Channel Myanmar

[18+] Malicious (1973) Malizia

AdultComedyDramaRomance

6.4
IMDB: 6.4/10 votes

1141789

Report error

442

Malena(2000) ဇာတ်ကားလိုပဲ လူ့သဘောမနောကိုတင်ပြရာမှာ ပွင့်ပွင့်လင်းလင်းချပြတတ်တဲ့ အီတလီဂန္တဝင်ဇာတ်ကားတစ်ကားကို တင်ဆက်လိုက်ပါတယ်။

အစ်ဂ်နာဇီယိုက ပူပူနွေးနွေးမုဆိုးဖိုတစ်ယောက်ဖြစ်ပြီး သားသုံးယောက် (၁၈,၁၄,၆) နှစ်အရွယ်တွေနဲ့တိုင်ပတ်တော့မယ့်
ဆဲဆဲ သူ့ဘဝထဲကို ကယ်တင်ရှင်တစ်ယောက်ရောက်လာခဲ့ပါတယ်။
သူကတော့ အင်မတန်ကြော့ရှင်းလှပသလို အိမ်မှုကိစ္စမှာလဲ လှည့်ကြည့်စရာမလိုအောင်ထောင့်စေ့လှတဲ့ အိမ်ဖော်
လှလှလေး အိန်ဂျလာပါပဲ။

မုဆိုးဖိုကြီးအစ်ဂ်နာဇီယိုအတွက် အိမ်တွင်းမှုကျေပွန်ပြီး အလှပဂေးတစ်ဦးဖြစ်တဲ့ အိန်ဂျလာအပေါ်
မျက်စိကျ သဒ္ဒါစိတ်တွေယိုဖိတ်လာတာမဆန်းကြယ်သလိုပြဿနာလဲမရှိပေမယ့် သူ့သားလူပျိုပေါက်တွေဖြစ်တဲ့
အကြီးကောင်နဲ့အလတ်ကောင်တို့ကပါ သူတို့နည်းသူတို့ဟန်နဲ့အပြိုင်အဆိုင်ချဉ်းကပ်ကြရာမှာတော့ ပြဿနာတွေရှိလာပါပြီ။

ဒါပေမယ့် သူတို့သုံးဦးထဲက အိန်ဂျလာကို ပိုင်ပိုင်နိုင်နိုင်အညှာကိုင်လိုက်နိုင်သူကတော့ အလတ်ကောင်လေး နီနိုပဲဖြစ်ပါတယ်။
နီနိုကိုင်လိုက်မိတဲ့ အိန်ဂျလာရဲ့အညှာက ဘာဖြစ်မလဲ? ဒီသားအဖတွေရဲ့ သပွတ်အူဇာတ်ရှုပ်ကြားက မိန်းမလှလေးအိန်ဂျလာ
ဘယ်လိုလွတ်အောင်ရုန်းရပါ့မလဲ? စတာတွေကိုဆက်လက်ရှုစားကြပါ။

ဇာတ်အစကနေ အဆုံးအထိ
အတည်ပေါက်နဲ့ဖောက်တဲ့ သဘာဝကျကျဟာသတွေနဲ့ ခွီနေရမယ့်ဇာတ်ကားတစ်ကားပါ။ သစ်ရွက်လှုပ်တာတောင်ရယ်ချင်လောက်အောင်
စိတ်ကစားတတ်စ လူပျိုပေါက်လေးရဲ့စိတ်ကူးယဉ်အိမ်မက်တွေကို သရုပ်ဖော်ပြတဲ့နေရာတွေမှာတော့ အောက်စလေးလွတ်တာမြင်ရမြင်ရ
အနားကပင့်သက်လေးရှိုက်ရရှိုက်ရတကူးတက ကြိုးစားကြတဲ့ပုံတွေကိုမြင်ရင် ဒိုင်နာကားပေါ်တက်လို့လှစ်ကနဲပေါ်လာတတ်တဲ့ခြေသလုံးသားဝင်းဝင်းလေးတွေလောက်ကို
လက်ဖက်ရည်ဆိုင်က အံကြိတ်ငေးခဲ့ရတဲ့ ကျွန်တော်တို့ဆီက ကာလသားကြီးတွေလဲကိုယ်ချင်းစာမိကြမှာပါ။

ဘယ်လိုပဲဖြစ်ဖြစ် ဒီဇာတ်ကားဟာ ၁၉၇၃ ခုနှစ်မှာ နာမည်အကြီးဆုံး အီတလီဇာတ်ကားအဖြစ်စာရင်းဝင်ခဲ့ပြီး အကောင်းဆုံးမင်းသမီးဆုဇာတ်ပို့ဆုတွေပါထိုက်ထိုက်တန်တန်ရရှိခဲ့တဲ့ အခုချိန်ထိလဲ နာမည်အကြီးဆုံးဇာတ်ကားစာရင်းမှာ ၁၁ ကားမြောက်အဖြစ်ရှိနေဆဲ ဂန္ဓဝင်ကားကြီးတစ်ကားဖြစ်ပါတယ်။

အရမ်းကွက်ကွက်ကွင်းကွင်းပြကွက်ကြီးတွေမပါပေမယ့် သရိုးသရီလေးတွေကိုအချိန်ဆွဲပြတာတွေ၊ စူးစမ်းတတ်စလူပျိုပေါက်တွေရဲ့ပြောစကားတစ်ချို့တွေရယ်ကြောင့်
၁၈ အပေါင်းဖြစ်ပါတယ်။

File size…(1.3 GB)/(580 MB)
Quality….BluRay 1080p/720p
Format…mp4
Duration….01:38:00
Subtitle….Myanmar Subtitle (Hardsub)
Encoder….Ka Naung
Translated by Alias



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

[18+] Malicious (1973) Malizia
[18+] Malicious (1973) Malizia
[18+] Malicious (1973) Malizia


No downloads available

Genres



Related movies