6 Years (2015)


Synopsis:
6 Years (2015) IMDb 5.6 Rotten Tomato 69%
“ ငါ့ အသက် ၂၆ နှစ်ပြည့်ရင် ငါသူနဲ့ လက်ထပ်မယ် သူ့အတွက် ဘေဘီလေးတွေ မွေးပေးမယ်”
“ နင့်ကို တစ်ရက်မတွေ့ရဘဲ ငါ မနေနိုင်ဘူး”
“ နင်နဲ့ဝေးပြီး ငါမနေနိုင်ပါဘူး”
အဲဒီလောက်ထိ ချစ်ကြတဲ့ ချစ်သူ ၂ ယောက်ရှိပါတယ်။
ဒန် နဲ့ မယ်လ်နင် တဲ့။
တက္ကဆပ်မှာနေကြတယ်။
ကလေးဘဝတည်းက ခင်မင်လာပြီး ချစ်သူသက်တမ်း ၆ နှစ်တောင် ရှိနေပြီဖြစ်တဲ့ ငယ်ချစ်တွေ။
ဘယ်သွားသွား ဘယ်လာလာ အမြဲ တပူးပူးတတွဲတွဲပေါ့။
တစ်နေ့ကျရင် လက်ထပ်ကြမယ် သာယာတဲ့အိမ်ထောင်တစ်ခု ကို
ထူထောင်ကြမယ် ဆိုတဲ့ အိပ်မက်တွေကိုယ်စီနဲ့ အသက် ၂၀ကျော် Love Bird လေးတွေရဲ့ ဘဝထဲကို
တစ်နေ့တော့ ဘဝရဲ့ စိန်ခေါ်စမ်းသပ်ချက်တွေ ရောက်လာခဲ့ပါတယ်။
မယ်လ် တစ်ယောက် သူငယ်ချင်းတွေနဲ့ ပါတီသွားရင်း
အမူးလွန်ပြီး ဒန့် ဆီကို သွားရာကနေ စ ဖြစ်လာတဲ့ ကတောက်ကဆ မီးပွားလေးဟာ
ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုတွေကြောင့် ဟုန်းဟုန်းတောက် လောင်ကျွမ်းလာပါတော့တယ်။
ဒါ့အပြင် ဒန့် မှာ အချစ်နဲ့ အလုပ်အခွင့်အရေးကြား ဗျာများစရာတွေ ရှိလာတဲ့အခါ
သူတို့ရဲ့ ရိုဆန်လှတဲ့ ၆ နှစ်တာ ချစ်သက်တမ်းဟာ နားလည်မှုတွေနဲ့ ရှေ့ဆက်နိုင်ပါ့မလား?
ပြီးတော့ အတူရှိခြင်းနဲ့ အချစ်ဟာ ထပ်တူကျနိုင်ပါ့မလား?
မျက်စိအောက်ကတောင် အပျောက်မခံနိုင်ပါဘူး ဆိုတဲ့ ချစ်သူတွေကြား
ဘဝမုန်တိုင်းတွေတိုက်ခတ်တဲ့အခါ တွဲလက်တွေမြဲနိုင်ပါဦးမလား?
ဆိုတာကိုတော့ ဇာတ်လမ်းလေးမှာပဲ ဆက်လက်ခံစားလိုက်ကြပါဦးနော်။
ဒီဇာတ်လမ်းဟာ လူငယ်အချစ်ဇာတ်လမ်းလေးဖြစ်တာကြောင့် Ro တာတွေ ငို တာတွေကို
တဝကြီး ခံစားရမှာမို့ Tissue Box လေး ဘေးမှာထားပြီး ရှူစားအားပေးကြပါဦးနော်။
ဘာသာပြန်နဲ့ အညွှန်းကတော့ Thaw ပါ…
Release Date – 8 Sept 2015
Genres – Drama / Romance / 18+
Running Time – 1hr19min
Encoded by sithu
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။