1922 (2017)
IMDb Rating (6.2) / Rotten Tomatoes (91%)
Stephen King ရဲ့ ဝတ္ထုကို အသက်သွင်းထားတဲ့ Horror/Drama အမျိုးအစားရုပ်ရှင် ဖြစ်ပါတယ်။
2017 အောက်တိုဘာ ၂၀ ရက်မှာ Netflix ကနေ ထုတ်လွှင့်ခဲ့ပါတယ်။
The Punisher နဲ့ The Mist ရုပ်ရှင်တွေရဲ့ မင်းသားကြီး Thomas Jane က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းအကျဥ်းကတော့ Wilfred James ဆိုတဲ့ လယ်သမားတစ်ဦးဟာ ဇနီးဖြစ်သူ Arlette နဲ့ သားဖြစ်သူ Henry တို့နဲ့အတူ နီဘရားစကားပြည်နယ်မှာ နေထိုင်ပါတယ်။
ဇနီးဖြစ်သူ Arlette က အမွေရထားတဲ့ လယ်ဧကတစ်ရာကို ရောင်းပြီး မြို့ပြောင်းချင်ပေမဲ့
James နဲ့ Henry တို့သားအဖကတော့ မပြောင်းချင်တဲ့အတွက် စကားများရန်ဖြစ်ကြကာ သားအဖနှစ်ဦးပေါင်းပြီး Arlette ကို အပျောက်ရှင်းပါတော့တယ်။
ဒီကိစ္စ ဒီမှာတင်ပြီးပြီလို့ James ထင်ခဲ့မိပေမဲ့ နောက်ဆက်တွဲ ခြောက်ချားဖွယ် ဖြစ်ရပ်တွေ ဆက်ဖြစ်လာတဲ့အခါမှာ James တစ်ယောက် ဘယ်လိုတုံ့ပြန်မလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။
Stephen King ရဲ့ ဝတ္ထုဆိုတော့ Horror ရသကို ပေးစွမ်းနိုင်သလို
Drama နဲ့လည်း ရောထားတဲ့အတွက် ဇာတ်လမ်းဇာတ်အိမ်လည်း ကောင်းမွန်တယ်လို့ သတ်မှတ်နိုင်ပါတယ်။
ဇနီးဖြစ်သူကို အပြတ်ရှင်းတဲ့နေရာမှာ သားဖြစ်သူကို ဆွဲထည့်ခဲ့တဲ့ James ရဲ့လုပ်ရပ်ကြောင့် ဘယ်လိုအဖြစ်မျိုးတွေ ရင်ဆိုင်ရမလဲဆိုတာကို စိတ်ဝင်စားဖွယ်၊ သနားဖွယ် ကြည့်ရှုရမှာပါ။
(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Wolfenheim မှ တင်ဆက်ထားပါတယ်။)
File size…(6.2 GB)/ (1.1 GB ) / (710 MB)
Quality….BluRay 4K HEVC/ 1080p HEVC/ 720p
Format…mkv/mp4
Duration….01:42:34
Subtitle….Myanmar Subtitle (Hardsub)
Encoder….Ka Naung
Translated by Wolfenheim
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။