Blonde (2022)
===========
IMDb Rating – 6.2/10
ကဲ Biography ဒရာမာရုပ်ရှင်လေးကြည့်ရအောင်။ နာမည်ကျော်
ရုပ်ရှင်မင်းသမီး မယ်ရီလင် မွန်ရိုးရဲ့အကြောင်းပါပဲ။ မွန်ရိုးဟာ သမိုင်း
တလျှောက် နာမည်အကြီးဆုံး လွှမ်းမိုးမှုအရှိဆုံး ရုပ်ရှင်မင်းသမီးတွေ
ထဲကတစ်ယောက်ပါပဲ။ ၁၉၅၀-၆၀ ကာလများရဲ့ လိင်ဆွဲဆောင်မှုအရှိဆုံး
အမျိုးသမီးအဖြစ်လည်း သတ်မှတ်ကြပါတယ်။
မွန်ရိုးဟာ နာမည်ကျော်ကြားသလောက် ဘဝအစမလှပခဲ့သလို ဘဝ
ဇာတ်သိမ်းလည်းမလှပခဲ့ပါဘူး။ မိဘမဲ့ဂေဟာကနေ အနုပညာလောက
ထဲကိုဝင်လာပြီး ၁၆ နှစ်နဲ့အိမ်ထောင်ကျခဲ့တယ်။ အိမ်ထောင်သုံးဆက်အထိ
ရှိခဲ့ပြီး။ ကြားထဲမှာလည်း အမေရိကန်သမ္မတ ဂျွန် အက်ဖ် ကနေဒီနဲ့ အပါအဝင်
မရေတွက်နိုင်တဲ့ ကောလဟာလတွေ အများကြီးရှိခဲ့သူလည်းဖြစ်ပါတယ်။
အဲဒီတုန်းက မွန်ရိုးဟာ တစ်နိုင်ငံလုံးရဲ့ အိပ်မက်မင်းသမီးဖြစ်ခဲ့တာပါ။ သူ့ရဲ့
ဂါဝန်လေးလေလွင့်နေတဲ့ပုံဟာလည်း သမိုင်းဝင်လောက်အောင်ကို ကျော်ကြား
ခဲ့တာပါ။ မွန်ရိုးဟာ အသက် ၃၆ နှစ်အရွယ်မှာ ဆေးလွန်သေဆုံးခဲ့ပြီး ဒါကို
မတော်တဆမှုအဖြစ်ဖော်ပြခဲ့ပေမဲ့ လူပေါင်းများစွာက ကိုယ့်ကိုယ်ကိုယ်သတ်
သေတယ်လို့ ယူဆခဲ့သလို လုပ်ကြံခံရတယ်ဆိုတဲ့ ထင်ကြေးတွေလည်းပေါ်
ပေါက်ခဲ့ပါတယ်။ ဒါပေမဲ့ သူကို ဟောလိဝုဒ်ရွှေခေတ်ရဲ့ အကျော်ကြားဆုံး
မင်းသမီးစာရင်းမှာ နံပါတ်-၆ နေရာမှာ သတ်မှတ်ထားခဲ့တုန်းပါပဲ။ နံပါတ်တစ်
ကတော့ Little Women (1933) မင်းသမီး ကတ်သရင်းဟိဘန်းပါပဲ။
ဒီရုပ်ရှင်ကတော့ မွန်ရိုးရဲ့ အတ္ထုပ္ပတ္တိဆိုတာထက် ကောလဟာလတွေကိုရော
တကယ့်အခိုင်အမာအဖြစ်အပျက်တွေကိုရော ရောမွှေပြီး စိတ်ကူးယဉ်ရေးသား
ထားတဲ့ဇာတ်လမ်းနဲ့ပိုတူပါတယ်။ မွန်ရိုးနေရာမှာသရုပ်ဆောင်ထားတဲ့ မင်းသမီး
အန်နာဒီအားရ်မက်စ်ကိုတော့ ပရိသတ်တွေ Knives Out, No time to die, blade
runner, knock knock တို့လို ရုပ်ရှင်ကြီးတွေမှာ ရင်းနှီးပြီးသားဖြစ်မှာပါ။ ဗင်းနစ်
ရုပ်ရှင်ပွဲတော်မှာ ၁၄ မိနစ်ကျော် အားလုံးမတ်တပ်ရပ် လက်ခုပ်တီးပေးခဲ့တဲ့အထိ
ပြောင်မြောက်တဲ့ ရုပ်ရှင်လို့လည်းပြောကြပါတယ်။ ဒါပေမဲ့ ရုပ်ရှင်ပွဲတော်တွေကတော့
ဘာကားလာလာ မတ်တပ်ရပ်တီးနေကျဆိုတော့ အဲဒီအတွက်တော့ အရမ်းမကိုး
ကားတော့ပါဘူး။ ဒါပေမဲ့ ဘယ်လိုအနုပညာဆန်ဆန်ရိုက်ကူးပြီး ဘယ်လိုပီပြင်အောင်
