Channel Myanmar

42 segundos (The Final Game) (2022)

~ IMDb rating – 6.7/10 ~

442

သင့်အနေနဲ့ အားကစားရုပ်ရှင်ကားကောင်းလေးတွေ၊ ဘောလုံးပွဲ Documentary ကောင်းလေးတွေ၊ ရုပ်ရှင်လေးတွေကြည့်ရတာကို နှစ်သက်တယ်ဆိုရင်တော့ ဒီရုပ်ရှင်လေးကိုလည်း လက်လွတ်မခံသင့်ပါဘူး။

သင်ဟာ ပီလီရဲ့ရုပ်ရှင်နဲ့ Documentary ကို ကြည့်ထားဖူးသူ၊ ရော်နယ်ဒို၊ မက်ဆီ၊ ဖာဂူဆန်၊ ရွန်းနီ၊ အာဆင်ဝင်းဂါးစတဲ့ ဘောလုံးအကျော်အမော်တွေရဲ့ ရုပ်ရှင်တွေကို မလွတ်တမ်းကြည့်ရှုတတ်သူဆိုရင်တော့ ဒီရုပ်ရှင်ကားကောင်းလေးဟာလည်း သင့်အတွက် ထပ်မံထွက်ရှိလာခဲ့တာပဲဖြစ်ပါတယ်။

ဒီရုပ်ရှင်ကားကောင်းလေးကတော့ ဘောလုံးလောကအကြောင်း၊ ဘောလုံးပြိုင်ပွဲတွေအကြောင်းမဟုတ်ဘဲ အိုလံပစ်ပြိုင်ပွဲတွေထဲက ဝါတာပိုလိုအသင်းတွေအကြောင်းရိုက်ကူးထားတဲ့ရုပ်ရှင်ကားကောင်းလေးပါပဲ။ IMDb အနေနဲ့လည်း 6.7/10 တောင်ရရှိထားတဲ့ စပိန်ကားကောင်းလေးဖြစ်ပြီး ရထားတဲ့ Rating တွေနဲ့ ထိုက်ထိုက်တန်တန် သရုပ်ဆောင်တွေရဲ့ ဇာတ်ကောင်ပိုင်နိုင်မှု၊ ဇာတ်လမ်းဇာတ်ကွက်နိုင်နင်းမှုရှိတဲ့ ကားကောင်းလေးလည်းဖြစ်ပါတယ်။ အားကစားရုပ်ရှင်ကြည့်တတ်သူတိုင်းအတွက် နောက်ထပ် ဆွေမျိုးမေ့စေမယ့်ဟင်းတစ်ခွက်ဖြစ်ပြီး မမြည်းစမ်းလိုက်ရရင်တော့ နောင်တရနိုင်တဲ့ဟင်းလျာလေးတစ်ခွက်လို့ပြောရမှာပါပဲ။

ဒီရုပ်ရှင်လေးထဲမှာတော့ ၁၉၉၂ ခုနှစ်တုန်းက ဝါတာပိုလိုအိုလံပစ်ဖိုင်နယ်ပွဲအတွက် ကြိုးစားနေကြတဲ့ စပိန်ဝါတာပိုလိုလက်ရွေးစင်အသင်းရဲ့ အခက်အခဲတွေ၊ အရှုပ်အထွေးတွေကို ဇာတ်ကွက်ကောင်းကောင်းနဲ့ ရှုစားရမှာဖြစ်ပြီး ဖြစ်ရပ်မှန်ဇာတ်လမ်းကိုလည်း ရိုက်ကူးထားတာဖြစ်တဲ့အပြင် နာမည်ကြီးစပိန်စီးရီးတစ်ခုဖြစ်တဲ့ Money Heist က ဒန်ဗာ့နေရာမှာသရုပ်ဆောင်တဲ့ နာမည်ကြီး စပိန်သရုပ်ဆောင် Jaime Lorente López ပါပါတဲ့ ရုပ်ရှင်လေးဖြစ်တာကြောင့် 42 segundos ရုပ်ရှင်ကားလေးကို ရှု့စားအားပေးလှည့်ပါဦးခင်ဗျာ။

(ဒီဇာတ်ကားနဲ့အညွှန်းကို San Thu Aung မှ ပြန်ဆို ရေးသားထားပါတယ်)

Size – 2GB, 890MB
Quality – 1080p, 720p
IMDb Rating – 6.7/10
Format – mp4
Duration – 1H 46Min
Genre – Adventure, Biography, Drama
Subtitle – Myanmar Subtitle (Hardsub)
Translated by San Thu Aung
Encoded by Y



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

42 segundos (2022)
42 segundos (2022)


No downloads available

Genres



Related movies