9th Company (2005)
They stood together while their country fell apart

Synopsis:
IMDb 7.1, RT 69%
SEAL Team, Jarhead, The Pacific, Jack Ryan, The Terminal List အစရှိတဲ့ စစ်ရုပ်ရှင်တွေကို ကြိုက်နှစ်သက်တဲ့ ရုပ်ရှင်ကြည့်ပရိသတ်တွေအတွက် ၁၉၈၈ ဇန်နဝါရီ ၈ရက်နေ့က အာဖဂန်နစ္စတန်နိုင်ငံ၊ ပက်တီးယားပြည်နယ် တောင်ကုန်း ၃၂၃၄မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မှန် တိုက်ပွဲ တစ်ခုကို ဂုဏ်ပြုတဲ့အနေနဲ့ ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးထားတာကို တင်ဆက်ပေးချင်ပါတယ်။
ဆိုက်ဘေးရီးယားက လူငယ်တချို့ဟာ ရုရှားနိုင်ငံ တပ်မတော်မှာ စစ်မှုထမ်းဖို့ စာရင်းပေးသွင်းခဲ့ပါတယ်။ ဗိုရိုဗိယက်၊ ချူဂိုင်နဗ်၊ ရိုင်ယာဘိုကွန်၊ လူတာယက်ဗ်အိုလက်၊ ရုသ်စလန်၊ ဂျိုကန်ဒါ၊ စတက်၊ ပေါ့ကီ၊ ပီနိုရှေး၊ ဘက်ဘူလာတော့ဗ်တို့ကတော့ လူသစ်စုဆောင်းလေ့ကျင့်ရေးမှာ တပ်ရင်း အတူတူကျတဲ့ တပ်စုဖြစ်ပါတယ်။ သူတို့ သွားရောက် စစ်မှုသွားရောက်ထမ်းဆောင်ရမယ့် နိုင်ငံက အာဖဂန်နစ္စတန်နိုင်ငံ ဖြစ်ပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံမှာ စစ်မှုမထမ်းဆောင်ခင်မှာ စစ်ပြန်ကြီး ဒုဗိုလ် ဒိုင်းဂါလိုရဲ့လက်အောက်မှာ လေ့ကျင့်ရပါတယ်။ ထို့နောက် အာဖဂန်နစ္စတန်နိုင်ငံမှာ မစ်ရှင်တွေ ဆောင်ရွက်ဖို့ စစ်ကြောင်းထွက်ရပါတော့တယ်။ သူတို့ရဲ့ မစ်ရှင်က စစ်ယာဥ်ကြော ဖြတ်သန်းနိုင်ဖို့ အမြင့်တောင်ကုန်းတစ်ခုကို သိမ်းပိုက်ထားပြီး ရန်သူတွေကို ခံတိုက်ပေးဖို့ဖြစ်ပါတယ်။
ဒီရုပ်ရှင်ရဲ့ ထူးခြားချက်က Jarheadလို စစ်ရေးလေ့ကျင့်နေစဥ်မှာ ဗယုသုတ်ခ လုပ်တာတွေ၊ SEAL Teamလို မစ်ရှင်စစ်ကြောင်းထွက်တာမျိုးကို ရုပ်ရှင်တစ်ကားထဲမှာ ပြည့်ပြည့်စုံစုံကို ဖော်ပြထားတာဖြစ်ပါတယ်။ ဒါပေမယ့် Jarheadလို စစ်မတိုက်လိုက်ရဘဲ ပြီးသွားမယ့် ရုပ်ရှင်မျိုး မဟုတ်တဲ့အပြင် SEAL Teamလို အမေရိကန်ဘက်ကနေ ရိုက်ထားတာမဟုတ်ဘဲ ရုရှားနိုင်ငံအမြင်ဘက်က ရိုက်ကူးတင်ဆက်ထားတာဖြစ်တဲ့အတွက်ကြောင့် ဒီရုပ်ရှင်က သာမန်နဲ့တော့ ကွာနေမှာပါ။ ဒါ့အပြင် ၁၉၈၈ ဇန်နဝါရီ ၈ရက်နေ့၊ ပက်တီးယားပြည်နယ် တောင်ကုန်း ၃၂၃၄မှာ အမှန်တကယ် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအကြောင်းကို ကြည့်ရှု့ရတာဆိုတော့ သာမန်စစ်ကားတွေထက် ပိုပြီး တန်ဖိုးရှိတဲ့ ခံစားချက်တစ်ခုကို ရရှိမှာတော့ အမှန်ပါပဲ။ တပ်ရင်း ၉က သူတို့ရဲ့မစ်ရှင်ဖြစ်တဲ့ တောင်ကုန်းကို သိမ်းပိုက်ထားပြီး ရန်သူတွေကို ချေမှုန်းနိုင်ပါ့မလား၊ သူတို့ရဲ့ မစ်ရှင်ဟာ ကျရှုံးသွားမလားဆိုတာကို ဇာတိမာန်အပြည့်နဲ့ ကြည့်ရှု့ရမှာဖြစ်ပါတယ်။
အညွှန်းနဲ့ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။
File size…(3.1 GB)/(1.7 GB)
Quality….Webrip 1080p / 720p
Format…mp4
Duration….02:19:00
Genre…War, Action, Drama, History
Subtitle….Myanmar Subtitle (Hardsub)
Encoder….Mr. Anderson
Translated by Min Khant Kyi Win
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။