Channel Myanmar

The Best Offer(2013)

CrimeDramaMystery

7.8
IMDB: 7.8/10 121K votes

, ,

221419

Report error

The Best Offer(2013)

==================

442

The Best Offer ရုပ်ရှင်ဟာ 2013 ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb

7.8/10 ရထားတဲ့ Mystery/ Romance/ Drama အမျိုးအစား

ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။

Mr. Virgil Oldman ဟာ ရှေးဟောင်းပစ္စည်းများကို

တန်ဖိုးဖြတ်ရာမှာ ကျွမ်းကျင်တဲ့ လစ်လံပစ်သူတစ်ဦးဖြစ်ပါတယ်။

သူဟာ သူ့ရဲ့ ငယ်သူငယ်ချင်းဖြစ်သူ Mr. Billy Whistler နဲ့ပူးပေါင်းပြီး

တန်ဖိုးကြီးပန်းချီကားတွေကို စျေးသက်သက်သာသာနဲ့ရအောင်

တစ်ဖက်လှည့်နဲ့ဝယ်ယူလေ့ရှိပါတယ်။ သူ့ရဲ့ တန်ဖိုးကြီးပန်းချီကားတွေကိုလည်း

သူ့အိမ်ထဲရှိ လျို့ဝှက်ခန်းထဲမှာ တန်ဖိုးထားသိမ်းဆည်းလေ့ရှိပါတယ်။

Mr. Oldman ဟာ တစ်ကိုယ်တည်း လူပျိုကြီးဘဝနဲ့နှစ်အတော်ကြာအောင်

လုပ်ငန်းထဲမှာပဲ ဘဝကိုနှစ်မြှုပ်ထားလေ့ရှိတာကြောင့် အလွန်ချမ်းသာ

ကြွယ်ဝလာသော်လည်း အချစ်ဆိုသောအရာကို တစ်ကြိမ်တစ်ခါမျှတောင်

မြည်းစမ်းခွင့်မကြုံခဲ့ဖူးပါဘူး။ တစ်နေ့မှာတော့ Miss Claire Ibbetson ဆိုသူ

အမျိုးသမီးငယ်တစ်ဦးက သူမအမွေရခဲ့တဲ့စံအိမ်ကြီးမှ ရှေးဟောင်းပစ္စည်း

များကို လေလံတင်ရောင်းချဖို့ ဆက်သွယ်လာခဲ့ပါတယ်။ ထူးခြားလှစွာပဲ

အချိန်အတော်ကြာသည့်တိုင် ထိုအမျိုးသမီးငယ်ကို Mr.Oldman မတွေ့ခဲ့

ရပါဘူး။ ထိုအခြေအနေကပဲ Mr. Oldman ရဲ့ သူမအပေါ်စိတ်ဝင်စားမှုကို

ပေါက်ဖွားလာစေခဲ့ပါတယ်။ Miss Ibbetson နဲ့ပတ်သက်တဲ့ ခံစားမှုတွေကို

သူရဲ့လူငယ်မိတ်ဆွေဖြစ်သူ အင်ဂျင်နီယာလေး Robert ဆီ ရင်ဖွင့်မိပါတယ်။

အချစ်ဆရာကြီးဖြစ်သူ Robert ရဲ့အကြံပေးမှုနဲ့ Miss Ibbetson ကိုမြင်

တွေ့ခွင့်ရဖို့ ကြိုးစားမိသောအခါ…..

ဒီ ရုပ်ရှင်ကားလေးဟာ အစပိုင်းမှာတော့ အနည်းငယ်အေးတယ်ထင်ရပေမယ့်

တဖြည်းဖြည်းနဲ့ပရိသတ်တွေကို ဟာကနဲ၊ ဟင်ကနဲ ဖြစ်သွားအောင် အဆုံးထိ

ဆွဲဆောင်နိုင်တာကို တွေ့ရပါတယ်။ ရုပ်ရှင်ကားပြီးဆုံးသွားရင်တောင်မှ

အတွေးလေးတွေ ထပ်ပွားစေမယ့် ဇာတ်ကားကောင်းလေးတစ်ကား

ဖြစ်ပါကြောင်း။
(အညွှန်းနဲ့ ဘာသာပြန်ကတော့ Thae Suu ပဲ ဖြစ်ပါတယ်)

 

File size…1.59GB / 676MB
Quality…WEB-DL 1080p / 720p
Format…mp4
Duration….2h 11m
Genre ….. Crime , Drama , Mystery
Subtitle….Myanmar Subtitle (Hard Sub)
Encoder….Min Wai
Translated by Thae Suu



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။



No downloads available


Related movies