[18+] Fast Times at Ridgemont High (1982)
Fast cars, fast girls, fast carrots … fast carrots?![[18+] Fast Times at Ridgemont High (1982)](https://image.tmdb.org/t/p/w780/r7xf2vnAIgMDTndfnltfzqjNwqk.jpg)
![[18+] Fast Times at Ridgemont High (1982)](https://www.channelmyanmar.to/wp-content/uploads/2021/08/Fast-Times-at-Ridgemont-High-1982-Poster-stoner-movies-43219449-1000-1500.jpg)
Synopsis:
IMDb Rating (7.2)/Rotten Tomatoes (77%)
Simple is beautiful ဆိုတာ ဒါမျိုးပေါ့…
ဒီဇာတ်ကားက ဘာ Plot Twist မှ မပါဘဲ တကယ့်ကို ရိုးရိုးလေးတင်ဆက်ထားတာပါ…
ဒါပေမယ့် ရိုးလွန်းတဲ့အလှတရားတွေနဲ့ လူ့သဘောလေးတွေကို မြင်နေရတာ သိပ်သဘာဝကျပါတယ်…
လူသားတစ်ယောက်ရဲ့ ရပိုင်ခွင့် လွတ်လပ်ခွင့်တွေကို အများကြီးတန်ဖိုးထားပြီး တည်ဆောက်ထားတဲ့
အနောက်တိုင်းလူနေမှုဘဝကိုမြင်တွေ့ရတာလဲ အားကျကျေနပ်စရာပါ…
ဇာတ်ကားကြည့်နေစဉ်တစ်လျှောက်လုံး မျက်နှာကြီးပြုံးဖြီးနေအောင် ကျေနပ်စွာကြည့်ရှုရမယ့်
Teen Comedy Romance Drama ဇာတ်ကားလေးပါ။
ဒီဇာတ်ကားထဲမှာ တခြားနာမည်ကြီးတဲ့ ဝိသေသတွေရှိပါသေးတယ်…
ကြည့်နေရင်း နောက်ပြန်ရစ်လိုက် ပြန်ကြည့်လိုက်နဲ့
Pause လုပ် အခံရဆုံး ဇာတ်ကားတွေထဲကတစ်ကားအဖြစ် နာမည်ကြီးတာပါ။
ဒီထဲက မင်းသမီးနှစ်ယောက်လုံးရဲ့ တကယ့်ကို နုပျိုလှပတဲ့အရွယ်မှာ ရိုးရိုးရှင်းရှင်း အကုန်ချပြ ရိုက်ကူးထားတာကိုး။
မင်းသားရှောင်ပိန်းလဲပါတယ်..တခြားနာမည်ကြီးတွေလဲပါတယ်..ပါဆို နီကိုလပ်ကေ့ချ်တောင် ဖြတ်လျှောက်ပါသေးတယ်။
ဇာတ်လမ်းကိုအနည်းငယ်ပြောရမယ်ဆိုရင်..
ဒီရုပ်ရှင်ထဲက အဓိကဇာတ်ကောင် Stacy ဆိုတဲ့ကောင်မလေးက ချိန်းတွေ့တဲ့နေရာမှာ အတွေ့အကြုံမရှိသူပီပီ
ချိန်းတွေ့တဲ့အတွေ့အကြုံကို အရမ်းခံစားဖူးချင်နေတဲ့သူပါ။
ဒါကြောင့် အဲ့ဒီနယ်ပယ်မှာကျွမ်းကျင်တဲ့ သူငယ်ချင်းရဲ့အကြံပြုချက်အတိုင်းလိုက်နာရင်း
၃ ပွင့်ဆိုင်အချစ်ဇာတ်လမ်းထဲသို့ ကျရောက်သွားပါတော့တယ်။
အိမ်မှာ အဖေတို့ အမေတို့ ဦးလေးတို့က
ငါတို့ခေတ်တုန်းက ကျောင်းတက်ရင်ဘယ်လိုပညာရှာတာ
ဘယ်လိုတည်တည်တန့်တန့်နဲ့နေတာ စသည်ဖြင့်ကြွယ်လာရင်
ဒီဇာတ်ကားသာ ပြန်ပြပြီး အမေတို့ခေတ်ကကြမ်းတာ သားတို့လိုက်မမှီပါဘူးလို့ ပြောပြလို့ရပါတယ်။
ကဲ….သူများနိုင်ငံတွေကို အားကျကြည့်ကြပါစို့။
File size…(1.5 GB)/ (900 MB)/ (400 MB)
Quality…BluRay Remaster 1080p /720p / 480p
Format…mp4
Duration….01:31:00
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung
Translated by Nay Lin Thar
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။