2:Hrs (2018)


Synopsis:
သင့်မှာအသက်ရှင်ဖို့နာရီပိုင်းလောက်ပဲရှိတော့တယ်လို့
သိလိုက်ရတဲ့အခါမှာသင်ဘယ်လိုဖြစ်မလဲ
ဘာပဲလုပ်လုပ်သေမှာပဲဆိုပြီးစိတ်လျှော့ပြီးဘာမှမလုပ်တော့ဘဲ
အိပ်ရာထဲပဲဝင်ခွေနေမလား
သေမယ့်သေစောစောသာသေဆိုပြီး
ကိုယ့်ဘာကိုယ်ပဲအရင်သတ်သေလိုက်မလား၊
ဒါမှမဟုတ် ချစ်ရတဲ့သူတွေနဲ့ပဲနောက်ဆုံး
အသက်ထွက်သည့်အချိန်ထိအတူတူရှိနေမလား၊
ဒါမှမဟုတ်… ဒီ 2 Hrs ဆိုသည့်ကားထဲက တင်မ်ဆိုသည့်ကောင်လေးဟာ
ရှိသည့်အချိန်တွေကိုအကျိုးရှိရှိအသုံးမချဘဲနဲ့
မဟုတ်တာတွေကိုပဲလုပ်ရင်းအချိန်ဖြုန်းနေတဲ့သူတစ်ယောက်ပါ…
တစ်နေ့သူနဲ့သူ့သူငယ်ချင်းနှစ်ယောက်ဖြစ်သည့် ဗစ်နဲ့အက်ဖ်တို့တွေ
ကျောင်းလေ့လာရေးခရီးစဉ်ကနေလစ်ထွက်လာပြီး
သိပ္ပံပညာရှင်တစ်ယောက်ရဲ့သတင်းစာရှင်းလင်းပွဲကို
မတော်တဆရောက်သွားခဲ့သည်။
မိမိဘယ်အချိန်သေဆုံးမည်ဆိုတာကိုခန့်မှန်းပေးနိုင်သောစက်ထဲကို
တင်မ်တစ်ယောက်ခပ်ပေါ့ပေါ့နဲ့ ၀င်စမ်းလိုက်မိရာမှ
သူ့မှာအချိန်၂နာရီပဲကျန်တော့သည်ကိုသိလိုက်သောအခါ…
သူရောဘာတွေဆက်လုပ်မလဲ…
သူ့ကို သူ့သူငယ်ချင်းနှစ်ယောက်ကရောဘယ်လိုကူညီပေးနိုင်မလဲ
ဆက်လက်ကြည့်ရှုလိုက်ပါ
File Size : (769 MB) & (280 MB)
Quality : WEB-DL 720p
Running Time : 1 hr 25 min
Format : Mp4
Genre : Family
Subtitle : Myanmar Subtitle (Hard Sub)
Translated by Pone Thone
Encoded by Moe Myint Lwin
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။