သရုပ်ဆောင်ထားလဲဆိုတာတော့ ကိုယ်တိုင်ကြည့်ရှုနိုင်ပါတယ်။ မင်းသားကြီး ခရစ်စ်
အီဗန်ကတော့ အန်နာကို ဒီကားနဲ့ အော်စကာရရချည်သေးရဲ့လို့ ချီးကျူးသွားပါတယ်။
နောက်ဆုံးသတိပေးချင်တာကတော့ အန်နာရဲ့ အိပ်ရာခန်းတွေ တုံးလုံးခန်းတွေ တစ်ခန်း
ထက်မနည်းပါဝင်နေတာမို့ မိသားစုနဲ့ကြည့်ဖို့မသင့်တော်ဘူးဆိုတာပါပဲ။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်)
File Size……….(2.11 GB) / (920 MB)
Quality…………WEB-DL 1080p / 720p
Duration………2Hrs 46mins
Subtitle………..Myanmar Hardsub
Format…………MP4
Genre…………..Biography, Drama, Romance
Translator…….Mr.Anderson
Encoder……….SWM
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။


![[17+] Blonde (2022)](https://image.tmdb.org/t/p/w300/o5Uy3zM1SNxzoMwy5H04GQAmfNF.jpg)
![[17+] Blonde (2022)](https://image.tmdb.org/t/p/w300/oKOmdsVmUkbI4IUJfiNFjPdggj4.jpg)
![[17+] Blonde (2022)](https://image.tmdb.org/t/p/w300/sUZ7qg9fL1iSGuX8L2onqObgxdX.jpg)
![[17+] Blonde (2022)](https://image.tmdb.org/t/p/w300/aJiXpQxvZ3qDjVGtlOW3t2DaPOn.jpg)
![[17+] Blonde (2022)](https://image.tmdb.org/t/p/w300/sdirxnHDdRmrM55mWfLCFeMdRSn.jpg)
![[17+] Blonde (2022)](https://image.tmdb.org/t/p/w300/sJU3HRjR6rlsuxnv6VlQAlHdcOt.jpg)
![[17+] Blonde (2022)](https://image.tmdb.org/t/p/w300/alTGpD8XcuoOMyDmTVkVlS5kqMx.jpg)
![[17+] Blonde (2022)](https://image.tmdb.org/t/p/w300/pd5ectka5fHrJLTD2fAXVjVC0xK.jpg)
![[17+] Blonde (2022)](https://image.tmdb.org/t/p/w300/zJI4f8uTlbQN2aZZBhG8WRN723Y.jpg)
![[17+] Blonde (2022)](https://image.tmdb.org/t/p/w300/xqOmHKlCS1aEJcNw92NgpgezvE4.jpg)
![[17+] Blonde (2022)](https://image.tmdb.org/t/p/w300/ebejqv4ExsjwN6zPszUFapCmBQH.jpg)
![[17+] Blonde (2022)](https://image.tmdb.org/t/p/w300/kjlwScavDUEbneeeN8ypL8eJktC.jpg)
![[17+] Blonde (2022)](https://image.tmdb.org/t/p/w300/uLR5AT6YoLyzC3lhORgAZCB76Sf.jpg)





























