစ်လမ်းစီ လျှောက်ဖြစ်ခဲ့ကြပါတော့တယ်..
အဖြူ အမည်း လားလားကြီးကို ဆန့်ကျင်နေတဲ့ ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်စွာ
ဝါလေက ရဲအရာရှိဖြစ်၊ အာကင်းက ထောင်ကို အိမ်ဦးနဲ့ ကြမ်းပြင်လိုကူးနေတဲ့
ဒုစရိုက်သမားဖြစ်ခဲ့တာကြောင့် တဇောင်းစေးနဲ့ မျက်ချေးလို
တစ်ယောက်နဲ့တစ်ယောက်ကြည့်မရ ဖြစ်နေကြတော့တာပေါ့..
ဒီလိုနဲ့ တစ်နေ့မှာတော့ ဝါလေလိုက်နေတဲ့ ရာဇဝတ်မှုထဲ
အာကင်းက တရားခံတွေထဲကတစ်ယောက်ဖြစ်နေတာကို သိလိုက်ရတဲ့အခါမှာတော့…
အလုပ်နဲ့ ညီအစ်ကိုသံယောဇဉ်ကြား ဝါလေတစ်ယောက် ဘယ်အရာကိုရွေးချယ်မှာလဲ..
အာကင်းကရော ဘယ်လိုဖြစ်ပြီး အဲဒီရာဇဝတ်မှုကြီးထဲ ပါသွားခဲ့တာလဲ..
နှစ်ယောက်သား ထိပ်တိုက်တွေ့ကြတဲ့အခါ ခါတိုင်းလို အသေအလဲ သတ်ကြမလား..
သွေးက ရေထက်ပျစ်တယ်ဆိုတဲ့ စကားအတိုင်းပဲ အလျှော့ပေး လက်နက်ချကြမလား..
ဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်…

(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Emilyပဲဖြစ်ပါတယ်)

File size…(3.14GB)  / (1.29GB) / (974MB)
Quality…. Web 1080P / 720p / 480p
Format…mp4
Duration….02:00:00
Genre…Action / Crime
Subtitle….Myanmar Subtitle (Hardsub)
Encoder….Mr. Anderson
Translated by Emily



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Brotherhood (2022)
Brotherhood (2022)


No downloads available

Genres



Related movies