32 Malasana Street (2020)


Synopsis:
Malasana 32 (2020)
———————
ကျွန်တော်တို့ ငယ်ငယ်တည်းက ရင်းနှီးပြီးသားပါ…
သရဲတို့ဝိညာဉ်တို့ဆိုတာ သေခါနီးအစွဲကြီးရင်
မကျွတ်မလွတ်နဲ့ ဘဝမကူးနိုင်တဲ့ ဘုံသားတွေဆိုတာကိုပေါ့…
ဒီဇာတ်လမ်းမှာ အဓိက ဆွဲဆောင်သွားတာကလဲ
မကောင်းဆိုးဝါးရဲ့ စွဲလမ်းစိတ်ပါပဲ….ဇာတ်လမ်းအကျဉ်းကတော့
အန်ပါရိုတို့ မိသားစုဟာ သူတို့မွေးရပ်ဇာတိဖြစ်တဲ့ ရွာမှာ
အဆင်မပြေတာကြောင့် မြို့ကြီးတစ်ခုကို ပြောင်းလာခဲ့ပါတယ်…
မိသားစုဝင်တွေကလဲ များတာကြောင့် တိုက်ခန်းဟောင်းကြီး
တစ်ခုကိုသာ အရစ်ကျနဲ့ဝယ်နိုင်ခဲ့ပါတယ်. အဲ့အချိန်ထိသူတို့မိသားစုဟာ
ပျော်ပျော်ရွှင်ရွှင်ပါပဲ..ဒီလိုဈေးပေါပေါနဲ့ သူတို့မိသားစုဝင်ခြောက်ယောက်ကို
ကျယ်ကျယ်ဝန်းဝန်းနေစေနိုင်လို့လေ…ဒါပေမယ့် အန်ပါရိုကတော့
စိတ်ထဲခြောက်ခြားနေခဲ့ပါတယ်..အဲ့လိုနဲ့တနေ့မှာတော့ အန်ပါရိုဟာ
သူ့မောင်လေး ရာဖဲလ်ကို အိမ်မှာနေရင်းနဲ့ပျောက်သွားခဲ့တာကစပြီး
ဒီတိုက်ခန်းကြီးဟာ မူမမှန်ကြောင်းကို သူတို့မိသားစုစပြီး
သတိထားမိခဲ့ပါတယ်……..အချိန်မတော် လမ်းလျှောက်သံတွေ
ငြီးသံတွေနဲ့ ခြောက်ခြားလွန်းတာကြောင့် သူတို့မိသားစု
တိုက်ခန်းပေါ်ကပါ ဆင်းပြေးပြီး အိမ်ကိုပြန်အပ်ဖို့ထိ လုပ်ခဲ့ပါတယ်…
ကံဆိုးချင်တော့ တိုက်ခန်းကလဲ အပေါင်စာချုပ်နဲ့လုပ်ထားတော့
ပြန်အပ်မရခဲ့ပါဘူး…..အန်ပါရိုတို့မိသားစု ဒီကိစ္စကို ဘယ်လိုဖြေရှင်းမလဲ?
ဒီအိမ်ကြီးက မကောင်းဆိုးဝါးဟာ ဒီတိုက်ခန်းကို စွဲလမ်းနေတာလား.?
သူဘာကိုစွဲလမ်းနေတာလဲ? အဲ့လိုမေးခွန်းတွေနဲ့ ဇာတ်လမ်းအဆုံးထိ
ကြောက်လည်းကြောက် ဆက်လည်းကြည့်ချင်စေမယ့် horrorဇာတ်လမ်းတပုဒ်မလို့
ကြည့်ဖြစ်အောင်ကြည့်ဖို့ ညွှန်းလိုက်ပါတယ်……..
Translated and Encoded by : YK
Quality : 1080p Blu-Ray and 720p Blu-Ray
File Size : 1.8GB and 1.9 GB
Subtile : Myanmar (hardsub)
Duration : 1h 44min
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။