[18+] My Phone Sex Partner (2012) Whatcha Wearin’?
![[18+] My Phone Sex Partner (2012) Whatcha Wearin’?](https://image.tmdb.org/t/p/w780/3IYG7lmIliTegdlh7pXwqat86lR.jpg)
![[18+] My Phone Sex Partner (2012) Whatcha Wearin’?](https://www.channelmyanmar.to/wp-content/uploads/2017/09/4d6dyfwqtsty.jpg)
Synopsis:
My Phone Sex Partner / My PS Partner/ Whatcha Wearin’?
=========================================
IMDb Rating (6.9) / Rotten Tomatoes (58%)
ဇာတ်လမ်းဘယ်ကစလဲဆိုတော့..
ကောင်မလေးက ချစ်သူဆီကို ဖုန်းဆက် Sex Chat ရာမှာ သူ့ချစ်သူဖုန်းနဲ့မှားပြီး သူစိမ်းကောင်လေးတစ်ယောက်ဆီ ရောက်သွားရာကနေ စပါတယ်…
အပြင်မှာ သူတို့နှစ်ယောက်မသိပေမယ့် ဖုန်းထဲမှာ အရမ်းတွေပွင့်လင်းပြီး တစ်ယောက်ကိုတစ်ယောက်နားလည်ပေးလာရာက လှပတဲ့ဇာတ်လမ်းလေးဖြစ်လာတာပေါ့..
သူတို့နှစ်ယောက်လုံးက အချစ်မှာ ကံခေနေသူတွေလို့ ဆိုရမယ်..ဘာလို့ဆို…
ကောင်လေးက မအောင်မြင်တဲ့ ဂီတပညာရှင်တစ်ဦးဖြစ်ပြီး အပြင်လောကထဲကအတိုင်း
မအောင်မြင်သူဆို စွန့်ခွာတတ်ကြတဲ့ချစ်သူကြောင့် ကြေကွဲနာကျနေရသူပါ..
ကောင်မလေးမှာကျ ချစ်သူရှိပေမယ့် အလုပ်ကြိုးစားတဲ့ငကြောင်မို့လို့ လက်မထပ်နိုင်သေးဘဲ
အရွယ်တော်ဟိုင်းတဲ့အထိ စောင့်စားရင်း အချိန်ကုန်နေရသူပါ…
နှစ်ဖက်လုံးမှာ မြိုသိပ်ကြေကွဲစရာ ကိုယ်စီရှိကြတာကြောင့် ဖုန်းထဲမှာ ပွင့်လင်းစွာပြောဆိုကြရင်း လေလှိုင်းထဲမှာ တော်တော်ကို ရင်းနှီးသွားကြပါတယ်…
သူတို့နှစ်ယောက်ရဲ့ လေပေါ်ကရင်းနှီးမှုဟာ အပြင်လောကကို သယ်ဆောင်လာနိုင်မလားဆိုကတော့…။
ဒီဇာတ်ကားက Sex Scenes တွေ Dialogue တွေကြောင့် 18+ ဖြစ်နေပေမယ့် တကယ်တော့ Romance အချစ်ဇာတ်ကားသန့်သန့်လေးပါ…
မင်သားက နာမည်ကြီးဇာတ်လမ်းတွဲတချို့မှာ ပါဝင်ထားတဲ့ Ji Sung ဖြစ်ပြီး မင်းသမီးကတော့ 200 Pounds Beauty နဲ့လူသိများတဲ့ Kim Ah-joong ဖြစ်ပါတယ်။
ပေါ့ပေါ့ပါးပါးအချစ်ဇာတ်ကားလေးဆိုပေမယ့် အချစ်ကိုအဓိပ္ပာယ်ဖွင့်ဆိုရာမှာ ရိုးရှင်းပွင့်လင်းတဲ့အချက်တွေကြောင့် Rating မြင့်ဇာတ်ကားအဖြစ်ရပ်တည်နေတာပါ။
ရီလဲရီရတာမို့ Comedy ပရိတ်သတ်တွေလဲ လက်လွတ်မခံသင့်ကြောင်း ညွှန်းဆိုပါရစေ။
File size…(2.2 GB) and (1.4 GB)
Quality….BluRay 1080p and 720p 5.1CH
Format…mkv
Duration….01:54:00
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung
Translated by Ye Kyaw Htet
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။