13 Hours: The Secret Soldiers of Benghazi (2016)
Imdb rating 7.1/10
၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ Transformers ကားတွေရဲ့ ဒါရိုက်တာ Michael Bay ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဖြစ်ပါတယ်။
အမျိုးအစားက action / war ဖြစ်ပြီး ၂၀၁၂ ခုနှစ် လစ်ဗျားမှာ ဖြစ်ပွားခဲ့တဲ့ တကယ့်ဖြစ်ရပ်မှန်ကို အခြေခံပြီးရိုက်ကူးထားတဲ့ ဇာတ်ကားလည်းဖြစ်ပါတယ်။
Michael Bay ရဲ့လက်ရာမလို့ တိုက်ပွဲတွေ ပစ်တာခတ်တာတွေ ဆက်တင်ပိုင်းတွေ အလွန်ပီပြင်ပြီး အပြင်ကအတိုင်း ကြမ်းတယ် တကယ်ရိုက်ပြနိုင်တယ်ဆိုပြီး ချီးကျူးခံခဲ့ရပါတယ်။
John Krasinski က အဓိကဇာတ်ကောင် Jack Silver အဖြစ်သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းအကျဥ်းကတော့ ၂၀၁၂ ခုနှစ်မှာ ကဒါဖီ ပြုတ်ကျပြီးနောက် လစ်ဗျားနိုင်ငံ ဘင်ဂါဇီမြို့ဟာ ကမ္ဘာ့အန္တရာယ်အရှိဆုံး နေရာတွေထဲကတစ်ခုဖြစ်လာပါတယ်။
ဘင်ဂါဇီမြို့မှာ တရားဝင်မဟုတ်တဲ့ အမေရိကန်သံတမန်ရုံးတစ်ခုရှိပြီး အဲဒီသံတမန်ရုံးနဲ့ တစ်မိုင်တောင်မဝေးတဲ့ နေရာမှာ Annex လို့ခေါ်တဲ့ စီအိုင်အေလျှို့ဝှက်စခန်းရှိပါတယ်။
Jack Silver ဟာ နေဗီဆီးလ်တပ်ဖွဲ့ဝင်ဟောင်းဖြစ်ပြီး စီအိုင်အေဝန်ထမ်းတွေရဲ့ လုံခြုံရေးအတွက်
ပုဂ္ဂလိက လက်နက်ကိုင် ကန်ထရိုက်တာအဖြစ် တာဝန်ထမ်းဆောင်ပေးဖို့ လစ်ဗျားကို ရောက်ရှိလာပါတယ်။
အဲဒီအချိန်မှာပဲ အမေရိကန်သံအမတ် လစ်ဗျားကို ရောက်ရှိလာပြီး ဘင်ဂါဇီမြို့က သံတမန်ရုံးမှာ တည်းခိုနေပါတယ်။
9-11 နှစ်ပတ်လည်နေ့ဆိုပြီး စက်တင်ဘာ ၁၁ ရက်နေ့ညမှာပဲ လစ်ဗျားစစ်သွေးကြွများက သံတမန်ရုံးနဲ့ စီအိုင်အေစခန်းကို အင်အားအများအပြားနဲ့ တိုက်ခိုက်သိမ်းပိုက်ဖို့ကြိုးစားရာကနေ
Jack Silverတို့ရဲ့ ၆ ယောက်ပဲ အဓိကပါရှိတဲ့ လုံခြုံရေးအဖွဲ့အနေနဲ့ အင်အားလုံးဝမမျှတဲ့ကြားက ၁၃ နာရီကြာ ခုခံမှုကြီးအတွက် ပြင်ဆင်ရပါတော့တယ်။
Michael Bay ရဲ့ထုံးစံအတိုင်း non-stop အက်ရှင်ဖြစ်တဲ့အပြင် battle sequences တွေကလည်း လှပသပ်ရပ်တာမို့ စစ်ကားကောင်းကြည့်လိုသူများ
၂ နာရီခွဲကျော်ကြာမြင့်အောင် စိတ်ကြိုက်ထိုင်ကြည့်ရမယ့် ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။
(ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Wolfenheim မှ တင်ဆက်ထားပါတယ်။)
File size…(8.1 GB)/(2.5 GB )/(1.5 GB)
Quality….BluRay 4K HEVC/ 1080p / 720p
Format…mkv/mp4
Duration….02:24:27
Subtitle….Myanmar Subtitle (Hardsub)
Encoder….Ka Naung
Translated by Wolfenheim
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။