1921 (2018)


Synopsis:
2018 ခုနှှစ်ထွက်ရှိထားပြီး အခုလောလောလတ်လတ် ရုံတင်နေဆဲဖြစ်တဲ့
၁၉၂၁ ဆိုတဲ့ အိန္ဒိယ အချစ်သရဲ သဲထိပ်ရင်ဖိုကားကြီးကိုတင်ဆက်ပေးလိုက်ပါတယ်
ဇာတ်လမ်းလေးက အချစ်ကြီးရင် အမျက်ကြီးတယ်ဆိုတဲ့ အတိုင်းပဲ
အချစ်ကိို ကိုးကွယ်မိရာမှ တဏှာ လွန်တော့ အရူးဖြစ်ပြီး
သေပြီးတာတောင် စွဲလမ်းစိတ်ကြောင့် မကျွတ်လွတ်နိုင်ပဲ
သရဲဘဝ နဲ့ ချစ်ရသူကို တပါးသူ မိန်းကလေးလက်ထဲ မပါသွားအောင်
လိုက်လံ နှောင့်ယှက်ပုံ တွေကို ရိုက်ကူးပြထားတာပါ
ဇာတ်လမ်း အကျဉ်းလေးကတော့ – အိန္ဒိယမှ ထူးချွန်တဲ့ ပီယာနိုပညာရှင်လေး အာရွတ်ရှ်ကို
သူ့ရဲ့သူဌေးက လန်ဒန်ကို ဂီတပညာသင်ဖို့စေလွှတ်ခံခဲ့ရတယ်။လန်ဒန်မှာရှိတဲ့
သူ့အိမ်ကိုလည်း စောင့်ရှောက်စေရင်းနဲ့ပေါ့။ ဒါပေမယ့် တစ်နေ့မှာ အာရွတ်ရှ်က
အမှားတစ်ခုလုပ်မိသွားပါတယ်။ အဲ့ဒီအမှားကြောင့် သူနေနေတဲ့အိမ်ကြီးမှာ
သရဲတစ္ဆေတွေရဲ့ခြောက်လှန့်ခြင်းကို ခံရပါတော့တယ်။ သူတစ်ယောက်တည်းဒီပြဿနာတွေကြုံနေရင်းမှ
တစ်နေ့သတင်းစာထဲမှာ ဝိဉာဉ်တွေနဲ့စကားပြောတတ်တဲ့ ရို့စ်ဆိုတဲ့ ကောင်မလေးတစ်ယောက်အကြောင်း
ဖတ်မိတဲ့အချိန်မှာ သူ့အတွက် မျှော်လင့်ချက်တွေရှိလာပါတယ်။
ဘောလိဝုဒ်ရဲ့ နာမည်ကြီးသရဲကားရိုက်တဲ့ဒါရိုက်တာ Vikram Bhatt ရိုက်ကူးထားတာပါ။
သရဲကားကြိုက်သူတွေအတွက် တကယ်ကိုထိန်လန့်မှုတွေပေးစွမ်းစေမယ့် ဇာတ်ကားကောင်းတစ်ကားပါ။
အသံချဲ့ပြီး အိမ်ထဲမှာ တစ်ယောက်တည်းကြည့်မယ်ဆိုရင်
ပိုပြီးကြောက်စရာကောင်းမယ်ဆိုတာကြေငြာလိုက်ပါတယ်။
Qty – 720p HD-rip
Duration – 2hr 22min
Gern- Romance / Horror
Subtitle – Myanmar Hardsub
Review – Ye Man Aung
Encoder – Kyaw Ye Aung
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။